မြေရှိမှရှင်သန်နိုင်မယ်ဆိုတဲ့ လက်ပံတောင်းတောင် ဒေသခံများ

Monday, May 26, 2014

 ~



လက်ပံတောင်းတောင် စီမံကိန်းကြောင့် မြေတွေ သိမ်းဆည်းထားတာကို ၃ နှစ်ကျော်အထိ တိုက်ပွဲဝင်နေကြတဲ့ ဆည်တည်း၊ ဇီးတော၊ မိုးကြိုးပြင်၊ တုံရွာ စတဲ့ ဒေသခံတွေက ... သူတို့ရဲ့ဘ၀ ရှင်သန်မှုက မြေရှိမှဖြစ်မှာ လို့ ပြောပါတယ်။


  မိုးရာသီရောက်လာတဲ့အတွက်   ထွန်ယက်မှု အစပြုနေတဲ့  ဒေသခံတဦးကို မနေ့က အခုလို တွေ့ရပါတယ်  (ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)

 ~

လျော်ကြေးငွေ ပေးတယ်ဆိုတာကလည်း အချိန် အကန့်အသတ်တခု အတွင်းမှာ ကုန်ဆုံးသွားနိုင်ပါတယ် တဲ့။

 အဲဒီလို တိုက်ပွဲဝင် နေကြပေမယ့် သူတို့ရဲ့ဘ၀ ရပ်တည်မှုအတွက်ကို ဒီယာတွေပေါ် စိုက်ပျိုးရေး
လုပ်မှဖြစ်မယ့်အတွက် မိုးရာသီရောက်လာချိန် စိုက်ပျိုးရေးလုပ်ငန်း ပြန်စတင်ဖို့ ပြင်ဆင်နေကြပါပြီ။

  ဒေသခံများရဲ့ လက်ရှိအခြေအနေ၊ မြင်ကွင်းများကို တင်ပြလိုက်ပါတယ်။

ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ

ဒီမြင်ကွင်းတွေကို ဧရာဝတီဖေ့စ်ဘုတ်မှာ မနေ့က ဖော်ပြရာမှာ စာဖတ်သူ အများအပြားက မှတ်ချက်မျိုးစုံပေးကြတာ တွေ့ရမှာပါ။ မှတ်ချက်တွေထဲက တချို့ကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

စီမံကိန်းက စီးပွားဖြစ်လုပ်ငန်းတစ်ခုအဖြစ် ရှင်သန်နေတယ့်ဆိုလျှင် ရွာခံလူထု စားဝတ်နေရေး အဆင်ပြေ နောင်ရေး အေးချမ်းအောင် ဘာကြောင့်မဆောင်ရွက်နိုင်ပါသလဲလို့ အာဏာပိုင်တွေကို မေးမြန်းချင်ပါတယ်။ အစိုးရအနေဖြင့် နယ်ခံတွေ့ရဲ့ ဘ၀ အဆင်ပြေချော့မွေ့အောင် မလုပ်ပေးနိုင်တာကိုက အလွန်ဆိုးရွားလွန်းတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တစ်ခုပဲ


 ခေတ်သစ်အာဏာရှင်စစ်ချစ်တီးတေ တော်လှန်ကြ


တစ်နိုင်ငံလုံး,အတိုင်းအတာ နဲ့ကန့် ကွက်ရမှာပါ


 တောင် သူလယ်သမားတွေရဲ့ဘဝရပ်တည်မူ့ကို လက် ရှိလူကြိးတွေနားမလည်ဘူး


၃နှစ်ကျော်တိုက်ပွဲဝင် ခဲ့တဲ့ရွာသားတွေကိုအရမ်းလေးစားတယ်
 
တနင်္ဂနွေနေ့က တွေ့ရတဲ့ ဆည်တည်းရွာလမ်းမတနေရာ
လက်ပံတောင်းတောင်စီမံကိန်းအရေး တိုက်ပွဲဝင်နေတဲ့ ကျေးရွာများမှာ  ရွာလုံခြုံရေးအတွက် အမျိုးသားတိုင်း အလှည့်ကျ ကင်းစောင့်ကြတာကို  တနင်္ဂနွေညက ဒီလို တွေ့ရပါတယ်
ကင်းစောင့်သူများ
ကင်းစောင့်သူများ
လက်ပံတောင်းတောင်စီမံကိန်းအနီး  ထန်းသီးခုတ်ပြီးပြန်လာတဲ့  ဒေသခံနှစ်ဦး
ဆည်တည်းရွာထဲက ဈေးရောင်းဈေးဝယ်
ဒေသခံတချို့က နေရာ ပြောင်းမပေးတဲ့အပြင် အိမ်ကို အကြီးစားပြင်ဆင်မှုတွေ လုပ်နေကြပါတယ်
လှည့်ကင်း
 ကင်းစောင့်သူတဦး
လေးခွကိုင်ပြီး ကင်းစောင့်သူတဦး
သောက်သုံးရေအတွက် ကန်ရေကို အားထားရပါတယ်
လက်ပံတောင်းတောင်စီမံကိန်းကို ကန့်ကွက်တဲ့  တနင်္ဂနွေနေ့ ကျိန်စာတိုက်ပွဲက ပြန်လာတဲ့ ဒေသခံများ
မုံရွာမြို့ဘက်ကနေ မြင်ရတဲ့ လက်ပံတောင်းတောင်

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved