ကျခဲ့ရတဲ့ မျက်ရည်တွေ ...
ရှုံးဆုံးခဲ့တဲ့ အခွင့်အရေးတွေ ...
မှေးမှိန်ခဲ့ရတဲ့ အလင်းတွေ ...
မည်းညစ်နေတဲ့ ကျောမွဲတွေ ...
ညှိုးနွမ်းနေတဲ့ သူတို့ရဲ့ မျက်နှာတွေ ...
နံရိုးကိုင်းနေတဲ့ ကလေးတွေ ...
ဗိုက်နှိပ်ပြီး ငိုနေတဲ့ကလေးတွေ ...
ပညာအတွက် သင်ပုန်းမဲ့ ဘ၀တွေ ...
ဝမ်းစာအတွက် ခွက်စုတ်နဲ့ ဘ၀တွေ ...
အချိန်တန် အိမ်မပြန်နိုင်သေးတဲ့ ညဥ့်ငှက်ကလေးတွေ ...
သြော် ... သူတို့တတွေကို ညှိုးနွမ်းစေလို့ ... ဘယ်သူတွေကများ ဖန်းဆင်းနေပါလိမ့် ... ။
အဉ္ဇလီ
0 comments :
Post a Comment