ရန်ကုန်မှာဖွင့်မယ့် စာနယ်ဇင်းသင်တန်း

Tuesday, May 27, 2014

 ~



ဆရာ မောင်ဝံသ အစပြု တည်ထောင်ခဲ့တဲ့ စာနယ်ဇင်းသင်တန်းကျောင်းက သင်တန်းတက်လိုသူတွေကို ဖိတ်ခေါ်နေပါပြီ။

ဖိတ်ခေါ်စာကို ကူးယူ ဖော်ပြလိုက်ပါတယ်။

 
Center For Myanmar Media Development Journalism School (CMMD)
မောင်ဝံသ သတင်းပညာသင်တန်း
အပတ်စဉ် (၁၀) အမည်စာရင်းပေးသွင်းနိုင်ပြီ။

၂၀၁၁ခု သြဂုတ်လမှစတင်၍ သတင်းစာဆရာ မောင်ဝံသ စတင်တည်ထောင်ခဲ့သော Center for Myanmar Media Development Journalism School (CMMD) က ကြီးမှူး ဖွင့်လှစ်သည့် မောင်ဝံသ သတင်းပညာ သင်တန်းသည် ၂၀၁၄ ခု မေလ ၁၀ ရက်နေ့တွင် အပတ်စဉ် (၉) သင်တန်းဆင်းပွဲအထိ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါပြီ။

မောင်ဝံသ သတင်းပညာသင်တန်းသည် စတင်ဖွင့်လှစ်ချိန်မှ ယနေ့အထိ သတင်းကို စိတ်ဝင်စားသောလူငယ်မျိုးဆက်သစ် သတင်းပညာဖြင့် အသက်မွေးမည့် ၀မ်းစာဖူလုံသင့်သလောက် ဖူလုံသည့် သတင်းထောက်ကောင်းလူငယ်များကို အဆက်မပြတ် မွေးထုတ်ပေးလျက်ရှိခဲ့ရာ ယနေ့အချိန်ထိ သတင်းလောကတွင် ကျင်လည်နေသည့် သတင်းထောက်ပေါင်း (၁၀၀) ခန့် ရှိနေပေပြီ။
ယခု ထပ်မံ၍ သင်တန်းအပတ်စဉ် (၁၀) ကို ၂၀၁၄ ခုနှစ် ဇွန်လ ၃၀ တွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။

သင်တန်းချိန်များမှာ

တနင်္လာမှ သောကြာအထိ နေ့စဉ် နံနက် ၉း၀၀ နာရီမှ ၁၀း ၀၀နာရီအထိ ပထမအချိန်၊

နံနက် ၁၀း ၁၅ နာရီမှ ၁၂း ၀၀နာရီအထိ ဒုတိယအချိန်အဖြစ် သတ်မှတ်ထားပါသည်။

အမည်စာရင်းပေးသွင်းလိုသူများသည် ဇွန်လ (၁၈) ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းရပါမည်။

လျှောက်လွှာများကို ဒေါင်းစာပေ၊ အမှတ် ၁၁၃(မြေညီ)၊ ၃၃လမ်း(လယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တွင် လာရောက် ယူ၍ ဖြည့်စွက်လျှောက်ထားနိုင်ပါသည်။

  • သင်တန်းနှင့်ပတ်သက်သည့်အချက်အလက်များ

(၁) မောင်ဝံသ ပြည်သူ့ခေတ် သတင်းပညာ သင်တန်းသည် ပညာဒါနသင်တန်း ဖြစ်ပါသည်။ ဝင်ကြေး/ ကျောင်းလခပေးရန်မလိုပါ။ သင်တန်းစည်းကမ်းများ လိုက်နာပြီး အချိန်မှန် တက်ရန်သာ လိုပါသည်။
သတင်းလုပ်ငန်း သို့မဟုတ် သတင်းဆက်စပ်လုပ်ငန်းဖြင့် ဘ၀ကို နှစ်မြှုပ် လုပ်ကိုင်မည့်သူများကို ဦးစားပေးလက်ခံသည်။

(၂) ထိုင်ခုံနေရာ အနေအထားအရ သင်တန်းတစ်ပတ်လျှင် လူ ၂၀ ဦးသာ လက်ခံနိုင်ပါသည်။ လက်ရှိ သတင်းဂျာနယ် မဂ္ဂဇင်းတိုက်များတွင် လုပ်ကိုင်နေသူများနှင့် ပြင်ပမှ လူသစ်များ ထက်ဝက်စီခန့် လက်ခံပါမည်။

(၃) စနေ၊ တနင်္ဂနွေနှင့် ရုံးပိတ်ရက်များ ပိတ်ပါသည်။ ယခု ဖွင့်မည့် သင်တန်းအပတ်စဉ် (၁၀) သည် ရက်သတ္တ ၈ပတ်ကြာမြင့်မည်။ (၂၀၁၄ ဇွန်လကုန်မှ ၂၀၁၄ သြဂုတ်လလယ်အထိ)။ သင်တန်းကို အချိန်မှန် တက်ရောက်ပြီး လက်တွေ့လေ့ကျင့်ခန်းများကို မပျက်မကွက် လုပ်ဆောင် တင်သွင်းသူများကိုသာ သင်တန်းဆင်း လက်မှတ်များ ပေးအပ်ပါမည်။

(၄) သင်တန်းဆရာများနှင့် ဟောပြောဆွေးနွေးမည့်သူများ- ဆရာ ဒေါက်တာ တင်လှိုင် (ဘိုးလှိုင်)၊ ဆရာကြည်မင်း (ကျော်စောမင်း)၊ ဆရာ ဦးအောင်ထွန်းဦး၊ ဆရာဦးဇေယျာလှိုင်၊ ဆရာ ဦးစည်သူအောင်မြင့်၊ ဘလော့ဂါ နေဘုန်းလတ်နှင့် အဖွဲ့၊ ဆရာ ဦးရဲအောင်သူ(ဓာတ်ပုံ)၊ ဆရာ ဦးဥာဏ်လင်း၊ ဆရာဦးကိုနီ (မောင်ကိုနီတရားရုံးချုပ်ရှေ့နေ)၊ Thinking Classroom Foundation မှ ဒေါက်တာသိန်းလွင်၊ ဆရာ ဦးဇော်မင်းလတ်၊ Ms. Ahsai၊ ဒေါ်သူသူမာနှင့် ပြည်ပ သတင်းအဖွဲ့အစည်းများမှ ဧည့်ပညာရှင်များ။

(၅) အဓိက ပို့ချချက်များ။

Basic Journalism & Interviewing in English.
Media Ethics & Media Laws.

Investigative Reporting.
Techniques of News Writings

Online Media.
Photo Journalism.

Commentary & Feature writing
Government & Governance

အသေးစိတ်စုံစမ်းလိုလျှင် သင်တန်းမန်နေဂျာ - ဒေါ်လတ်လတ်စိုး (ဖုန်း ၀၉ ၄၂၈၁ ၉၉၇၃၃) နှင့် သင်တန်းအတွင်းရေးမှူး - မဖြူမေခင် (သဲသဲ) (ဖုန်း ၀၉ ၄၀၂၅၅ ၈၆၈၅) သို့ မေးမြန်းနိုင်ပါသည်။
email ဖြင့် အမည်စာရင်းပေးသွင်းလိုလျှင် lattlatt1970@gmail.com (or) phyumaykhin@gmail.com သို့ ပေးပို့နိုင်ပါသည်။
  • ဆက်သွယ်ရန် လိပ်စာ
ဒေါင်းစာပေ၊ အမှတ် (၁၁၃)၊ မြေညီထပ်၊ ၃၃ လမ်း (အလယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved