skip to main
|
skip to sidebar
Top Menu
HOME
VIDEO
BURMESE
ENGLISH
Facebook
RSS Feed
Twitter
ပျော်ရာ တော်ရာမှာ မနေရသူများ
Saturday, May 10, 2014
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာရှိတဲ့ အဆင့်မြင့် အဆောက်အဦ တခုမှာ လုပ်ငန်းဝင်နေကြတဲ့ မြန်မာရွေ့ပြောင်း အလုပ်သမားတွေပါ။ ထိုင်းနိုင်ငံမှာ နေလာတာ ကြာပြီဆိုတော့ လုပ်ငန်း အတွေ့အကြုံတွေက အတော်လေးကို ရှိနေကြပြီ။နေ့စား လုပ်သားကနေ ကန်ထရိုက် ဆွဲတဲ့အထိ လုပ်ရည် ကိုင်ရည်က အယောက်တိုင်းမှာ ရှိနေကြတာပါ။ ဒါပေမယ့် ဝင်ငွေ ရတာများပေမယ့် ထိုင်း လုပ်ငန်းရှင်တွေက လုပ်ငန်းခွင် ပြီးသလောက် လွယ်လွယ်နဲ့ ငွေမရှင်းပေးတာက သူတို့အတွက် စိတ်ပျက်စရာ ဖြစ်သလို တခါတလေ ထမင်းစားဖို့တောင် ပိုက်ဆံမရှိဘူးလို့ ညည်းနေကြပါရဲ့။ သူတို့ထဲက ခေါင်းဆောင်ဖြစ်သူက “ကျတော်တို့ မြန်မာနိုင်ငံမှာ လုပ်ရရင်တော့ ဘယ်ပြောကောင်းမလဲ တဲ့ဗျာ။ ခက်တာက ကျတော်တို့ နိုင်ငံမှာ အလုပ်မှ မရှိတာ။ ထိုင်းနိုင်ငံပဲ ပြန်လာရမှာဘဲ။ ဟိုမှာ အများဆုံး နေနိုင်ရင် တလပေါ့ဗျာ” တဲ့။ (ဓာတ်ပုံ - ငြိမ်းဇော် / ဧရာဝတီ
ငြိမ်းဇော်
Posted in:
သိကောင်းစရာ
0 comments :
Post a Comment
« Newer Post
Older Post »
Home
Subscribe to:
Post Comments ( Atom )
ဘလော့ဂ် အကြောင်း
ဧရာဝတီ ဘလော့ဂ်
ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
ရုပ် / သံ
တပတ်အတွင်း အဖတ်အများဆုံး
လူလယ်ခေါင်မှာ အတွင်းခံအ၀တ်အစားများ ထုတ်လှန်းရတာ တရုတ်ခရီးသွားတွေ နှစ်သက်သလား
photo - Appledaily ဟောင်ကောင်မြို့ Disneyland ပန်းခြံ တနေရာရဲ့ လမ်းမ လက်ရမ်းတွေပေါ်မှာ တရုတ်ပြည်မကြီးမှ အမျိုးသမီးတဦးဟာ သူ့ရဲ့ အတွင်းခ...
ဖားမင်းဆွေ၏ အံ့မခန်း ရိုက်ပေါက်များ
- စစ်အစိုးရ အကြိုက် ဆောင်းပါးတွေ ရေးလေ့ရှိတဲ့ ငါးမင်းဆွေ (ဖားမင်းဆွေလို့လည်း နောက်ပြောင်ခေါ်ကြတယ်။ ဖားလွန်းလို့တဲ့) ဟာ ဒီနေ့ ၁၁ နာရီက NL...
၁၀ တန်း အောင်စာရင်း အွန်လိုင်းက ကြည့်ကြမယ်
၂၀၁၂ စာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်း ( ဆယ်တန်း) ဖြေဆိုထားသူများနဲ့ ကျောင်းသား မိဘတွေ အနေနဲ့ အောင်စာရင်းကို အွန်လိုင်းကနေ ကြည့်လို့ ရတော့မှာဖြ...
မြို့မေတ္တာခံယူမယ့် ဖားမင်းဆွေ
ဖားမင်းဆွေရဲ့ ဓာတ်ပုံလေးတွေပါ။ NLD ရုံးရှေ့မှာ အခုလို ဆန္ဒဖော်ထုတ်နေပါတယ်။ သူ့ဆောင်းပါးတွေ ဒေါ်အောင်ဆန်းစုကြည်က မဖတ်လို့တဲ့။ သေချာစဉ်းစားကြည...
NLD မဲဆွယ်ပွဲအတွက် ဟစ်ပ်ဟော့ပ် သီချင်း တပုဒ်
~ မြန်မာပြည် ဟစ်ပ်ဟော့ပ်ရေစီးကြောင်းရဲ့ ပထမမျိုးဆက်တွေဖြစ်တဲ့ ဇေယျာသော်၊ ရန်ရန်ချန်း နဲ့ အနဂ္ဂ တို့ မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်န...
နေ့စဉ်သတင်းလွှာမှာယူရန်
ကွန်မန့်များ
ကဏ္ဍများ
Car
IT
Trends
Youth
ကျန်းမာရေး
စားသောက်ဆိုင်
ဓာတ်ပုံ
ဖက်ရှင် နဲ့ အလှအပ
ဗဟုသုတ
ဘာသာပြန်
သတင်း
အင်တာဗျူး
အစားအသောက်
အနုပညာ ရပ်ဝန်း
ထွေထွေရာရာ
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved
0 comments :
Post a Comment