ရန်ကုန်မှာတွေ့ရမယ့် Hip Hop ပွဲကြီး နှစ်ခု

Tuesday, May 27, 2014

 ~



 ~ ရန်ကုန်က Hip Hop ပွဲ ကြည့်ချင်တဲ့ ပရိသတ်အတွက်ရော အဆိုတော်များအတွက်ပါ အခက်အခဲတခု ရှိနေပါတယ်။

အဲဒါကတော့ ရန်ကုန်မှာလုပ်မယ့် Hip Hop ပွဲကြီး နှစ်ခုက အချိန် သွားတိုက်ဆိုင်နေလို့ပါပဲ။
လာမယ့် စနေညနေ ၅း၀၀ ဝန်းကျင်။

တနေရာက ကန်တော်ကြီး မျှော်စင်ကျွန်း၊ နောက်တနေရာကတော့ ရန်ကုန်ပြည်သူ့လွှတ်တော်ဝန်းထဲက Myanmar Event Park ဆိုတဲ့ နေရာမှာပါ။
(MEP ဆိုတာ ရှင်စောပုကားရပ်နားကွင်းဘေးက ဧရာမ ရွက်ဖျင်တဲကြီးပါ။ ရှင်စောပုလမ်းထဲကနေ ဝင်ရပါမယ်။ ဘတ်စ်ကားနဲ့ သွားမယ် ဆိုရင် မြေနီကုန်းမှတ်တိုင်မှာ ဆင်းပါ)

MEP က မိုးလုံလေလုံတယ်။ လေအေးစက်ရှိတယ်။

မျှော်စင်ကျွန်းကတော့ မိုးမလုံ လေမလုံ။ သို့သော်လည်း .. ရွာခဲ့ရင် အမိုး မိုးပေးမယ်လို့ စီစဉ်သူက ပြောဆိုကြောင်း တနင်္လာနေ့ထုတ် အလင်းတန်းဂျာနယ်မှာ ရေးထားပါတယ်။

Hip Hop စင်တင်တေးဂီတနှစ်ခုရဲ့ အစီအစဉ်က ဒီလိုပါ....

  


Hip Hop Party 2014 -  ကန်တော်ကြီး မျှော်စင်ကျွန်း။ လက်မှတ်တစောင်  ၆,၅ဝဝ

  • ဟစ်မယ့်သူများ
စိုင်းစိုင်းခမ်းလှိုင်၊  လွှမ်းပိုင်၊
ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေ၊
ရဲရင့်အောင်၊  ပိုပို၊
G-Tone,  Snare,
Bunny Phyoe, Boby Soxer,
X-Box Lil-Z,

DJ Wine, DJ Mickey, DJ Nyi Nyi

 


Hip Hop Shwe Time -   MEP,  လက်မှတ်တစောင်  ၆,၀ဝဝ

  • ဟစ်မယ့်သူများ
အနဂ္ဂ၊ ရန်ရန်ချန်း၊
ဘာဘူ၊ သားစိုး၊
ကြက်ဖ၊ ရသ၊
ဆိုင်ကလုန်း၊ ချမ်းချမ်း၊
အိမ့်ချစ်၊ ပိုပို၊
သားကြီး၊ ရဲနောင်၊
နန့်ချစ်နဒီဇော်၊ ဝိုင်းလေး၊ 
J-Me, G-Tone,
Ar-T, ASH,
YAK,


တချို့ အဆိုရှင်တွေ နှစ်နေရာလုံးမှာ ပါတယ်လို့ ကြော်ငြာတွေအရ သိရပါတယ်။
စင်ကူးပြီးဆိုဖို့ ပြင်ထားမယ်လို့ ယူဆရပါတယ်။

ဂီတအမျိုးအစားတူ ပွဲကြီးနှစ်ခု တချိန်တည်း ကျင်းပခြင်းဟာ မတော်တဆ တိုက်ဆိုင်မှုလို့
မျှော်စင်ကျွန်းပွဲစီစဉ်သူက ပြောဆိုကြောင်း တနင်္လာနေ့ထုတ် အလင်းတန်းဂျာနယ်မှာ ရေးထားပါတယ်။ 
 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved