သမ္မတရဲ့ သာသနာရေးအကြံပေး

Thursday, June 19, 2014

.

 


သမ္မတရဲ့ သာသနာရေးအကြံပေးက ဘယ်သူလိုလို ဘယ်ဝါလိုလို ဖြစ်နေတဲ့အကြောင်း ပြီးခဲ့တဲ့ရက်ပိုင်း လူပြောများပါတယ်။

ဒါဆိုရင်...ဒီလိုအလုပ်မျိုး ဘယ်သူဝင်လုပ်လုပ် ရတာပဲလို့ ယူဆချက်လည်း ထွက်ပေါ်လာပါတယ်။

သမ္မတအကြံပေးဆိုတဲ့ဆိုင်းဘုတ် ကိုယ့်အိမ်မှာ ချိတ်မယ်လို့ နောက်ပြောင်ပြောဆိုသံတချို့ ထွက်လာပြီး ရက်ပိုင်း အကြာမှာတော့ သမ္မတအကြံပေးနဲ့ ပတ်သက်ပြီး ဗဟိုအစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ချက် ထွက်လာပါပြီ။

သမ္မတ အကြံပေးအဖွဲ့ တိုးချဲ့ဖွဲ့စည်းတာနဲ့ အဖွဲ့ဝင် အဖြစ်ခန့်အပ်တာတွေကို သမ္မတရုံးက ယမန်နေ့ နေ့စွဲနဲ့ အမိန့်ထုတ်ပြန်ထားပါတယ်။ အပြည့်အစုံကို သမ္မတရုံး အင်တာနက်စာမျက်နှာကနေ ကူးယူ ဖော်ပြလိုက်ပါတယ်။

အပေါ်ပုံကတော့ သမ္မတကို ဘာသာ သာသနာဆိုင်ရာတွေ အကြံပေးမယ့်

သူရဦးမြင့်မောင် ဓာတ်ပုံ ဖြစ်ပါတယ်။
ဆက်စပ်
burma.irrawaddy.org/%E1%81%80_government/2013/01/17/31168.html

http://blog.irrawaddy.org/2012/02/blog-post_6467.html



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုအစိုးရအဖွဲ့
အမိန့်ကြော်ငြာစာ
(အမှတ် ၄၀/၂၀၁၄)
၁၃၇၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်
(၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်)


● နိုင်ငံတော်သမ္မတ၏ အကြံပေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းခြင်းနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း ●
ပြည်ထောင်စုအစိုးရအဖွဲ့၏ ၁၉-၄-၂၀၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၁) ဖြင့် ဖွဲ့စည်းခန့် အပ်တာဝန်ပေးထားသော နိုင်ငံတော်သမ္မတ၏ အကြံပေးအဖွဲ့များကို အောက်ပါအတိုင်း တိုးချဲ့ဖွဲ့စည်း၍ ယှဉ်တွဲပါ ပုဂ္ဂိုလ်များအား အကြံပေးအဖွဲ့အသီးသီးတွင် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်-


(၁) သူရဦးမြင့်မောင် (အငြိမ်းစားဝန်ကြီး) အဖွဲ့ခေါင်းဆောင်၊ သာသနာရေးအကြံပေးအဖွဲ့
(၂) ဦးစိန်ဝင်းအောင် (အငြိမ်းစားသံအမတ်ကြီး) အဖွဲ့ဝင်၊ သာသနာရေးအကြံပေးအဖွဲ့
(၃) ဒေါက်တာဒေါ်နုနုသာ (အငြိမ်းစားဆေးရုံအုပ်ကြီး) ကျန်းမာရေးအကြံပေးအဖွဲ့
(၄) ဒေါက်တာဒေါ်ရင်ရင်နွယ် (အငြိမ်းစားယူနီဆက်ဝန်ထမ်း) အဖွဲ့ခေါင်းဆောင်၊ ပညာရေးအကြံပေးအဖွဲ့
(၅) ဒေါက်တာကျော်ရင်လှိုင် အဖွဲ့ဝင်၊ ပညာရေးအကြံပေးအဖွဲ့
(၆) ဦးတင်ထွဋ်ဦး (အငြိမ်းစားညွှန်ကြားရေးမှူးချုပ်) အဖွဲ့ဝင်၊ စီးပွားရေးအကြံပေးအဖွဲ့





အမိန့်အရ
ဇော်သန်းသင်း
အတွင်းရေးမှူး
 ပြည်ထောင်စုအစိုးရအဖွဲ့












1 comments :

  1. Anonymous said... :

    အဲ့လူကြီးက သီတဂူ ဆရာတော် ရွှေညဝါဆရာတော် ပီနမ်ဆရာတော်တို့လို ဆရာတော်ကြီးတွေနဲ့လည်း အဆငိပြေပြီးး သံဃမဟာ နာယကအဖွဲ့ကလည်း လက်ခံတယ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved