မန္တလေးမြို့ပဋိပက္ခနဲ့ပတ်သက်ပြီး ဦးသိန်းစိန်မိန့်ခွန်းပြောမယ်

Monday, July 7, 2014

 ~






မန္တလေးမြို့ပဋိပက္ခနဲ့ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်ရဲ့ ရေဒီယိုမိန့်ခွန်းကို ဒီည (တနင်္လာည) ၈ နာရီမှာ ကြားရပါမယ်။


ဒီည ရေဒီယိုတွေကနေ လွှင့်မယ်၊ မနက်ဖြန်လည်း ၄ ကြိမ် ထပ်လွှင့်မယ်လို့ သမ္မတရုံးအွန်လိုင်းစာမျက်နှာမှာ ရေးပါတယ်။

 မြန်မာ့အသံ၊
မန္တလေး FM
ပဉ္စ၀တီ FM
ရွှေ FM
 ချယ်ရီ FM
ပတ္တမြား FM
FM ပုဂံ
သဇင်အသံလွှင့်ဌာန

 ဇူလိုင် ၇ တနင်္လာ
-  ည(၈)နာရီ

ဇူလိုင် ၈ အင်္ဂါ
- နံနက် (၇)နာရီ
- နေ့လယ် (၁၁)နာရီ
- ညနေ (၆)နာရီ
- ည(၈)နာရီ

အတိုက်အခံပါတီ NLD ကလည်း မန္တလေးမြို့ပဋိပက္ခနဲ့ပတ်သက်တဲ့ ကြေညာချက်တစောင်ကို ဒီကနေ့ ရက်စွဲနဲ့ ထုတ်ထားပါတယ်။ အဲဒါကို http://blog.irrawaddy.org/2014/07/nld_7.html မှာ ဖတ်နိုင်ပါတယ်။

ပြီးခဲ့သောရက်ပိုင်းအတွင်း မန္တလေးရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်တဲ့နားမှာ လုံခြုံရေးအဖွဲ့အစည်းတွေ ရှိသော်ငြားလည်း ပြဿနာ မတက်အောင် ထိန်းသိမ်းခြင်း မရှိဘူးလို့ ကြေညာချက်မှာ ရေးပါတယ်။

သို့သော်လည်း မန္တလေးအာဏာပိုင်တို့က NLD ရဲ့ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုကိုတော့  ခေါ်ယူသတိပေးတယ်၊ ပန်းရဲ့လမ်း ဂီတဖျော်ဖြေရေးအစီအစဉ်ကို ဟန့်တားခဲ့တယ် လို့ ထောက်ပြခဲ့ပါတယ်။

NLD ရဲ့ ထောက်ပြချက်နဲ့ ပတ်သက်ပြီး ဦးသိန်းစိန် မည်သို့မည်ပုံချေပမယ် သို့မဟုတ် လျစ်လျူရှုမယ် ဆိုတာကတော့ သူ့မိန့်ခွန်းထွက်လာရင် သိရမှာ ဖြစ်ပါတယ်။


 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved