ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူ ၃ သန်းကျော် လက်မှတ်ထိုးပြီးပြီ

Tuesday, July 1, 2014

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးမှာ အဓိက အဟန့်အတားဖြစ်နေတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်
ရေး သဘောထား ဆန္ဒ လက်မှတ်ထိုးထားသူ စုစုပေါင်း ၃ သန်း ကျော်သွားပြီလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ယမန်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ 


 ဖွဲ့စည်းပုံ ပြင်ဆင်ရေး NLD ရုံးတွင် လက်မှတ်ရေးထိုးကြစဉ်၊ ဓာတ်ပုံ- ဂျေပိုင်/ ဧရာဝတီ

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုကို ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ကနေ ဇူလိုင်လ ၁၉ ရက်နေ့ထိ ကောက်ခံဖို့ စီစဉ်ထားတာမှာ အခု ချိန်ထိ တိုင်းနှင့် ပြည်နယ် ၁၄ ခုဆီက ရရှိ ထားပြီး သား လက်မှတ်ထိုးစာရင်းမှာ ၃ သန်းကျော် ရှိနေပြီဖြစ်တာကို ထုတ်ပြန်ခဲ့တာပါ။ 

ဆက်လက်ပြီးတော့လည်း ဖွဲ့စည်းပုံ ပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆန္ဒ ပြု လက်မှတ် ကောက်ခံမှုကို NLD ၊ ၈၈ မျိုးဆက်နဲ့ ဒီမိုကရေစီ အင်အားစုတွေ ပူးပေါင်းကာ လုပ်ဆောင်နေတာဖြစ်ပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေလည်း နိုင်ငံတွင်း လှည့်လည်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်
ရေး လူထုဟောပြောပွဲတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။ 



အိမ့်သံစဉ် ~ 

ဆက်စပ်သတင်း 

NLD: Over 3 Million People Join Petition to Amend Charter











1 comments :

  1. Anonymous said... :

    Only 3 millions?
    So they are no more majority-supported opposition

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved