ဒီလိုနဲ့ ခြင်္သေ့လည်း ခြံထဲက လှောင်ချိုင့်ထဲမှာ မနေရတော့ပဲ အိမ်ထဲမှာပဲ နေလာတော့တယ်။ ပျော်ပျော် ပါးပါး ဆော့ကြ၊ ကစားကြနဲ့ ချစ်စရာ ကောင်းလှပါတယ်။
ခြသေ့င်္ဟာ အရွယ်ရောက်လာတော့ အရမ်း သန်မာထွားကြိုင်းလာခဲ့တော့လည်း သူ့သခင်တွေက ကြောင် တကောင် လိုပဲ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
ဒါပေမယ့် တနေ့မှာ လူတယောက်ကို ခြသေ့င်္က တိုက်ခိုက်လိုက်တယ်။ ခြသေ့င်္ရဲ့ သခင်တွေလည်း အသည်းအသန် ခြသေ့ကို ထိန်းသိမ်းလိုက်ရတယ်။ ကံကောင်းထောက်မစွာနဲ့ ခြင်္သေ့တိုက်ခိုက်ခံလိုက်ရတဲ့သူဟာ အနည်းငယ်ပဲ ဒဏ်ရာ ရသွားခဲ့တယ်။
ခြသေ့င်္ရဲ့ သခင်တွေလည်း ဒီတော့မှ သင်ခန်းစာရလိုက်ကြပြီး ခြသေ့င်္ကို လှောင်ချိုင့် ထဲမှာပဲ ပြန်ထည့်ထား ခဲ့ပါတော့တယ်။
သားရဲတိရစ္ဆာန် ခြသေ့င်္ဆိုတာ အချိန်မရွေး သူ့ဗီဇကပြလာနိုင်တယ်ဆိုတာ ဒီဖြစ်စဉ်က သက်သေထူနေ ပါတယ်။
သခင်တွေက အချိန်မီ သင်ခန်းစာမရခဲ့ရင် သူတို့ အသက်တွေရဲ့ ကံကြမ္မာဟာ မတွေးရဲစရာပါ။ ဒီပို့စ်လေးကတဆင့် ဧရာဝတီ ပရိသတ်လည်း သင်ခန်းစာ တခုခု ရနိုင်ပါစေ။
အိမ့်သံစဉ် ~
0 comments :
Post a Comment