အာဇာနည်နေ့ မြန်မာ့မီးရထား ဥဩဆွဲမည်

Friday, July 18, 2014

 ~





မနက်ဖြန် ကျရောက်မည့် ၆၇ ကြိမ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့်

မြန်မာ့မီးရထား စက်ခေါင်းရုံ ရှိသည့် အင်းစိန် စက်ခေါင်းရုံ နှင့် မလွှကုန်း စက်ခေါင်းရုံတွင် အာဇာနည်ခေါင်းဆောင်များ ကျဆုံးသည့် အချိန် မနက် ၁၀:၃၇ မိနစ်တွင် ဥဩဆွဲသွားမည်ဖြစ်ကြောင်း
မြန်မာမီးရထား စက်ခေါင်းရုံမှ တာဝန်ရှိသူတဦးက အတည်ပြုပြောဆိုသည်။
“၈၈ မတိုင်ခင်တုန်းက နှစ်စဉ် ဥဩဆွဲခဲ့ပါတယ်။
စစ်အစိုးရ တက်လာပြီးနောက်ပိုင်းမှာ မလုပ်ဖြစ်တော့ဘူး။ ဒီနှစ်ကတော့ ပြန်ပြီးတော့ ဥသြဆွဲ ရတာပေါ့။
ကျန် အစိုးရဌာနတွေလည်း လုပ်မယ်လို့ ကြားရပါတယ်”
ဟု ၄င်းက ဆိုသည်။


 
နန်းဆိုင်နွမ်
 


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved