မြန်မာပြည်ဖွား အမျိုးသမီး Alex Wagner ရဲ့ လက်ထပ်ပွဲ အိုဘားမားတက်မယ်

Sunday, August 31, 2014


 ~



အမေရိကန်ရုပ်သံလိုင်း  MSNBC ရဲ့ နာမည်ကျော် စီစဉ်တင်ဆက်သူတယောက်ဖြစ်တဲ့ Alex Wagner  က မြန်မာပြည်ဖွား အမျိုးသမီးပါ။

 
 
သူ အခု မင်္ဂလာဆောင်ပါပြီ။
 
သူ့မင်္ဂလာဆောင်ကို သမ္မတအိုဘားမားတို့ဇနီးမောင်နှံလည်း တက်ရောက်ပါမယ်။
ဘာကြောင့်လဲ ဆိုတော့ သတို့သားက အိမ်ဖြူတော်ရဲ့ စားဖိုမှူးကြီးဖြစ်နေလို့ပါပဲ။

သူတို့နှစ်ယောက် ပြီးခဲ့တဲ့နှစ်မှာ စေ့စပ်ကြောင်းလမ်းခဲ့ကြတာပါ။

အခုတော့ စနေနေ့မှာ မင်္ဂလာဆောင်ပါပြီ။

Alex Wagner ရဲ့ မိခင် ဒေါ်တင်ဆွေသန့်က အမေရိကန်မှာ အခြေချနေထိုင်တဲ့ မြန်မာပြည်ဖွား၊ ဖခင်ကတော့ အနောက်တိုင်းသား။

Alex Wagner နဲ့ Sam Kass တို့က အများအာရုံစိုက်တဲ့စုံတွဲ
ထဲ ပါဝင်ပါလိမ့်မယ်။

ရုပ်သံမှာ ပါတယ်၊ သမ္မတနဲ့ နီးစပ်တယ်၊ နှစ်လိုဖွယ်ရာကောင်းတယ် ဆိုတဲ့ အချက်တွေကြောင့်ပါ ဆိုပြီး The Vogue စာစောင် အွန်လိုင်းတနေရာမှာ ဖေဖော်ဝါရီလက ရေးထားပါတယ်။
http://www.vogue.com/1061155/this-is-our-youth-kenneth-lonergan မှာ အပြည့်အစုံဖတ်ပါ။

 


အွန်လိုင်းမီဒီယာအများအပြားမှာ သူတို့စုံတွဲအကြောင်း ရေးသားထားကြတာ အများအပြားပါပဲ။

ဒီနေ့ စနေနေ့ (အာရှမှာတော့ တနင်္ဂနွေနေ့) ဖြစ်တဲ့အတွက် မင်္ဂလာပွဲ အခမ်းအနား ပြီးသွားပြီလို့ ယူဆရပါတယ်။
သတို့သမီးက ၃၆ နှစ်။
သတို့သားက ၃၄။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန် ခရီးစဉ်အတွင်း အင်တာဗျူးတဲ့ မီဒီယာသမားထဲ Alex Wagner လည်း ပါဝင်ပါတယ်။
အဲဒီအကြောင်း Amnesty အဖွဲ့ရဲ့ ဘလော့စာမျက်နှာတခု  မှာ ဖတ်နိုင်ပါတယ်။

 



.

1 comments :

  1. Anonymous said... :

    မြန်​မာပြည်​ဖွားလား၊ မြန်​မာ​သွေး​နှေားတဲ့ မြန်​မာနွယ်​ဖွားလား။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved