ဘန်ကောက်အနီး ဆောက်လုပ်ဆဲတိုက်ပြိုကျ ၊ ၃ ဦး သေဆုံး

Tuesday, August 12, 2014

 ~



ဘန်ကောက်နဲ့ သိပ်မဝေးတဲ့ နေရာတခုမှာ တနင်္လာညနေပိုင်းက ဆောက်လက်စ ၆ ထပ်တိုက် ပြိုကျတဲ့အတွက် ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရသွားတယ်လို့  သိရပါတယ်။ 



  • ဓာတ်ပုံများ   - www.bangkokpost.com


ပသွန်ဌာနီခရိုင်ထဲက သန်ရာဘူရီမြို့မှာဖြစ်တယ်လို့ ဘန်ကောက်အခြေစိုက် သတင်းစာတချို့ရဲ့ အွန်လိုင်းစာမျက်နှာတွေမှာ ရေးပါတယ်။

 အပျက်အစီးပုံထဲ ပိတ်မိနေသူ အလုပ်သမား ၃၃ ဦး ရှိမယ်၊ သူတို့ကို ကယ်ဆယ်ရေးအဖွဲ့ ၆ ဖွဲ့ ဖွဲ့ပြီး ကူညီနေတယ်လို့ ကျန်းမာရေးဌာနအရာရှိကို ကိုးကားပြီး ဘန်ကောက်ပို့စ်မှာ ရေးပါတယ်။

အဲဒီထဲမှာ ထိုင်းနိုင်ငံသားက ၂၄ ဦး၊ တခြားနိုင်ငံသားက ၉ ဦးလို့ ဆိုပါတယ်။

(တခြားနိုင်ငံသား ၉ ဦး ဆိုတဲ့ထဲမှာ မြန်မာပြည်သားတွေ ပါဝင်ခြင်း ရှိမရှိကိုတော့ အဲဒီသတင်းတွေမှာ ရေးမထားပါ။ သေဆုံးသူ ၃ ဦး ဘယ်နိုင်ငံသားလဲ ဆိုတာလည်း ရေးမထားပါ။)

Engineering Institute of Thailand လို့ ခေါ်တဲ့ ထိုင်းအင်ဂျင်နီယာအဖွဲ့  ညွှန်ကြားရေးမှူးကတော့ အဆောက်အအုံပြိုကျတဲ့ဖြစ်ရပ်ဟာ အဆောက်အအုံပုံစံနဲ့ သုံးတဲ့ ပစ္စည်းတွေကြောင့် ဖြစ်နိုင်တယ်၊
အဲဒီဆောက်လုပ်ရေးလုပ်ငန်းဟာ ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့အတိုင်း လုပ်ဆောင်နေတာ ဟုတ်ချင်မှဟုတ်မယ်လို့ ခန့်မှန်းပါတယ်။


 

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved