ဦးဇော်ဇော်ရဲ့ဟိုတယ်မှာ အမေရိကန်ဝန်ကြီး တည်းခဲ့လို့ ရှင်းချက်ထုတ်နေရ

Tuesday, August 12, 2014

 ~
 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ နေပြည်တော်သွားတုန်းက   ဦးဇော်ဇော်ရဲ့ဟိုတယ်မှာ တည်းခိုခဲ့ပါတယ်။

  • ၂၀၁၂ မတ်လက တွေ့ရတဲ့ မြန်မာပြည်ရဲ့ အသက်အငယ်ဆုံး လုပ်ငန်းရှင်တွေထဲက တဦးဖြစ်သူ ဦးဇော်ဇော် (Photo: Reuters)


ဦးဇော်ဇော်ဟာ ယခင် စစ်အစိုးရနဲ့ ဆက်နွယ်မှုရှိတယ်ဆိုပြီး  အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့ထားသူများထဲ ပါဝင်တဲ့ လုပ်ငန်းရှင်ကြီးတယောက်ပါ။

ဦးဇော်ဇော်ကို ဒဏ်ခတ်ထား အမည်မည်းစာရင်းထဲ ထည့်ထားပြီး ဝန်ကြီးသွားတော့ အဲဒီလုပ်ငန်းရှင်ရဲ့ဟိုတယ်မှာ  တည်းခိုခဲ့တယ် ဆိုပြီး ဒီရက်ပိုင်း သတင်းထဲ  ပါဝင်နေပါတယ်။
ဒီသတင်းကြောင့် အမေရိကန်ဟာ ကိုယ်ထုတ်ပြန်ထားတဲ့ တားမြစ်ချက်ကို ကိုယ်တိုင် ချိုးဖောက်ရာရောက်နေမလား ဆိုပြီး ဝေဖန်ကြ သုံးသပ်ကြတာတွေလည်း ရှိနိုင်ပါတယ်။

ဒီကနေ့ အင်္ဂါနေ့မှာတော့ အမေရိကန်အစိုးရရဲ့ ဖြေရှင်းချက် ထွက်လာပါပြီ။
ဒီလို တည်းခိုခဲ့ခြင်းဟာ ဘယ်စည်းမျဉ်းစည်းကမ်းကိုမှ ချိုးဖောက်ရာ မရောက်ပါဘူး တဲ့။

မြန်မာပြည်တလွှား ဟိုတယ်ကြီးများအားလုံးလိုလိုဟာ ခရိုနီကြီးတွေပဲ လုပ်ကိုင်နေကြတာကြောင့် အာဆီယံဆွေးနွေးပွဲလာတက်တဲ့ ဝန်ကြီးအတွက် ဟိုတယ် ရှာရ ခက်ပါလိမ့်မယ်။

ဒါကတော့ John Kerry Stayed at US-Blacklisted Tycoon’s Hotel in Burma ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးထားတဲ့ သတင်းမှာ ရေးထားတာတွေပါ။
http://www.irrawaddy.org/burma/john-kerry-stayed-us-blacklisted-tycoons-hotel-burma.html မှာ ဖတ်ရှုနိုင်ပါတယ်။ အဲဒီမှာ ဆက်ရေးထားတာကတော့ .. အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရအရာရှိ  Jen Psaki က အမေရိကန်ဝန်ကြီးဂျွန်ကယ်ရီ အမှားမလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

ဂျွန်ကယ်ရီနဲ့အဖွဲ့ကို ဦးဇော်ဇော်ရဲ့  Lake Garden ဟိုတယ်မှာ နေရာချထားပေးတာဟာ မြန်မာနိုင်ငံခြားရေးဌာန ဖြစ်ပါတယ်လို့ သူက ပြောပါတယ်။

အမည်မည်းစာရင်းထဲ ထည့်ထားသူတို့နဲ့ ဆက်ဆံထိတွေ့ခွင့် ရှိကြောင်း   အမေရိကန်က ၁၉၇၇ မှာ ထုတ်ပြန်ထားတဲ့ International Emergency Economic Powers Act ဆိုတဲ့ ဥပဒေမှာ ချွင်းချက်အဖြစ် တွေ့ရပါမယ်။

အဲဒီချွင်းချက်ထဲ ခရီးသွားလာခြင်း၊ ဟိုတယ်မှာ တည်းခိုတာခြင်းတွေ ပါဝင်တယ်လို့ ပြောခွင့်ရအရာရှိ  Jen Psaki က ရှင်းပြပါတယ်။

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved