အွန်လိုင်းမှာ လူပြောများနေတဲ့ မော်ဒယ်သန္တာလှိုင်ရဲ့ မဆလခေတ် အလံရင်ထိုး

Monday, August 4, 2014

အွန်လိုင်းလောကမှာ အခုတလော လူပြောများလာတာကတော့ နာမည်ကြီးမော်ဒယ် သန္တာလှိုင်ရဲ့ အကျီ် ရင်ဘတ်မှာ ထိုး ထားတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခတ် မြန်မာနိုင်ငံအလံ ရင်ထိုး တံဆိပ်ကိစ္စပါဘဲ။ 



ဓာတ်ပုံ- သန္တာလှိုင်ရဲ့ ဖေ့စ်ဘုတ်

ကွယ်လွန်သွားရှာပြီးဖြစ်တဲ့ အာဏာရှင် ဦးနေ၀င်းရဲ့ မြေးတဦးဖြစ်သူ အေးနေ၀င်းက သူကိုယ် တိုင် 
မော်ဒယ် သန္တာလှိုင် ရဲ့ အင်္ကျီ ရင်ဘတ်မှာ ထိုးပေးတဲ့အပေါ် ကျေးဇူး တင် စကားဆိုထားတဲ့ ဓာတ်ပုံနဲ့ ပို့စ်တခုကို သန္တာလှိုင်က သူ့ဖေ့စ်မှာ သြဂုတ်လ ၂ ရက်နေ့က တင်ခဲ့ပါတယ်။ 

အဲဒီပို့စ်နဲ့ပတ်သက်ပြီး အေးနေဝင်းကလည်း အခုလို မှတ်ချက်တွေ ရေးထားတာတွေ့ရပါလိမ့်မယ်။ 


မော်ဒယ်သန္တာလှိုင်နဲ့ အေးနေ၀င်းတို့ဟာ ကျောင်းနေဖက် ငယ်သူငယ်ချင်းတွေလည်းဖြစ်သလို ရွှေတိဂုံ ဘုရား တက်တာ ကအစ တချို့ ပွဲ တွေလည်း အတူ ပွဲတက်ကြတာတွေ သူတို့ ၂ ဦးရဲ့ ဖေ့စ်ဘုတ်မှာ 
တွေ့ရပါတယ်။ 

မြန်မာနိုင်ငံအလံဟောင်း ရင်ထိုးတံဆိပ်ကတော့ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီလက်ထက် အနီ
ရောင် အောက် ခံ၊ အပြာ ရောင် အပေါ်ထောင့်ခံပေါ်မှာ ကြယ်ဖြူ ၁၄ လုံး၊ စပါးနှံနဲ့ ပီနီယံ တို့ပါဝင်တဲ့ ပုံပါဘဲ။ 

ဦးနေ၀င်းရဲ့ မြေးတွေ ဖြစ်တဲ့ ကျော်နေ၀င်း၊ ဇွဲနေ၀င်းနဲ့ အေးနေ၀င်းတို့ဟာ အကျဉ်းထောင်တွေက ပြန် လွတ် လာပြီး နောက်ပိုင်း အဘိုးဖြစ်သူ အာဏာတန်ခိုးထွားခဲ့စဉ်က မြန်မာနိုင်ငံအလံကို ရင်ထိုးတံဆိပ် လုပ်ပြီး အမြတ်တနိုး တပ်ဆင်လေ့ ရှိပါတယ်။ 

ဓာတ်ပုံ- အေးနေဝင်း ဖေ့စ်ဘုတ်

အွန်လိုင်းလောကသားတွေကလည်း မော်ဒယ်သန္တာလှိုင်ရဲ့ အင်္ကျီရင်ဘတ်မှာ ကိုအေးနေ၀င်းက မြန်မာ အလံတော် ဟောင်း တံဆိပ်ကို တပ်ပေးလိုက်ပြီးနောက် လူသိရှင်ကြားဖြစ်လာပြီး ဝေဖန်မှုတွေ အမျိုး မျိုး ပေးလာနေကြတာ တွေ့ရပါတယ်။ 

တချို့က မြန်မာနိုင်ငံရဲ့ အလံဟောင်းကို အခုလို ရင်ထိုးတံဆိပ်လုပ်တဲ့အပေါ် ဝေဖန်ကြပြီး မော်ဒယ် သန္တာလှိုင်နဲ့ ကိုအေးနေ၀င်း ဘယ်လို ဆက်စပ်ပတ်သက်နေသလဲလို့ ဝေဖန်စမ်းစစ်နေတာ တချို့ လည်း တွေ့ရပါတယ်။ 


အိမ့်သံစဉ် ~ 











0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved