မအူပင်မှာ လယ်သမားတထောင်ကျော်ဆန္ဒပြ

Sunday, August 31, 2014

  

 ~

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့မှာ ဒေသခံ လယ်သမား  အင်အား တထောင်ကျော် စနေနေ့မှာ ဆန္ဒပြကြပါတယ်။


  • (ဓာတ်ပုံများ - စိုင်းဇော်/ဧရာဝတီ)


သူတို့ရဲ့ တောင်းဆိုချက်တွေထဲမှာ
- သိမ်းဆည်းခံထားရသော လယ်ယာမြေများပြန်လည်ရရှိရေး၊
- လယ်ယာမြေဥပဒေများပြင်ဆင်ရေးဆွဲရေး၊
- လယ်ယာမြေသိမ်းဆည်းထားသူများကို အရေးယူပေးရေး၊
- လယ်ယာမြေဆုံးရှုံးမှုကြောင့် ဘ၀ပျက်ခဲ့ရသည့် လယ်သမားများကို လျော်ကြေးပြန်လည်ပေးအပ်ရေး၊
- တောင်သူလယ်သမားအရေးကိစ္စရပ်များကို အစိုးရအဖွဲ့များ၊ ၀န်ကြီးဌာနများ၊ နိုင်ငံရေးပါတီများ ၀ိုင်းဝန်းဖြေရှင်းပေးရေး
စတာတွေ ပါဝင်ပါတယ်။

မအူပင်မြို့ တပတ်နီးပါး  လမ်းလျှောက်ဆန္ဒပြရာမှာ ဒေသတွင်း တခြားမြို့နယ်တွေကလည်း လာရောက် ပူးပေါင်းကြတာ တွေ့ရပါတယ်။

ဧရာဝတီ ဖေ့စ်ဘုတ် https://www.facebook.com/IrrawaddyBurmese မှာ ဖော်ပြခဲ့တဲ့ ဒီမြင်ကွင်းတွေကိုကြည့်ပြီး စာဖတ်သူများ ပေးထားတဲ့ မှတ်ချက်တွေကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

ရေဘေး
မီးဘေး
မင်းဘေး
ကင်းဝေးကြပါစေ
မြန်မာ ပြည်သူ
အားလုံး

 လူထဲမှာ ကိုယ်ပူမှ ပူမှန်းသိတဲ့လုတွေကိုအမုန်း ဆုံးပဲ ကိုယ်လုပ်နေတဲ့ လယ် အသိမ်းခံရတဲ့ ခံစားချက်က လယ်သမား နဲ့ ဆက်နွယ်တဲ့ သူတွေပဲ ကိုယ်ချင်းစာတတ်မယ်

မရ ရ အောင် ပြန်တောင်း အစိုးရက အသုံးမကြ
ခရိုနီတွေကကုတ်သွေးစုပ်
တောင် သူလယ်သမားတွေဘဝက ဆန္ဒပြပြီး ဆန်အိုးထဲမ ဆန်မရှိတဲ့ဘဝကို မည်သူသိမည်နည်း
အားပေးတယ် အောင်မြင် ပါစေ

 တောင်သူဦးကြီးများ အမြန်ဆုံး အဆင်ပြေကြပါစေ။

 သိမ်းတုံးက ဥပဒေမရှိပဲသိမ်းတယ်
ပြန်ပေးတော့ ဥပဒေ ရေးဆွဲတုံးလား

 လယ်သမားရှိလို့ ထမင်းစားနေရတာ

 လယ်မြေးသိမ်းမှတော့လယ်သမားနဲ့ပြည်သူတွေသေဖိုဘဲရှိတော့တယ် အခုထိမအေးချမ်းသေးဘူဘယ်တော့မှအေးချမ်းမှာလဲ

 တောင်သူများအမြန်ဆုံးအဆင်ပြေပါစေဗျာ စိတ်မကောင်းပါဘူး

လယ်သမားတွေ ရှိလို့ နိုင်ငံသားတွေ ထမင်းမငတ်တာနော်

 လယ်သမားတွေမရှိရင်ဆန်စပါးဆိုတာဖြစ်လာမှာမဟုတ်ဘူး ခုခေတ်မှာလူငယ်တွေတော်တော်များများဟာပေါ့"နေ ပေါ့"စားများလို့ပါ

 


 လယ်တွေကိုတစ်ချိန်လုံးသိမ်းနေကြတာသူတို့သေရင်မြုပ်ဖို့နေမှာပါ

 မတရားတာလုပ်ရင်ဆန္ဒပြတာ အကြမ်းဖက်မှုမှမဟုတ်တာ ရုံးတင်ရင်လည်း
မတရားစီရင်အုန်မယ် အော်မြန်မာပြည်

ဆန္ဒပြတာဟုတ်ပါပြီပြန်ရကြလားဟင်

 တောင်သူလယ်သမားကြီးများ သနားဖို့ ကောင်းလိုက်တာ၊ တသက်လုံးနွားနဲ့ ဖက်ရုန်းကန်ရတဲ့ဘ၀ကနေ လယ်သိမ်းယာသိမ်းခံရရုံမကဘူး အဖမ်းတောင်ခံရသေးတယ်၊

် မြန်မာနိုင်ငံမှာအတော်အရုပ်ဆိုးလွန်းတဲ့ပြဿနာကြီးပါ ကျနစွာမဖြေရှင်းနိုင်ပါက လယ်သမားအရေးတော်ပုံများဖြစ်မလားတော့မသိ

 ဘယ်ကုမ္မဏီတွေကဘယ်တုံးကသိမ်းထားတာလဲဆိုတာသိပါရစေ

 ပဲခူးတိုင်းဒိုက်ဉီးမြိုနယ်မှပါဘူးလား


ကိုယ့်မြန်မာလူမျိုးတွေလဲမြင်ရတာစိတ်မချမ်းသာဘူး ခလေးမေတွေရော ကိုယ်ဝန်ဆောင်တွေရောမနေရ သနားတာ

ဦးဦးသိန်စိန်ရေနည်းနည်းလောက်ပြန်ကြည့်ပါဦးနော်ဦးလည်း၏ရာဝတီတိုင်းသားပဲလေ

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved