လှနုထွန်း ထပ်ပြောတဲ့ သရဖူကိစ္စနဲ့ မေမြတ်နိုး

Saturday, August 30, 2014

တောင်ကိုရီးယား အခြေစိုက် Miss Aisa Pacific World 2014 သရဖူ ပြန်ရုပ်သိမ်းခံရတဲ့ မြန်မာအလှမယ် 
မေမြတ်နိုး ဟာ သက်ဆိုင်ရာ အဖွဲ့အစည်းကို သရဖူ ပြန်မအပ်သေးတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တချိန်က သူ့ရဲ့ နိုင်ငံဆိုင်ရာ ဒါရိုက်တာဖြစ်ခဲ့သူ လှနုထွန်းက ထပ်မံ ဖြေရှင်းချက် ထုတ်ထားပြန်ပါတယ်။ 


ကမ္ဘာတ၀ှမ်းမှာ နေထိုင်ကြပါသော မြန်မာနိုင်ငံသားဟောင်းများနှင့် ၄င်းတို့မှ မွေးဖွားလာပါသော မျိုးဆက်သစ်များ၊ မျိုးချစ်မြန်မာနိုင်ငံသားမိဘပြည်သူများ၊ရှင့်။ 

 လတ်တလောဖြစ်ပျက်နေသော သရဖူနှင့် စလွယ်ပြန်မအပ်သော သားအမိနှစ်ဦးကြောင် မြန်မာတို့ အား သဘောရိုးဖြင့်မေးမြန်းခြင်း၊ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်ဆိုသည့် စကားအတိုင်း လှောင်
ပြောင် ပြော ဆိုခြင်းကို ခံရနိုင်ပါသည်။ 

ဒါကြောင့် အလုပ်လည်းမပျက် ကျောင်းလည်းမပျက် မျက်နှာလည်းမပျက်ပဲ ပုံမှန်အတိုင်းလေးသာ နေပြီး 
မေးမြန်းသူများ၊ လှောင်ပြောင်သူများကို သည်းခံခွင့်လွတ်ပေးရန် အနူးအညွတ်တောင်းပန်အပ်ပါတယ်ရှင့်။

မြန်မာတွေဟာ ဒီလို မဟုတ်ပါဘူးဆိုတာကို ယဉ်ကျေးခြင်း ရိုးသားခြင်း ကြိုးစာခြင်း အလုပ်ဖြင့်သာ သက်သေပြပေးစေလိုပါသည်။ 

ကိုရီးယားဘက်ကို အမှန်တရားတွေ အတင်းဖေါ်ထုတ်ရန်ဖိအားပေးခဲ့ရင် မြန်မာ တို့ ယခုထက်ပို အရှက်ရ
စေနိုင်ပါသည်။...သူတို့ ဘက်က အသေးစိတ်ဖြစ်စဉ်ကို မပြောဘဲ တော်တော်လေးကာထားပေးတာကို နားလည်ပေးစေချင်ပါတယ်ရှင့်....

သူတို့ လည်းဒီလောက်ငွေ၊ လူ၊ အချိန်အကုန်ခံပြီး ရွေးထားတဲ့မယ် တစ်ယောက်ကို ဘယ်စွန့် လွတ်ချင်ပါ့ မလဲရှင်....ထိုသားအမိကို မြှောက်ပင့်ပေးမှုများကိုလည်း နိုင်ငံကို တကယ်ချစ်တယ်ဆိုရင် ရပ်တန့် 
ပေးစေချင်ပါတယ်ရှင့်....

လှနု ကနေ ကိုရီးယားနိုင်ငံကိုလှမ်းပြီး သရဖူသိမ်းဖို့ ပြောရလောက်အောင် လှနု တစ်ယောက် ကိုရီးယား အပေါ်မှာ ပါဝါအာဏာပေါက်ရောက်လွမ်းမိုးမှုမရှိပါဘူးရှင်....သရဖူနှင့်ပတ်သက်ပြီး လှနုကို အထင် အရမ်းကြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင့်....

သူတို့ သားအမိကို သွေးနားထင်ရောက်အောင် ကြောင်တောင်တောင်အတွေးအခေါ်တွေထဲ့ပေးခဲ့သူများ
ကြောင့် ဒီလို ဖြစ်ခဲ့ရတာကို လှနုတို့ ကနေ ထိုသားအမိနှစ်ယောက်ကိုယ်စား အားပေးကူညီခဲ့သူ မိဘပြည်သူများအားလုံးကို အစစအရာရာအတွက် တောင်းပန်ပါသည်ရှင့်...

 လေးစားစွာဖြင့် 

လှနုထွန်း 


လှနုထွန်းဘက်က အခုလို ရေးသားထားပေမယ့် မေမြတ်နိုးက မြန်မာနိုင်ငံကို ပြန်ရောက်ပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်လို့လည်း ပြောထားပါတယ်။

ဒီအပြင် ဘီဘီစီနဲ့ မေးမြန်းခန်းမှာ သရဖူ ဟာ နိုင်ငံကိုယ်စားပြု ရခဲ့တာဖြစ်လို့ ပြည်သူလူထုက ပြန်အပ်စေ ချင်မှသာ သရဖူကို ပြန်အပ်မှာဖြစ်တယ် လို့ မေမြတ်နိုးက ပြောဆိုထားတယ်လို့ သိရပါတယ်။ 

သရဖူ အသိမ်းခံရတဲ့ ကိစ္စမှာ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ လှနုထွန်းက  မူလ သရဖူ ပေးတဲ့အဖွဲ့အစည်း ကို အသေးစိပ် သတင်းပို့လို့ဆိုတဲ့ စွပ်စွဲချက်တွေလည်း ပေါ်ထွက်နေသလို အလှမယ်မေမြတ်နိုးကလည်း အဖြစ်အပျက်အခြေအနေတွေကို အခုထိ လူသိရှင်ကြား ထုတ်မပြောဆိုသေးပါဘူး။ 

လက်ရှိ အခြေအနေမှာတော့ နိုင်ငံတကာ သတင်းတွေမှာပါ မြန်မာအလှမယ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ အရှက်ရဖွယ် သတင်းတွေ ဆက်တိုက်ပေါ်ထွက်လာနေပါတယ်။


အိမ့်သံစဉ် ~

 








 

9 comments :

  1. norman said... :

    မလှနုထွန်း

    After I read your post, what I can feel is your not honest at all.

  1. Alex said... :

    ၂​ယောက်​လုံးမ​ကောင်းတာပါ

  1. Anonymous said... :

    ကိုရီးယားကညစ်တာကို မဖေါ်ထုတ်ရဘူးဆိုတော့ အစထဲကလုပ်သမျှခေါင်းငုံ့ခံရမယ့် စိတ်ဓါတ်ရှိနေတာလား အခုချိန်မှာရှင်နဲ့ မေမြတ်နိုးဘာတွေပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံတော့ အမဲစက်အဖြစ်မခံနိုင်ဘူး သူများနိုင်ငံတွေမှာcommentပေးနေတာကတမျိုး ကိုယ့်နိုင်ငံထင်နေတာကတမျိုး ဘာကြောင့်မှန်းကိုသေသေချာချာမသိဘူး

  1. Anonymous said... :

    မေမြတ်နိုးက ဘီဘီစီနဲ့ မေးမြန်းခန်းမှာ သရဖူ ဟာ နိုင်ငံကိုယ်စားပြု ရခဲ့တာဖြစ်လို့ ပြည်သူလူထုက ပြန်အပ်စေ ချင်မှသာ သရဖူကို ပြန်အပ်မှာဖြစ်တယ် လို့ ပြောတယ်၊ ဒါဆိုရင်...၁၀ ၇က် Visa ကို...ဘာလို့ (၃လ) Visa ပြောင်းရတာလဲ? ပြည်သူလူထုကပြောင်းခိုင်းတာလား?သရဖူပြန်သိမ်းတာသိရက်နဲ့ပြန်မပေးခဲ့ဘဲယူလာတာပြည်သူလူထုကယူခိုင်းတာလား?...အခုမှရှက်ရမ်းရမ်းပြီး...ပြည်သူလူထုကို ခေါင်းမ လွှဲပါနဲ့မိန်းကလေး။

  1. Anonymous said... :

    အဲဒီ ကိုရီးယားအုပ်စုတွေက ငွေအင်အားရှိတယ်ဆိုပြီး မြန်မာမော်ဒယ် မိန်းကလေးငယ် မေမြတ်နိုးကို နှမချင်း မစာနာပဲ VIDEO OF HER SURGERY WILL BE REALISED TOO ဆိုပြီး threaten လာခြိမ်းခြောက်နေတယ်။ အစကတည်းက ပြိုင်ပွဲစည်းကမ်း ဥပဒေအရ ဘောင်မဝင်ရင် မပြိုင်ခိုင်းနဲ့ပေါ့။ ပြိုင်ခိုင်းရင်လည်း ဆုမပေးနဲ့ပေါ့။ အဲဒီ ကိုရီးယား အုပ်စုတွေကသာ အပြစ်ရှိတယ်။ အဲလိုလုပ်ခြင်းဟာ မြန်မာတစ်မျိုးသားလုံး
    ကို စော်ကားခြင်း insulting လုပ်တယ်လို့ နားလည်မိတယ်။

    "WHY MISS MYANMAR LIES" လို့ ပြောခြင်းဟာ အရှက်ခွဲလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြောမှန်း သိသာတယ်။ အင်္ဂလိပ်စာ ကောင်းကောင်းတတ်တဲ့ ရှေ့နေကောင်းကောင်းငှားပြီး "ဂုဏ်သရေဖျက်မှု" "ခြိမ်းခြောက်မှု" နဲ့ မြန်မာနိုင်ငံမှ ကိုရီးယားသံရုံးမှ တစ်ဆင့် အမြန်ဆုံး တရားဝင် တရားစွဲတိုင်တန်းခြင်းမျိုး လုပ်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်လို့ နားလည်မိပါတယ်။

  1. Anonymous said... :

    ရင် သား ခွဲ စိတ် ပြုပြင် တာ ကိုယ့် ခန်ဓာ ကိုယ် ကို ကိုယ် ပိုင်တာမို့ ရှက်စရာ မဟုတ် ၊ ကိုယ့် သဘော အတိုင်းပါ။ သပုတ်လေလွင့် ပြောတဲ့ အထိလဲ ရသေးတယ်။ မိမိ ဘက် ကလဲ လုပ်ခဲ့ တယ် ဆိုရင် လဲ လုပ် ခဲ့ တယ် အမှန်အတိုင်း ပြော လိုက်ရုံ ပဲ။ ဖုံးကွယ် ဖို့ ကြိုး စားရင်း က အမှန်ပေါ် လာမှ ၀န်ခံရင် ၊ တခါလိမ်၊ ၁၀ ခါ လိမ် သလိုပဲ ကိုယ် ပြောတဲ့ စကား ဘယ်သူမှ ယုံတော့ မှာ မဟုတ်သလို၊ ကျန်တဲ့ အမှန်စကား အကုန်လုံးကို လဲ လိမ်ပြောတာ လို့ အထင် ခံ ရ ပြီး ဆုံးရှုံးမှု ပိုများ လာလိမ့် မယ်။ သရဖူ နဲ့ စလွယ် ကတော့ ဘယ် အကြောင်းကြောင့် ပဲ ဖြစ်ဖြစ် ၊ ပြန် အသိမ်းခံ ရပြီ ဆိုရင် တော့ ပြန်ပေးရမှာပဲ။ ကိုယ်က သူများ ပစ်စည်း ငှား ဝတ်ထား တဲ့ သူနဲ့ တူပြီး၊ ပိုင်ရှင် က ပြန်တောင်းရင် ပြန်ပေးရမှာ ပဲ။ တခုပဲ ချေးငှား တယ် မပြောပဲ ခိုးသွားတယ် ပြောရင် တော့ တမျိုးပေါ့။ ကိုယ့် ဘက် က မှန်ကြောင်း သက်သေ မရှိပဲနဲ့ လဲ ပါးစပ် သက် သေ နဲ့ တော့ မလုံလောက်ပါ။ တရားရင် ဆိုင်ရ ပြီ ဆိုရင် ခိုင်လုံတဲ့ သက်သေ အထောက်အထား ကိုယ့်မှာ မရှိရင် ထောက်ခံ တဲ့ သူ ဘယ် လောက် ရှိရှိ သက်ရောက်မှု မရှိနိုင်ပါ။ ဒါ ကို သဘောပေါက်ထားတဲ့ သူတွေ က သဘော ပေါက်ထားပါတယ်။ အတွေ့ အကြုံ ရှိတဲ့ သူတွေ က ကောင်းကောင်းနားလည်တယ်။ ကျားကွက်ရွှေ့ ကြတဲ့ အခါ မှာ ရွှေ့တာလဲ ရွှေ့ကြပေါ့ ။ ကိုယ့် သိက်ခါ ဆယ်ဖို့ အတွက်...ဒါပေမဲ့ လူမျိုးသိက်ခါ မထိ ခိုက် ဖို့ ထည့် စဉ်းစားဖို့ လိုမယ်။ အမှန်တရား ဆိုတာ ဖုံးကွယ်လို့ အကြာကြီး မရပါ။ Confidentiality ကို ဘောင်ကျော်လာပြီး Ethical & Privacy ထားရမဲ့ ဟာတွေ ကို Media release လုပ် လာ တာမျိုး တွေ ကိုတော့ တရား ဥပဒေ ကို သေချာနားလည် တတ်ကျွမ်း တဲ့ ဥပဒေ အရာရှိတွေ နဲ့ တိုင်ပင်အပ်နှံ ပြီး ဆောင်ရွက်သင့်ပါတယ်။

  1. Anonymous said... :

    ရင် သား ခွဲ စိတ် ပြုပြင် တာ လိမ်လို့ရတဲ့ကိစ္စမဟုတ်ဘူးမိန်းကလေး၊.....လွယ်လွယ်မတွေးနဲ့။

  1. Anonymous said... :

    ဒီ post ကို ဖတ်လိုက်တဲ့အချိန်မှာ ဒေါ်လှနုထွန်းဟာ ဒေါတမီးတောက်လောင်နေတယ်လို့ မှန်းမိ ပါတယ်။ ( ဒေါတကြောင့် လူတိုင်းမမှားသင့် တာကိုလည်း မှားမိနိုင်ပါတယ်။) from YDNT ကိုယ်ချင်းစာသူလေး

  1. Anonymous said... :

    သူများနိုင်ငံနဲ့ ဒီလိုအညိုးအတင်းဖြစ်တဲ့အချိန်မှာ ကျွန်ုပ်တို့အချင်းချင်း မသင်္ကာမှုတွေနဲ့ သွေးကွဲ နေလို့ မဖြစ်ပါဘူး။ from YDNT ကိုယ်ချင်းစာသူလေး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved