အီဘိုလာ ဟုတ်မဟုတ်သိရဖို့ ဓာတ်ခွဲနမူနာ ဥရောပကိုပို့ပြီ

Saturday, August 30, 2014



 ~



ဝေဘာဂီအထူးကုဆေးရုံကြီးမှာရှိနေတဲ့ အီဘိုလာ သံသယလူနာ၊ သူ့နဲ့အနီးကပ်ထိတွေ့ခဲ့သူ ၄ ဦးတို့ရဲ့ ဓာတ်ခွဲ နမူနာတွေကို သောကြာနေ့တုန်းက
 "ဥရောပတိုက်ရှိ ညွှန်းပို့ဓာတ်ခွဲခန်းသို့ ပေးပို့ထားပြီးဖြစ်ကြောင်း" သိရပါတယ်။
  


  • မကြာသေးခင်က ရန်ကုန်လေဆိပ်တွင် တွေ့ရသော လေကြောင်းလိုင်းဝန်ထမ်းတချို့ (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)
ဒီအကြောင်း ဒီကနေ့ စနေနေ့ထုတ် အစိုးရသတင်းစာ ကြေးမုံမှာ ဖော်ပြထားပါတယ်။

"ဓာတ်ခွဲနမူနာများကို အီဘိုလာရောဂါပိုး ရှိ၊ မရှိ စစ်ဆေးနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ IATA တို့နှင့် ညှိနှိုင်း၍" ပေးပို့ခြင်း ဖြစ်ပါတယ် တဲ့။

IATA ကတော့ ဓာတ်ခွဲနမူနာတွေကို လုံလုံခြုံခြုံ သယ်ယူပို့ဆောင်ပေးဖို့ တာဝန်ယူရတဲ့ လေကြောင်းဆိုင်ရာအဖွဲ့ပါ။

ပြင်းထန်ငှက်ဖျားရောဂါဖြစ်နေတဲ့ သံသယလူနာရဲ့ ကျန်းမာရေးအခြေအနေက သိသာစွာ ကောင်းမွန်လာတယ်၊ သူ့နဲ့ အနီးကပ် ထိတွေ့ခဲ့သူ ၄ ဦးလည်း ကျန်းမာရေးအခြေအနေ လုံးဝ ကောင်းမွန်လျက်ရှိပါတယ်လို့လည်း သတင်းမှာ ရေးထားပါတယ်။

 ရန်ကုန်လေဆိပ်က ၀င်လာတဲ့ ခရီးသည်များကို အီဘိုလာနဲ့ပတ်သက်ပြီး စစ်ဆေးနေရာမှာ  သံသယလူနာက သြဂုတ် ၁၉ ရက်နေ့မှာ ရောက်ရှိလာတာပါ။
သူနဲ့ အနီးကပ်နေခဲ့သူ ခရီးသည် ၄ ဦးတို့ကို ဝေဘာဂီဆေးရုံ ပို့ဆောင်ခဲ့ပါတယ်။

အဲဒီရက်ပိုင်း သတင်းတွေမှာတော့ အီဘိုလာဟုတ်မဟုတ် သိရဖို့ သူတို့ရဲ့သွေးနမူနာတွေ ပြည်ပ ပို့ဆောင်စစ်ဆေးမယ်လို့ သတင်းတွေ ထွက်ပါတယ်။

 သြဂုတ်လ ၂၅ ရက်နေ့မှာတော့ ပြည်ပ မပို့ရသေးဘူးလို့ ကျန်းမာရေးဌာနက သတင်းထုတ်ပါတယ်။

 ပို့ဖို့ ဆိုတာက  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ နဲ့ ညှိနှိုင်းရေး မဖြစ်မနေ လိုအပ်တဲ့အတွက်ပါလို့ သိရပါတယ်။ ညှိနှိုင်းရမယ့်ထဲမှာ IATA လည်း ပါဝင်နေပါတယ်။
အခု ပို့လိုက်ပြီ ဆိုတော့ မကြာခင် အဖြေသိရမယ်လို့ ယူဆရပါတယ်။

 

ဆက်စပ်


  • မြန်မာ သင်္ဘောသား ၅ ဦးကို အီဘိုလာ သံသယဖြင့် ဝေဘာဂီ ဆေးရုံတွင် ခေတ္တခေါ်ယူ စောင့်ကြည့်
http://burma.irrawaddy.org/news/2014/08/20/63430.html
  • အီဘိုလာ ဗိုင်းရပ်စ် သံသယ ရှိသူတွင် ငှက်ဖျား ရောဂါပိုးတွေ့ဟု အစိုးရထုတ်ပြန်
http://burma.irrawaddy.org/news/2014/08/21/63533.html
  • ကမ္ဘာကို ခြိမ်းခြောက်လာသော အီဘိုလာ ဗိုင်းရပ်စ်အကြောင်း တစေ့တစောင်း
http://burma.irrawaddy.org/article/2014/08/05/62800.html
  • အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံ အမေရိကန် နှစ်ဦးကို အောင်မြင်စွာ ကုသနိုင်
http://burma.irrawaddy.org/news/2014/08/23/63606.html
 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved