GAP ကုမ္ပဏီက ရန်ကုန်အထည်ချုပ်စက်ရုံအကြောင်း ထုတ်ပြောပြီ

Saturday, August 30, 2014


 ~




နာမည်ကျော် အမေရိကန်  အ၀တ်အထည် ကုမ္ပဏီ GAP  အတွက် အထည်တွေချုပ်ပို့နေတဲ့ ရန်ကုန်က စက်ရုံ ၂ ရုံမှာ ကျန်းမာရေး၊ လုံခြုံရေးတို့နဲ့ ပတ်သက်ပြီး မသင့်တော်တာတွေ ရှိနေပါတယ် တဲ့။

  • (GAP ရဲ့ အွန်လိုင်း အရောင်းဆိုင်) 


ဒီအကြောင်းကို GAP  ကိုယ်တိုင်က သတင်းထုတ်ပြန်တာပါ။
သို့သော်လည်း ဘယ်စက်ရုံတွေ ဖြစ်တယ် ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။
စက်ရုံပိုင်ရှင်တွေကတော့ တောင်ကိုရီးယားတွေဖြစ်တယ်လို့ ဆိုတယ်။

တာဝန်သိရင်းနှီးမြှုပ်နှံမှုဆိုတာကို ဖော်ပြတဲ့အနေနဲ့ GAP  ကိုယ်တိုင်က ဒီလို ထုတ်ပြန်ခြင်းပါ။ ဒီအကြောင်း http://www.irrawaddy.org/all/business/gap-audit-reveals-issues-burma-garment-factories.html မှာ အပြည့်အစုံ ဖတ်နိုင်ပါတယ်၊ အနည်းအကျဉ်း ထပ်မံ ကောက်နုတ် မိတ်ဆက်ရရင်တော့
 GAP  က မြန်မာပြည်တွင်ထုတ်လုပ်သည်ဆိုတဲ့  အင်္ကျီတွေကို Old Navy နဲ့ Banana Republic  တံဆိပ်တွေတပ်ပြီး အမေရိကန်ဈေးကွက်ကို ပို့နေပြီဖြစ်ကြောင်း ဇွန်လမှာ ကြေညာပါတယ်။
၂၀၁၂ စီးပွားရေးပိတ်ဆို့မှု ဖြေလျော့ပြီးနောက်ပိုင်း မြန်မာ့အထည်ချုပ်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံတဲ့ ပထမဆုံးသော အမေရိကန်လုပ်ငန်း ဖြစ်လာခြင်းပါပဲ။

အဲဒီစက်ရုံ၂ရုံမှာ တွေ့ရတဲ့ ပုံစံမကျတာတွေထဲမှာ လုပ်ငန်းခွင်အတွင်း လုံခြုံရေးဆိုင်ရာ အကာအကွယ် ဝတ်ဆင်ဖို့ ညွှန်ကြားချက်ထုတ်ထားခြင်း မရှိတာ ပါပါတယ်။
လုပ်ငန်းခွင်အတွင်း သင့်လျောတဲ့ လေ၀င်လေထွက် မရှိခြင်း ဆိုတဲ့ အချက်လည်း ပါပါတယ်။

သန့်ရှင်းရေး ပစ္စည်းတွေ ကိုင်တွယ်နည်းအတွက် အလုပ်သမားတွေကို သင်တန်းမပေးတာ၊
ဓာတ်ကြိုးတို့ ပလပ်ပေါက်တို့ကို ဖုံးမထားတာ၊ သတိပေးစာတမ်းတွေ ကပ်မထားတာ စသဖြင့်သော လျှပ်စစ်ပိုင်းဆိုင်ရာ ဓာတုပစ္စည်းဆိုင်ရာ ပြဿနာများလည်း ရှိပါတယ် ဆိုပြီး  GAP ရဲ့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။

သွားရောက်စစ်ဆေးသူတွေကတော့ အသက်မပြည့်သေးတဲ့အလုပ်သမား မတွေ့ခဲ့ဘူးလို့ ဆိုတယ်။
သို့သော်လည်း အဲဒီစက်ရုံ ၂ ရုံစလုံးက ဟိုတုန်းကတော့ အသက်မပြည့်သူကိုလည်း အလုပ်ခန့်ဖူးတယ်လို့ ဆိုတယ်။

၂၀၁၃ နှစ်ကုန်ပိုင်း စစ်ဆေးရေးဝင်ပြီးနောက်မှာတော့ စက်ရုံ တရုံကတော့ အခြေအနေ တိုးတက်မှု ရှိတယ်၊ ဖောက်သည်တွေနဲ့ သဘောတူထားတဲ့  စည်းကမ်းချက်တွေအတိုင်း လုပ်ကိုင်ရေးမှာ သိသိသာသာ တိုးတက်လာတယ်၊
နောက်တရုံကလည်း အတိုင်းအတာတခုအထိ တိုးတက်လာတယ်လို့ ဆိုတယ်၊ လုပ်ငန်းခွင်အခြေအနေ နဲ့ စက်ရုံ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေမှာပါ၊ သို့သော်လည်း အဓိက ပြင်ဆင်လုပ်ကိုင်စရာတချို့တော့ ကျန်နေပါသေးတယ် တဲ့။

အဲဒီစက်ရုံ ၂ ခုပေါင်း အလုပ်သမားအင်အား ၄,ဝဝဝ ဝန်းကျင် ရှိပါတယ်။

မူရင်း

 http://www.irrawaddy.org/all/business/gap-audit-reveals-issues-burma-garment-factories.html  
 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved