မေမြတ်နိုး တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေချိန်မှာ အခုလို သရဖူရုပ်သိမ်းခံလိုက်ရတာလည်းဖြစ်ပြီး သူ့အစား အရည်အချင်း ပြည့်မီတဲ့ Miss Asia Pacific World 2014 ကို ပြန်လည်ရွေးချယ်မှာဖြစ်တယ်လို့ တရားဝင်ကြေညာတဲ့ အကြောင်း Beauty Pageants Of Myanmar ကို ပေးပို့တဲ့ အကြောင်းကြားစာက ဆိုပါတယ်။
နိုင်ငံတကာ မယ်ပြိုင်ပွဲ သရဖူ ဆုံးရှုံးလိုက်ရတဲ့ မေမြတ်နိုးဟာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေ မလိုက်နာလို့ အခုလို သရဖူပြန်လည်ရုပ်သိမ်းခံရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံကို မေမြတ်နိုး ပြန်ရောက်လာတဲ့အခါ ရရှိခဲ့တဲ့ သရဖူနဲ့ အလှမယ် စလွယ်တို့ကို မြန်မာနိုင်ငံ ဆိုင်ရာ ကိုယ်စားလှယ်ထံကို ပြန်လည်အပ်နှင်းရမှာဖြစ် တယ်လို့ Beauty Pageants Of Myanmar က ဆိုပါတယ်။
Miss Asia Pacific World ရဲ့ တရားဝင် ဝက်ဆိုက်စာမျက်နှာမှာလည်း 2014 သရဖူဆုရှင်နဲ့ အလှမယ် စာရင်း ဓာတ်ပုံဖော်ပြမှု တွေမှာလည်း သရဖူးဆုရှင် မေမြတ်နိုးကို သရဖူ ပြန်သိမ်းလိုက်တဲ့အတွက် ဓာတ်ပုံ ကိုလည်း ဖြုတ်သွားခဲ့ပါပြီ။
မေမြတ်နိုးကတော့ သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ သြဂုတ်လ ၂၇ ရက်နေ့က အခုလို ရေးထားပါတယ်။
What doesn't kill you makes you stronger ....
မေမြတ်နိုးကို သရဖူ ရုပ်သိမ်းတဲ့ အကြောင်း Miss Asia Pacific World ရဲ့တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာ မှာလည်း အခုလို ဖော်ပြထားပါတယ်။
အိမ့်သံစဉ် ~
လှနုထွန်းက ဟိုကအဖွဲ့ကို အတို့အထောင်လုပ် negotiate လုပ်ပြီး သရဖူကို သိမ်းအောင် လုပ်တာနေမှာပေါ့။ သူ သိမ်းလို့မှ မရတာ။ သူသိမ်းလို့ရတဲ့သူကို သူသိမ်းတယ်လေ။ သူနဲ့ မေမြတ်နိုး စပြီး အဆင်မပြေကတည်းက ဟိုဘက် org: က သိမ်းမယ်ဆိုလို့ သူက တောင်းပန်ထားရပါတယ် ဆိုပြီး အသံထွက်နေတာလေ။ ဒီကြားထဲမှာ ဟိုဘက် အဖွဲ့ကို သရဖူပြန်သိမ်းအောင် သူကြိုးပမ်းအားထုတ်မှာပေါ့။ ကြောက်စရာကောင်းလိုက်တာ။ အရမ်းလည်လိုက်တာနော်။ ကိုယ့်တိုင်းပြည်က နိုင်ငံတကာ သရဖူကို အခု ပထမဆုံး စရတာ။ တိုင်းပြည်အတွက် မထောက်ထားဘူး။ ကိုယ့်ရဲ့ personal ကိစ္စတွေဘဲ ကြည့်ပြီး ရိုက်ချပစ်တာနော်။ ဟိုဘက်က အဖွဲ့ကလဲ national director စကားဘဲ ယုံမှာပေါ့။