ရန်ကုန်မြို့တွင် ရောက်ရှိနေကြသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကိုယ်စားလှယ်အဖွဲ့ နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် အမှတ် ၅၄ တက္ကသိုလ် ရိပ်သာလမ်းနေအိမ်မှာ သြဂုတ်လ ၁၈ ရက်နေ့ညနေ ပိုင်းက ဆွေ့ဆုံဆွေးနွေး ခဲ့ကြ ပါတယ်။
UNFC ကိုယ်စားလှယ်အဖွဲ့ထဲမှာ ဗိုလ်ချုပ် ဂွန်မော်၊ ဦးနိုင်ဟံသာ၊ ဦးခွန်ဥက္ကာနှင့် ဦးထွန်ဇော်တို့ ၄ ဦး ပါဝင်ပါတယ်။
ဘာတွေ ဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ အသေးစိပ်ကို မသိရသေးပေမယ့် လက်ရှိ လုပ်ဆောင်နေတဲ့ အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေူး ဖြစ်စဉ်တွေနဲ့ ပတ်သက်တယ်လို့ နီးစပ် သူတွေက ဆိုပါတယ်။
အိမ့်သံစဉ် ~
ဆက်စပ်

0 comments :
Post a Comment