လက်ဖက်သုပ်နဲ့ တူတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်

Thursday, September 25, 2014

လွှတ်တော် မင်းသားကြီး ဦးလှဆွေရဲ့ ဖေ့စ်ဘုတ်စာမျက်နှာက တလောက ပျောက်ကွယ်နေခဲ့ရတာက အခုတော့ ပြန်လည် ရရှိပြီး သူ့အမြင်၊ သူ့အတွေးတွေကို ဖေ့စ်ဘုတ်သုံးသူများ မြင်နေကြရပြန်ပါပြီ။ 



လာမယ့် ရွေးကောက်ပွဲ မ၀င်ဖို့ ဆုံးဖြတ်ချက်ချထားခဲ့တဲ့ ဦးလှဆွေဟာ ရွာမှာ ဈေးရောင်းဖို့ လေ့လာမှုတွေ လည်း လုပ်နေ တာကို သူ့ဖေ့စ်ဘုတ်မှာတွေ့ရပြီး နိုင်ငံမှာ အဓိက ပြဿနာ ဖြစ်နေတဲ့ အဂတိလိုက်စားမှုတိုက် ဖျက်ရေး ကိစ္စလည်း သူက ရေးသားထားပါတယ်။ 

သူ့အရေး၊ သူ့အတွေးကိုလည်း ဧရာဝတီပရိသတ်က သုံးသပ်ကြည့်နိုင်ပါတယ်။ 

အဂတိလိုက်စားမူ့တိုက်ဖျက်ရေးကော်မရှင်ဟာ လက်ဖက်သုတ် နဲ့တူပါတယ်။
လော့ဂျစ် နည်းးနဲ့တွက်ပြမယ်- 

၁။မဖြူ သည် စာကျက်ရင်း အိပ်ငိုက်သည်။ 
၂။မဖြူ သည် လက္ဘက်သုပ်စားသည်။ 
၃။လက်ဖက် သုပ် စားပြီးနောက် မဖြူသည် စာကျက်ရင်းအိပ်ငိုက်သည်။ 
၎။ထို့ကြောင့် မဖြူ၏ အိပ်ငိုက်ခြင်းကို လက်ဖက် သုပ်သည် ဘာမှ အကျိုးသက်ရောက်မှု့မရှိ။ 

၎င်းအတိုင်းပင် 
၁။အကျင့်ပျက်သူများ လာဘ်စားကြ၏။ 
၂။အဂတိလိုက်စားမူ့တိုက်ဖျက်ရေး ကော်မရှင်ဖွဲ့သည်။ 
၃။ကော်မရှင်ဖွဲ့ပြီးနောက် အကျင့်ပျက်သူများ ဆက်၍ လာဘ်စားကြသည်။ ၄။ထို့ကြောင့် ကော်မရှင်ဖွဲ့ခြင်းသည် လာဘ်စားမှု့အပေါ်အကျိုးသက်ရောက်မှု့ မရှိ။ 

ထို့ကြောင့် လော့ဂျစ်နည်းအရ နောက်ဆုံးကောက်ချက်မှာ - 

လက်ဖက်သုပ်=ကော်မရှင်



 

.





1 comments :

  1. Anonymous said... :

    နိုင်ငံ တွေမှာ အစိုးရ ဆိုတာ ရှိတယ် ။ ဝန်ကြီးဌာနတွေ နဲ့ ဝန်ထမ်းတွေ ရှိတယ် ။ သူတို့နဲ့ သဘောထား မတိုက်ဆိုင်တဲ့သူတွေ လည်း ရှိတယ် ။ တဖက်နဲ့တဖက် ဝေဖန်မယ် ထောက်ပြမယ် ။ ဒါဟာ နိုင်ငံတော်ကို ပုံကန်တာ ၊ တိုင်းပြည်ကို သစ်စာ ဖောက်တာ မဟုတ်ဘူး ။ ဥပဒေ ချိုးဖောက်တာ မဟုတ်ဘူး ။ နောက်ပြီး အရေးကြီးဆုံးက ဘယ်နိုင်ငံ မှာပဲ ဖြစ်ဖြစ် အဲလို အစိုးရ ကို ဝေဖန် ထောက်ပြ တဲ့ သူတွေကိုလည်း စစ်သား တွေ ရော စစ်သားတွေ ရဲ့ အမျိုးတွေ ကရော မမုန်းဘူး ။ ဘာ လို့လည်း ဆို တော့ အစိုးရ ကို ဝေဖန် ထောက်ပြ တဲ့ သူတွေ ဟာ စစ်သား တွေ ကို ပုတ်ခတ် စော်ကား နေ တာ မဟုတ်ဘူး ဆိုတာ သူတို့ သိတယ် ။ မြန်မာ နိုင်ငံ ကတော့ ချွင်းချက် ပဲ ။ ဘာ လို့လည်း ဆိုတော့ အစိုးရ အဖွဲ့ အကြီးအကဲ သမတ ၊ ဒု သမတ ၊ ဝန်ကြီး ၊ ဒု ဝန် ကြီး ၊ ညွန်ချုပ် နဲ့ ညွန်မှူးတွေ လက်ညှိုး ထိုးမလွဲ စစ်သားတွေ ။ လွှတ်တော် ဥက္ကဌ တွေ ၊ အမတ် တွေ တော်တော် များများ က စစ်သားတွေ ။ ရဲ ၊ အကောက်ခွန် ၊ လူဝင်မှုကြီးကြပ် ရေး ၊ စည်ပင် ၊ ပို့ဆောင်ရေး ၊ ပညာ ရေး နဲ့ ကျမ်းမာ ရေး အား လုံး လို လို မှာ အဓိက နေရာ ယူ ထားတာ စစ်သားတွေ ။ အဲတော့ အဲဒီ လူတွေ ပုံမလာ လို့ ဝေ ဖန်ရင် ဝေဖန်တဲ့လူ ကို ဘာပြောကြလဲ ? ဒီ ကောင်တွေ စစ်တပ် ကို မုန်း နေတာ ။ တိုင်းပြည် ကို ပုန်ကန် နေတာ လို့ပြော ရော။ နေရင်းထိုင်ရင်း စစ်သားတွေ ရော စစ်သား အမျိုးတွေရော ကြံ့ခိုင်ရေး ပါတီဝင် တွေရော က သူတို့ကို ဆော်နေပြီ ပဲ ထင်နေ ကြတယ် ။ အဲ တော့ ဒီလောက် ရှင်းနေတာ ကို ဘာလို့ ထပ်ခါ ထပ်ခါ ပြော လည်း နားမလည် နိုင် ရတာလဲ ? စစ်သား ဆိုတဲ့ အဓိပ္ပာယ် ကို သေချာ လေ့လာ သုံးသတ် စဉ်းစား ကြည့် ။ အင်မတန် မွန်မြတ် တဲ့ အလုပ် ၊ ဂုံယူ ဖွယ်ရာ အလုပ် ။ စစ်သား ဆိုတဲ့ အဓိပ္ပာယ် မှာ စွန့်လွတ်ခြင်း စွန့်စားခြင်း အနစ်နာ ခံခြင်းတွေ ပါပြီးသား ။ ငါ့ကို တိုင်းသူ ပြည်သား တွေ က တကယ် ချစ်တာ ရော ဟုတ်ရဲ့လား ဆိုပြီး သံသယ ဝင်မနေနဲ့ ။ နိုင်ငံ နဲ့ နိုင်ငံ သား တွေ အပေါ် အသက်နဲ့ရင်း ပြီး ပေးဆပ် နေတဲ့ စစ်သား ကြီးတွေ ကို မြန်မာ နိုင်ငံ သား တွေတင် မက ကဘာ ကပါ ချစ်ပြီးသား ၊ လေးစား ဂုံယူ ပြီး သား ဆိုတာ ကို အကြွင်းမဲ့ ယုံကြည် ထားလိုက် စမ်း ဘာ ။ ယုံကြည် ထားလိုက် စမ်း ဘာ ။ ယုံကြည် ထားလိုက် စမ်း ဘာ ။ ... ... ...
    https://www.youtube.com/watch?v=jXLR54ldF24

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved