ဦးဝီရသူနဲ့ သီရိလင်္ကာ BBS သဘောတူစာချုပ် ချုပ်ဆို

Wednesday, October 1, 2014


 ~




မူဆလင်ဆန့်ကျင်ရေးလှုပ်ရှားသူများအဖြစ် ထင်ရှားကြတဲ့ ဦးဝီရသူနဲ့ သီရိလင်္ကာနိုင်ငံက အလွန်အကျွံ အမျိုးသားရေးဝါဒီအဖွဲ့အစည်း အင်္ဂါနေ့မှာ သဘောတူလက်မှတ် ရေးထိုးလိုက်ပါတယ်။
သူတို့အဆို ကမ္ဘာတလွှား ခြိမ်းခြောက်ခံနေရတယ် ဆိုတဲ့ ဗုဒ္ဓဘာသာကို ကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးအတွက် လက်မှတ်ထိုးကြခြင်းပါ။

 




  • သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တော်မှာ ပြုလုပ်တဲ့ Bodu Bala Sena ခေါ် ဗုဒ္ဓဘာသာ အင်အားစု အဖွဲ့ရဲ့ အစည်းအဝေးကို တက်ရောက်လာသူ  ဦးဝီရသူ  (ဓာတ်ပုံ -  Reuters)

ဦးဝီရသူက ၉၆၉ လှုပ်ရှားမှုရဲ့ ဦးဆောင်သူပါ။ Bodu Bala Sena (BBS) လို့ ခေါ်တဲ့  ဗုဒ္ဓဘာသာ အင်အားစု အဖွဲ့ရဲ့ အစည်းအဝေးကို အထူးဧည့်သည်အဖြစ် တက်ရောက်လာသူပါ။

သဘောတူညီချက်မှာ  ဗုဒ္ဓဘာသာ တည်တံ့ထွန်းကားရေးအတွက် ကွန်ရက်ချိတ်ဆက် ဆောင်ရွက်ရေးတွေ ပါဝင်တယ်လို့ သိရပါတယ်။
မကြာခင်မှာ ဒီသဘောတူညီချက်ကို ထုတ်ပြန်မယ်လို့ ဆိုပါတယ်။

 ဗုဒ္ဓဘာသာအတွက် BBS အဖွဲ့နဲ့ လက်တွဲဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ပြဿနာတွေ ပေါ်ပေါက်လာမယ်ဆိုတာကိုတော့ ကြိုတွက်ပြီးသားပါ။
ဘာကိုပဲဖြစ်ဖြစ် ရင်ဆိုင်ဖို့ အသင့်ပါပဲ။ ပြဿနာတွေက အတွင်းကလာမှာ မဟုတ်ပါဘူး။ ပြင်ပက လာမှာပါ လို့ ဦးဝီရသူက မိန့်ကြားပါတယ်။

ဒီလို ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ဟာ မည်သည့် ဘာသာရေးအုပ်စုကိုမှ ထိခိုက်ဖို့ မရည်ရွယ်ပါဘူးလို့ သူက ဆက်လက် မိန့်ကြားပါတယ်။

သီရိလင်္ကာမှာ လူများစုက ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး လူဦးရေ ၁ဝ ရာခိုင်နှုန်းက မူဆလင်တွေပါ။ နှစ်ဘက်ကြား တင်းမာမှုတွေ ရှိကြပါတယ်။

၉၆၉ အဖွဲ့နဲ့  BBS အဖွဲ့ ပူးပေါင်းလိုက်တဲ့အတွက် နှစ်ဘက်ကြား တင်းမာမှုတွေ ပဋိပက္ခတွေ မယုံကြည်မှုတွေ ပိုမို အရှိန်မြင့်လာနိုင်ပါတယ်။

အဓိကရုဏ်းတွေ ထပ်ဖြစ်လေမလား
http://burma.irrawaddy.org/news/2014/09/30/65339.html

Burma’s Wirathu and Sri Lankan Nationalist Monks Sign Agreement
http://www.irrawaddy.org/burma/burmas-wirathu-sri-lankan-nationalist-monks-sign-agreement.html
 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved