လိပ်ကျွန်း လူသတ်မှုကို ထိုင်း တရားရုံးက ပယ်ချရတဲ့ အကြောင်းရင်း

Thursday, October 9, 2014


ဗြိတိန်နိုင်ငံသား နှစ်ယောက် အသက်ခံရတဲ့ အမှုနဲ့ပက်သက်ပြီး နိုင်ငံတော် မှုခင်း ဆရာဝန် ဌာနက အကြီးဆုံး ဒေါက်တာကတော့ ပြောပြီး

အဓိက ကတော့ ဒီအမှုကို တရားရုံးက ပယ်ချလိုက်တဲ့ အချက်တွေက


၁) မှုခင်းဆရာဝန် မသုံးခဲ့ဘူး

၂) အမှု စစ်ဆေးရာမှာ တရားဝင် အသိအမှတ် ပြုထားတဲ့ ဥပဒေ အတိုင်း ၃ စု ပါဝင်လှုပ်ရှား ရမှာကို မလုပ်ဘဲ ရဲအဖွဲ့ တဖွဲ့ တည်းနဲ့ လုပ်သွားတယ်

၃ ဖွဲ့ ပါရမယ့် အဖွဲ့ တွေက ရဲဌာန၊ မှုခင်းဆရာဝန်၊ သက်သေအထောက် အထား လိုက်လံသိမ်းဆည်းသူ အဲ့သုံးဖွဲ့ ပါရမှာ

၃) အမှုမှာ စပြီးစစ်ဆေးတည်းက သေချာရေရာတဲ့ အချက် ဘာမှ မရှိဘဲ တရားခံတွေပဲ ထုတ်ပြနိုင်ခဲ့တာ တခုပဲ ရှိတယ်။ ကျန်တာ ဘာမှမရှိဘူး

၎) DNA စစ်တာ သူတို့ သတ်မှတ် ထားတဲ့ စည်းကမ်းတွေနဲ့ မကိုက်ညီဘူး။ အလောင်းကို မှုခင်း ဆရာဝန် စစ်ဆေးချက် မပါဘူး။ စစ်ဆေးချက် ပါလာ ရမှာတွေက သေဆုံသူ အနီးက ရာသီဥတု၊
အပူချိန်၊ လေတိုက်နှုန်း၊ ပင်လယ်နဲ့ နီးရင် ပင်လယ်ရေ တက်ချိန် ကျချိန်တွေပါ ထည့်ရမယ် DNA စစ်တယ် ဆိုတဲ့ လူတွေ စစ်တာလည်း နည်းစနစ် မမှန်ဘူး။ တံတွေး စစ်ရမယ်၊ သွေး စစ်ရမယ်၊ ဆီး စစ်ရမယ်၊ အသားစ သေးသေးပါ ပါရမယ်။

အလောင်းကို မှုခင်းဆရာဝန်က ဘာမှမစစ်ရဘဲ အလောင်း အပ်လိုက်တာ အလောင်းကို နေရာေ၇ွ့လိုက် တာတွေက လုံးဝ ပြန်လိုက်လို့ မရတဲ့ အချက်တွေမို့  ဒီအချက်တွေ ပြန်ဖြည့်ယူလို့ မရနိုင်သလို ဒါတွေကြောင့်လဲ လက်မခံနိုင်ဘူး ပြောတယ် တကယ်လို့ သာ စဖြစ်တည်းက မှုခင်းဆရာဝန်ကို တွဲပါမယ်ဆို ဒါဏ်ရာတွေရဲ့ အနက်၊ အကျယ်၊ လူသတ်တယ် ဆိုတဲ့ဆိုတဲ့ ပေါက်တူး လူသေ သွေးစက်တွေ ကျနေ ပေနေတဲ့ ကျောက်ဆောင်တွေ သဲမြေပြင်တွေ အကုန် စစ်ရမှာကို .. ဒေါက်တာမက ပြောသွားတယ်.. ဒါတွေကို မဒိန်းမှု လူသတ်မှု ဖြစ်တိုင်း ရဲတွေ လုပ်နေကျဖြစ်ပြီး ခုလို သူတို့ တွေချည်းပဲ လုပ်သွားတာကို နားမလည်ဘူး။ မသိတာလား မေ့တာလားတဲ့။

နောက်ဆုံး အချက်ကတော့ ကျွန်းသူကြီးရဲ့ ဘားမှာ ဒီသေသူတွေ နောက်ဆုံး နေထိုင် စားသောက် ခဲ့တဲ့ နေရာတွေက အစ မှုခင်း ဆရာဝန်တွေ ရဲတွေ သက်သေ သိမ်းဆည်း သူတွေ သုံးဖွဲ့ လုံး အမှုဖြစ်ဖြစ်ချင်း သွားစစ်ပြီး အဲ့သုံးဖွဲ့ ရဲ့ ပူးပေါင်း လုပ်ဆောင်ချက်နဲ့ တရားခံကို အဖြေထုတ်ရမှာပါတဲ့၊ သူတို့ ဟာသူတို့ စစ် သူတို့ ဟာ သူတို့ အဖြေထုတ် လာတာ တရားရုံးက ဘယ်လိုမှ လက်မခံနိုင်တဲ့ အချက်ပါ။

နောက်ပြီးတော့ ဒီအမှုဟာ ဆိုရှယ် နက်ဝေါ့ပေါ်မှာလဲ သံသယတွေနဲ့ သတင်းကြီးနေတဲ့ အတွက်.. တရားခံ တယောက်ကို မိပြီဆိုရင် ထပ်မေးစရာ ဘာသံသမှ မရှိဖြစ်ရမယ်တဲ့။ ပြီးရင် အမှုလာ မအပ်ခင် နောက်ဆုံးပိတ် သတင်းစာ ရှင်းလင်းပွဲ လုပ်ရတယ်။

သတင်းစာ ရှင်းလင်းပွဲတော့ လုပ်ပြီး မေးသမျှမဖြေနိုင်တဲ့ မှုခင်းနဲ့ ပတ်သက်တဲ့ အချက်တွေ ရှိခဲ့တာဟာလဲ တရားရုံးက လက်မခံနိုင်တဲ့ အချက်ထဲမှာ ပါတယ်။

အဲဒီ သတင်းစာ ရှင်းလင်းပွဲကိုလဲ ရဲတဖွဲ့ တည်းလုပ်လို့ မရပါဘူးတဲ့၊ ဥပဒေမှာ ၃ဖွဲ့ လုံး အများပြည်သူရှေ့ မှာ ရှင်းလင်းပွဲ လုပ်ရတာပါတဲ့။ မနေ့ က သူတို့ မဖြေနိုင်ခဲ့တဲ့ အချက်တွေရဲ့ ၈၀% ဟာ မှုခင်း ဆရာဝန်တွေနဲ့ သက်သေ အထောက် အထား ရှာဖွေ သိမ်းဆည်း သူတွေ ပူးပေါင်း လုပ်ဆောင်ခဲ့မယ်ဆို အဲ့ဒီလူတွေဖြေရမဲ့ အဖြေတွေပါ။

နောက်ဆုံး တခုကတော့ ကျွန်းသူကြီး ဘားပိုင်ရှင် သားဟာ အများအမြင်မှာရော အမှုသွား အမှုလာ အရပါ သံသယရှိသင့်သူ တယောက် ဖြစ်နေတာ ခိုင်လုံတဲ့ အထောက်အထားတွေ ရှိနေရက်နဲ့ မစစ်ဆေးဘဲ ဒီတိုင်း အမှုတွဲကို စုံပြီးဆိုပြီး လာအပ်လို့ မရပါဘူးတဲ့
သူ့ ကိုလဲ သုံးဖွဲ့ ဆိုင် စစ်ဆေးပြီး သူ့ အတွက် အဖြေက ရဲက ဒီအဖြေ ထွက်တယ်၊ မှုခင်း ဆရာဝန်က ဒီအဖြေ ထွက်တယ်၊ သက်သေတွေက ဒီလို ထွက်တယ် ဆိုပြီး ကျကျနန ချပြရဦးမှာ။

သူပြောတာ အဲ့လို စစ်မေးရမယ့် သူတွေ အများကြီး ကျန်ခဲ့တယ်လို့ ပြောပါတယ်

ဗွီဒီယိုလင့်----->>>>> https://www.youtube.com/watch?v=QCqBRRkGEA8

ဘာသာပြန် - Lu Gyi Min / Facebook

1 comments :

  1. Anonymous said... :

    Obviously this case was set up by the police. Chief of Koh Toh Island (Kamnam) is a mafia and untouchable. I believe his son is a culprit.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved