လိပ်ကျွန်း လူသတ်မှုကိစ္စ မီဒီယာတွေကို ထိုင်း ဝန်ကြီးချုပ် သတိပေး

Sunday, October 12, 2014

လိပ်ကျွန်း လူသတ်မှုနဲ့ ထိုင်းရဲက ဖမ်းဆီးထားတဲ့ မြန်မာ ၂ ဦးနဲ့ပတ်သက်ပြီး မီဒီယာတွေအနေနဲ့ ခန့်မှန်း
ပြောဆို ရေးသား ချက်တွေကို ရပ်တန်းက ရပ်ဖို့ မြန်မာနိုင်ငံက ပြန်လာတဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ် ကြီး ပရာယုဒ်ချန်အိုချာက မနေ့က သတိပေး ပြောလိုက်ပါတယ်။ 



 ထိုင်း ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ၊ ဓာတ်ပုံ- ရိုက်တာ 

ဘန်ကောက်မြို့ လေဆိပ်မှာ မနေ့က လုပ်တဲ့သတင်းစာ ရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ကြီး ပရာယုဒ်က လိပ်ကျွန်း လူသတ်မှု စုံ စမ်း စစ်ဆေးသူတွေကိုလည်း သေသေချာချာ လုပ်ဖို့ ပြောသလို လိပ်ကျွန်း လူသတ်မှုဟာ ထိုင်းသာမက နိုင်ငံတကာ က လည်း စိတ်ဝင်းစားနေတဲ့ အမှုဖြစ်လို့ မြန်မာ ၂ ဦးကို ရဲက ဖမ်းဆီးခဲ့တာ လည်း တရားခံ မဟုတ်ရင် ဖမ်းရဲမှာ မဟုတ်ဘူးလို့ လည်း ရဲတပ်ဖွဲ့ကို ကာကွယ်ပြောသွားပါတယ်။ 



မြန်မာနိုင်ငံ နေပြည်တော်မှာ ထိုင်း ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာနဲ့ သမ္မတ ဦးသိန်းစိန် တို့ တွေ့ဆုံစဉ်က ထိုင်း ရောက် မြန်မာ အလုပ်သမားတွေကို အကာအကွယ်ပေးရေး ဆွေးနွေးမှုမှာ လိပ်ကျွန်းလူသတ်မှုနဲ့ အဖမ်းခံ မြန်မာ ၂ ဦးအကြောင်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ 

အဲဒီတုန်းကတော့ ဗိုလ်ချုပ်ကြီး ပရာယုဒ်က မြန်မာ ၂ ဦးကို တရားခံ တိတိပပမပြောနိုင်သေးဘူးလို့ သမ္မတ ဦးသိန်းစိန်ကို ပြောဆိုခဲ့ပြီး ဒီကိစ္စကို မျှမျှတတ ကိုင်တွယ်သွားမှာပါလို့ အလေးအနက် ပြောခဲ့တယ်လို့ သိရပါတယ်။ 

လိပ်ကျွန်း လူသတ်မှု အမှုမှန်ပေါ်ပေါက်ရေးအတွက် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က မြန်မာ နိုင်ငံကို ထိုင်း ဝန်ကြီးချုပ်နဲ့အတူ အလည်အပတ်လာခဲ့တဲ့ ထိုင်း ဒု ဝန်ကြီးချုပ်ကို တိုက်တွန်း
ပြော ခဲ့ပါတယ်။

"လက်ရှိဖြစ်ပွားနေသော လိပ်ကျွန်းဖြစ်စဉ်နှင့် ပတ်သက်၍ အမှန်ပေါ်ပေါက်ရေး ဥပဒေနှင့် အညီ ဆောင် ရွက်ပေးပါရန် နှင့် မြန်မာသံရုံးမှ အထူးအဖွဲ့ဖြင့် လေ့လာနေမှုကို မှန်မှန်ကန်ကန်လေ့လာနိုင်ရေး စီစဉ်
ဆောင်ရွက်ပေးရန် မေတ္တာ ရပ် ခံပါကြောင်း၊ အပြစ်ရှိသူကို အပြစ်မပေးမိတာထက် အပြစ်မရှိသူကို အပြစ် မပေးမိရန် လိုသည်ဟူသော ဥပဒေ စကား အတိုင်း သေချာစွာ စိစစ်လုပ်ဆောင်ပေးစေလိုကြောင်း” လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တိုက်တွန်း ချက်ကို နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။

 မြန်မာ ၂ ဦး လိပ်ကျွန်း လူသတ်မှု တရားခံအဖြစ် ထိုင်းရဲတွေက ဖမ်းဆီးထားတာအပေါ် ထိုင်း လူမှု အသိုင်းအဝိုင်းတွေ၊ မြန်မာ အသိုင်းအဝိုင်းနဲ့ သူတို့နဲ့တွေ့ခဲ့တဲ့ မြန်မာသံကိုယ်စားလှယ်အဖွဲ့ကလည်း လက်ခံယုံကြည်မှု မရှိကြပါဘူး။ 

 မြန်မာ အစိုးရ ပြည်ထောင်စု ဝန်ကြီး ၁ ဦး ဦးဆောင်ပြီးတော့ အဖွဲ့တဖွဲ့ကိုလည်း ဒီအမှုနဲ့ပတ်သက်ပြီး စုံစမ်းမှုတွေ လုပ်ဖို့ ထိုင်းနိုင်ငံကို စေလွှတ်ဖို့ ပြင်ဆင်နေပါတယ်။ 

ထိုင်းရဲချုပ်ကတော့ မြန်မာ ၂ ဦးကို လိပ်ကျွန်း လူသတ်မှု တရားခံ ၂ ဦးအဖြစ် အခိုင်အမာထပ်ပြောပြီး တရားစွဲဆိုရေးကိစ္စ အချက်အလက် အခိုင်အမာ ထပ်တည်ဆောက်ပြီး ထိုင်း ရဲတပ်ဖွဲ့က ပြင်ဆင်နေတယ် လို့ လည်း ထိုင်း အခြေစိုက် သတင်း တွေက ရေးနေပါတယ်။ 

သေဆုံးသွားတဲ့ ဗြိတိန်အမျိုးသမီး မစ္စ ဟန်နာ ဝစ်သရစ်ခ်ျရဲ့ မိသားစုကတော့ သောကြာနေ့က လုပ်တဲ့ ဈာပန အခမ်းအနားမှာ ကြေညာချက် တစောင် ထုတ်ပြန်ပြီး ထိုင်းတရားရုံးမှာ တရားရင်ဆိုင်ရမယ့် သူတွေ ဟာ တရားခံ အစစ်တွေသာ ဖြစ်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။ 

ထိုင်း လူမှု ကွန်ရက်စာမျက်နှာ တခုဖြစ်တဲ့ CSI LA ကိုလည်း လိပ်ကျွန်း အမှုကို အဆက်မပြတ်သုံးသပ် ချက်တွေ ရေးသား နေလို့ ထိုင်း-မြန်မာ- ဗြိတိန် နိုင်ငံချင်း ဆက်ဆံရေးတွေ ထိခိုက်လာမယ်ဆိုရင် တာဝန် ယူဖို့ ထိုင်းအစိုးရက သတိပေးထား သလို နိုင်ငံရေး အရောင်ပါပြီး ဒါဟာ ရှပ်နီလို့ ခေါ်တဲ့ သက်ဆင်ရဲ့ အုပ်စုတွေလို့လည်း စွပ်စွဲထားပါတယ်။ 

CSI LA တော့ သူတို့ဟာ အရောင်မဲ့ ဖြစ်ပြီး အမှန်တရားနဲ့ တရားမျှတမှု ဖြစ်ရေးသာ တင်ပြနေတာဖြစ်ပြီး 
နိုင်ငံရေးလုံးဝ မပါဘူးလို့လည်း ရေးထားပါတယ်။ 

လိပ်ကျွန်း လူကြီး အေစီ ဘားဆိုင်ပိုင်ရှင်ရဲ့ သား ဖြစ်သူ Nom Sod ဟာ အခင်းဖြစ်တဲ့ နေ့က ဘန်ကောက် မှာ ရောက်နေ တယ် ဆိုတဲ့ သူ့ရှေ့နေရဲ့ သတင်းစာရှင်းလင်းပွဲက ဓာတ်ပုံတွေနဲ့ ထုတ်ပြန်မှုတွေအပေါ် သံသယဖြစ်စရာ ဓာတ်ပုံတွေနဲ့ ကြောင်းကျိုး မညီညွှတ်မှုကို ထောက်ပြထားပါတယ်။ 

ဒီအပြင် နိုင်ငံတကာကပါ အလွန်စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ လူသတ်မှု၊ မုဒိန်းမှုကြီးကို ကော့စမွေ ထိုင်းနိုင်ငံတောင် ပိုင်း လမ်းဘေးမှာ ပလာတာ ရောင်းတဲ့ မြန်မာ စကားပြန်အဖြစ် ထိုင်းရဲက အသုံးပြုခဲ့တာ နဲ့ပတ်သက်ပြီး မေးခွန်းထုတ် မှုတွေ လည်း CSI စာမျက်နှာမှာ တွေ့ ရ ပါတယ်။ 

လိပ်ကျွန်း လူသတ်မှုနဲ့ပတ်သက်ပြီး အဓိက ကွင်းဆက်ဖြစ်သူ စကော့တလန် လူမျိုး ရှောင် မက်အန်နာက 
လည်း ဒီကိစ္စကို မြန်မာတွေကို အပြစ်တင်တော့မယ်ဆိုတာ ဦးဏှောက် တခြမ်းသာရှိတဲ့သူတွေတောင် သိနိုင်တယ်လို့  ပြောဆိုထားပါတယ်။ 

CSI LA တင်ပြထားတဲ့ ရှောင် မက်အန်နာ ပြောထားတာတွေကတော့ 





စကားပြန်လုပ်သူ ကိုကမာဆိုသူနဲ့ ထိုင်း တီဗီချဲလ်နယ် အမှတ် ၃ နဲ့ အင်တာဗျူးဟာလည်း ကွဲလွဲချက်တွေ အများအပြား ပါဝင်နေသလို ဒီလို တီဗီနဲ့ ပြောဆိုမှုဟာ အမှုအတွက် ထိန်းသိမ်းရမယ့် စကားတွေကို ထုတ်
ပြော ခဲ့တဲ့အတွက် တရားစီရင် ရေးမှာ လွတ်လပ်ပြီး တရားမျှတတဲ့ တရားခွင်မဖြစ်မှာကို စိုးရိမ်စရာဖြစ် တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြကြပါတယ်။ 

မည်သည့် အာမခံချက်မျှ မရှိတဲ့ စကားပြန်လုပ်သူရဲ့ စကားပြန်ဆိုရာမှာ အမှားအယွင်းတွေ အများအပြား ရှိနေနိုင်ပြီး အဖမ်းခံ  မြန်မာ ၂ ဦးအတွက် အခက်တွေ့စေခဲ့တာလို့လည်း အများက သုံးသပ်နေကြပါတယ်။



အိမ့်သံစဉ် ~ 












1 comments :

  1. Unknown said... :

    ကျွန်​​တော်​တို့မြန်​မာလူမျိုး​တွေဟာဘယ်​အချိန်​ဘယ်​နိုင်​ငံ​ရောက်​​ရောက်​အမြဲအနိမ်​ခံဘ၀နဲ့ဘဲ​နေ​နေရတာဘယ်​​တော့မှလွတ်​​မြောက်​မှာလဲ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved