အဲဒီဆွေးနွေးပွဲမှာ ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ ထိုင်းရှေ့နေများ ကောင်စီက ပုဂ္ဂိုလ်တွေ အပါအဝင် မြန်မာသံရုံးတာဝန်ရှိသူတွေ၊ သံရုံးရဲ့ အထူးအဖွဲ့ဝင် FED နဲ့ MAT ဆိုခေါ်တဲ့ မြန်မာ အလုပ် သမား အရေး လှုပ်ရှားနေသူတွေနဲ့ ဖမ်းဆီးခံ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့ မိဘတွေ ပါဝင်ခဲ့ကြပြီး လိပ်ကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး ရှေ့ဆက်ပြီး ဘာတွေ လုပ်ဆောင်ကြမလဲဆိုတာကို ဆွေးနွေး တိုင်ပင် ခဲ့ကြပါတယ်။
အဲဒီလို ဆွေးနွေးပွဲ မလုပ်ခင်မှာ ဝင်းဇော်ထွန်းနဲ့ ဇော်လင်း တို့ရဲ့ မိသားစုတွေက မြန်မာသံရုံးရှေ့မှာပဲ လာရောက် ကြတဲ့ ထိုင်း- မြန်မာ သတင်းဌာနက သူတွေနဲ့ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။
အိမ့်သံစဉ် ~
အဲဒါကတော့ ပလိန်းကြီးလုပ်စားတာဟေ့
ခုမှလေဆိပ်ရာက်တဲ့ ဒီကောင်လေးတွေရဲ့ မိဘ ၂ ယောက်လက်ထဲ ထိုင်းဘုရင်မင်းကြီးပုံကိုင်ခိုင်းပြီး ထိုင်းလိုမတတ်တဲ့ မအေလက်ထဲ ငတို့ဘုရင်မင်းမြတ်ကြီးကို ချစ်မြတနိုးပါတယ်လို့ ထိုင်းလိုရေးထားတဲ့စာရွက်ထဲ့ပေးပြီး
ဓါတ်ပုံ့ရိုက်တာကတော့
အင်း
ပေါ်တင်ကြီးလုပ်စားရာကျ ပါတယ်ကွာ
အထှာတော့ကျ နေပြီ
ဒီအမှုနဲ့လဲ အဲလိုပတ်သက်တာမတွေ့မိပါဘူး