ဂျပန် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးဟာ ဂျပန်နိုင်ငံကို ဒီကနေ အောက်တိုဘာလ ၂၀ ရက်နေ့မှာ လာရောက် လည်ပတ်တဲ့ ဖေ့စ်ဘုတ် တည်ထောင်သူ စီအီးအို မစ္စတာ မာ့ခ် ဇူကာဘတ်နဲ့ တွေ့ဆုံပြီး ဖေ့စ်ဘုတ် ရဲ့ ၀န်ဆောင်မှု အသစ်ကိစ္စတွေ ဆွေးနွေးကြပါတယ်။
ဖေ့စ်ဘုတ် တည်ထောင်သူ မစ္စတာ မာ့ခ် ဇူကာဘတ်ဟာ ဖေ့စ်ဘုတ်ရဲ့ ၀န်ဆောင်မှု အသစ်နဲ့ပတ်သက်ပြီး ဂျပန်ကို လာရောက်တာဖြစ်တယ်လို့ ကျိုဒို သတင်းဌာနက ဖော်ပြပါတယ်။
သဘာဝ ဘေးအန္တရာယ်ကျရောက်ခံရမှုတွေမှာ ရင်ဆိုင်ကြုံတွေ့ရတဲ့ လူတွေရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေ အနေနဲ့ သူတို့ရဲ့ မိသားစုတွေဘေးကင်း လုံခြုံမှု ရှိရေး သတင်းအချက် မျှဝေပေးဖို့ ဖေ့စ်ဘုတ်ရဲ့ အစီ အစဉ်သစ်တခုပါဘဲ။
ဂျပန် ၀န်ကြီးချုပ်ဟာ သူကိုယ်တိုင်လည်း ဖေ့စ်ဘုတ်သုံးစွဲသူဖြစ်ပါတယ်။ ဒါကြောင့် ၀န်ကြီးချုပ်ရဲ့ ရုံးခန်းမှာ အခုလို တွေ့ဆုံမှု ဟာ ဖေ့စ်ဘုတ်သုံးသူ ၀န်ကြီးချုပ်နဲ့ ဖေ့စ်ဘုတ်တည်ထောင်သူတို့ရဲ့ တွေ့ဆုံမှုပါဘဲ။
ဖေ့စ်ဘုတ်ကို ဂျပန်နိုင်ငံမှာလည်း ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေကြတာပါ။ အထူးသဖြင့်တော့ သဘာဝ ဘေး အန္တရာယ်တွေ ကျရောက်တဲ့အခါ ဖေ့စ်ဘုတ်ကနေ သတင်းတွေ အချိန်မီဖြန့်ဝေပေးတာ၊ ပျောက်ဆုံးသူတွေကို ရှာဖွေတာတွေမှာ ဆက်သွယ်ရေးမြန်ဆန်မှု၊ အသုံးများမှုတွေကြောင့် ဖေ့စ်ဘုတ်ဟာ အလွန်အသုံးတည့် တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဂျပန် ၀န်ကြီးချုပ်နဲ့ ဖေ့စ်ဘုတ်တည်ထောင်သူတို့ဟာ ဖေ့စ်ဘုတ်ကို အကျိုးရှိရှိ လုံခြံစွာ အသုံးပြုနိုင်ရေး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတာပါ တဲ့။
အိမ့်သံစဉ် ~

I 'm agree to it, Mr Zucabath and his wife are Donation where need and what spend for everythings they are already gave. I am proud their family.