ကိုပါကြီးအကြောင်း ကာချုပ်နဲ့ စာနယ်ဇင်းကောင်စီ ပြောဖြစ်ခဲ့သလား

Thursday, October 23, 2014

.





အာဏာပိုင်တို့က အလွတ်သတင်းထောက်တဦးကို စက်တင်ဘာ ၂၂ ဝန်းကျင်မှာ ထိန်းသိမ်းခဲ့ပါတယ်။

ထိန်းသိမ်းခံရသူ ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သူ့ရဲ့ ဇနီးဖြစ်သူက မသန္တာက “အခုထိ ကျမ အမျိုးသားကို သေလားရှင်လား ဆိုတာ မသိရသေးဘူး။ ကျမ ကိုယ်တိုင် အဲဒီနယ်မြေ သွားခဲ့တာတောင် သူ့ကို မတွေ့ခဲ့ဘူး။
သူ့ကို ဖမ်းဆီးတုန်းက ပါတဲ့သူတွေက သူ့ခန္ဓာကိုယ် တခုလုံး ဒဏ်ရာတွေနဲ့လို့ ပြောကြတယ်” ဆိုပြီး  မကြာသေးခင်က ရှင်းပြပါတယ်။

ကိုပါကြီး ဘယ်ရောက်နေ ဘာဖြစ်နေမှန်း မသိကြောင်း သတင်းစာရှင်းလင်းပွဲလုပ်ချိန်မှာ ပြောတာပါ။

 

ဒီလလယ်ပိုင်းမှာတော့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  စာနယ်ဇင်းကောင်စီကို နေပြည်တော်မှာ  အချိန်အတော်ကြာ ခေါ်ယူ ဆွေးနွေးခဲ့ပါတယ်။
ဒါဟာ ပထမဆုံးအကြိမ် တွေ့ဆုံမှုပါပဲ။ ရုတ်တရက် ပေါ်ပေါက်လာတဲ့ တွေ့ဆုံမှုပါ။
ဆွေးနွေးတွေ့ဆုံတဲ့ပုံတွေကို ဗိုလ်ချုပ်မှူးကြီးရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အောက်တိုဘာ ၁၅ ရက်နေ့က တင်ပါတယ်။

အဲဒီအချိန်မှာ အလွတ်သတင်းထောက်တဦးကို ထိန်းသိမ်းလိုက်တာနဲ့၊  ထိန်းသိမ်းပြီး နောက်ဆက်တွဲဖြစ်ရပ်တွေကို ဗိုလ်ချုပ်မှူးကြီး သိပြီး ဖြစ်နိုင်သလို မသိသေးတာလည်း ဖြစ်နိုင်ပါတယ်။
စာနယ်ဇင်းကောင်စီကိုယ်စားလှယ်များလည်း ထိုနည်းလည်းကောင်းပါပဲ။

ဒါ့အပြင် ဆွေးနွေးကြတဲ့ထဲမှာ  အလွတ်သတင်းထောက်တဦး ထိန်းသိမ်းခံရမှုအကြောင်း ပါဝင်ခြင်း ရှိမရှိ မသိရပါဘူး။

အလွတ်သတင်းထောက်တဦး ထိန်းသိမ်းခံရပြီး နောက်ဆက်တွဲအခြေအနေတွေကို သက်ဆိုင်သူတွေက မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဆီကို တိုင်ကြားသင့်ပါတယ်။

ဖမ်းဆီးထိန်းသိမ်းခြင်းနဲ့ နောက်ဆက်တွဲ အခြေအနေတွေအကြောင်း အာာဏာပိုင်တို့က ဘယ်လို သတင်းထုတ်ပြန်မလဲ ဘယ်တော့ထုတ်ပြန်မလဲ ဆိုတာကို စိတ်ဝင်စားသူတွေက စောင့်မျှော်နေကြပါတယ်။

  • ဆက်စပ်
အလွတ် သတင်းထောက် ကိုပါကြီးကို အစိုးရ စစ်တပ် ဖမ်းဆီးထား
http://burma.irrawaddy.org/news/2014/10/21/66192.html

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved