ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့ မိဘတွေ ထောင်ဝင်စာတွေ့ခွင့်ရပြီ

Friday, October 24, 2014

လိပ်ကျွန်း လူသတ်မှုနဲ့ စွပ်စွဲခံရပြီး ထိုင်းနိုင်ငံ တောင်ပိုင်း ကော့စမွေကျွန်း အကျဉ်းထောင်မှာ ထိန်းသိမ်းခံ ထားရတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ဟာ ဒီကနေ့ သူတို့ရဲ့ မိဘတွေနဲ့ တွေ့ခွင့်ရပါပြီ။ 



 ဘန်ကောက်ကို ရောက်လာကြတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့ မိဘတွေ၊ ဓာတ်ပုံ- ကိုဘခက်( MAT) 

 မြန်မာသံရုံးက တာဝန်ရှိသူတွေ၊ ထိုင်းရှေ့နေများ ကောင်စီက လူတွေနဲ့အတူ ဝင်းဇော်ထွန်း နဲ့ ဇော်လင်း တို့ မိဘ တွေဟာ ကော့စမွေကျွန်းကို မနေ့ကတည်းက ရောက်ရှိနေခဲ့ကြတာပါ။ 

ဒီကနေ့ သောကြာနေ့မှာတော့ ကော့စမွေ အကျဉ်းထောင် တာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်နဲ့ ထောင်ဝင် စာ တွေ့ ကြမှာ ဖြစ်တယ်လို့ ထိုင်း လူ့အခွင့်အရေး အကျိုးဆောင်ရှေ့နေ မစ္စတာ ဆူရာပွန် ခေါင်ချန်တုခ်က ဘန်ကောက် ပို့စ် မှာ ပြောထားပါတယ်။ 

ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ဟာ သူတို့အတွက်လိုက်ပါပေးမယ့် ရှေ့နေတွေနဲ့ မကြာသေးခင်က တွေ့ဆုံခဲ့ စဉ် က ရဲစခန်းမှာ ဖိအားပေးလို့ ဝန်ခံထွက်ဆိုချက်ကို ပြန်လည်း ရုပ်သိမ်းကြောင်း လက်မှတ်ရေးထိုးပေး ခဲ့ပြီး ရှေ့နေ တွေကလည်း တရားစွဲအဖွဲ့ထံ တရားဝင်ပေးအပ်ခဲ့ပြီဖြစ်ပါတယ်။ 

ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ဟာ လိပ်ကျွန်း လူသတ်မှုကိစ္စနဲ့ ဖမ်းဆီးစစ်ဆေးခံရစဉ်မှာ ရိုက်နှက်ညှင်းပန်း ခံရ တာ အပါအဝင် လူ့အခွင့်အရေးချိုး ဖောက်ခံ ရမှုတွေ ရှိတယ်လို့လည်း ထိုင်း လူ့အခွင့်အရေး ကောင်စီ က ထုတ် ပြန်ထားပါတယ်။ 

ထိုင်းနိုင်ငံမှာ ဗြိတိန် ခရီးသွား ၂ ဦး ဆုံးရှုံးခဲ့တဲ့ ဗြိတိန်၊ ဒီဖြစ်ရပ်ကြောင့် ကမ္ဘာလှည့်ခရီးသွား ထိခိုက်သွား တဲ့ ထိုင်း နိုင်ငံနဲ့ လူသတ်တရားခံအဖြစ် စွပ်စွဲ ဖမ်းဆီးခံထားရတဲ့ မြန်မာ တို့ ၃ နိုင်ငံအကြား ဆက်ဆံရေး
aတွ မထိ ခိုက်အောင် ထိုင်းဝန်ကြီးချုပ်ကတော့ လုပ်ဆောင်သွားမယ်လို့ ပြောထားပါတယ်။ 

မြန်မာ ၂ ဦးကို လူသတ်တရားခံအဖြစ် ထိုင်းရဲက ဖမ်းဆီး ထုတ်ဖော်ပြသထားတာကို ထိုင်း နိုင်ငံ လူမှု အသိုင်း အဝိုင်း၊ ဗြိတိန် အစိုးရနဲ့ လူမှု အသိုင်းအဝိုင်း၊ မြန်မာ လူမှု အသိုင်းအဝိုင်းတို့က လက်ခံယုံကြည်မှု မရှိကြ ပါဘူး။ 

အခုဆိုရင် ဗြိတိန် နိုင်ငံ စကော့တလန်ယာ့ဒ် စုံထောက်အဖွဲ့ကလည်း လိပ်ကျွန်း လူသတ်မှု စုံစမ်းစစ်
ဆေးရေး အတွက် ထိုင်းဘုရင့် ရဲတပ်ဖွဲ့ကို အားဖြည့် ကူညီဖို့ ထိုင်းနိုင်ငံကို မနေ့ကတည်းက  ရောက်လာခဲ့ ပါပြီ။ 

အိမ့်သံစဉ် ~ 








2 comments :

  1. Anonymous said... :

    လက်ထဲမှာကိုင်ထားတဲ့ ထိုင်းစာကဘာရေးထားတာလဲဗျာ

  1. Kyi said... :

    ထိုင်းဘုရင်ကို ချစ်မြတ်နိုးပါသည်လား ဘာလား မသိဘူး. တယောက်က တနေရာမှာ တင်ထားတာဖတ်ဖူးတယ်.အမှုကို တကယ်ကျူးလွန်တယ်ဆို ဘုရင်က သနားလို့ လွှတ်ပေးတယ်ဆိုရင်တော့ ထားပါ.သူတို့ ကုသိုလ်ကံအတွက် ဝမ်းမြောက်ရမှာပါ.ကျနော်တို့တွေ တကယ်ဖြစ်စေချင်တာက အမှုမကျူးလွန်တဲ့ သူတို့ကို ထိုင်းအာဏာပိုင်တွေက အကွက်ဆင် ချောက်ချတာကို အများက သိစေချင်ပြီး တရားနည်းလမ်းမှန်မှန်နဲ့ လွတ်မြောက်လာခြင်းပါ.စကော့တ်လန်ယာ့နဲ့ဗြိတိန်ရဲတို့ပေါင်းပြီး အပီအပြင်လုပ်နေပါပြီ.ခွင့်ယူထားတဲ့ ရဲချုပ်နဲ့ သြစတေးလျကို ခရီးထွက်တော့မယ့် လိပ်ကျွန်းသူကြီးရဲ့သား သတင်းလည်း ကြားနေရပါပြီ.အမှန်တရားကို အမှားတရာလုပ်ထားသူတွေ ရင်မဆိုင်ရဲကြပါဘူး.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved