မြန်မာ စီးပွားစတင်သူများနေ့ စင်္ကာပူမှာ ကျင်းပ

Friday, October 17, 2014


 .



မြန်မာ တသိန်းကျော် ရှိနေတဲ့ စင်္ကာပူမှာ
မြန်မာ စီးပွားစတင်သူများနေ့ကို မကြာသေးခင်က ကျင်းပခဲ့ပါတယ်။

 


အိုင်တီနဲ့ ပတ်သက်တဲ့ဒီအစီအစဉ်အကြောင်း ဆက်သွယ်ရေးကုမ္ပဏီတခုရဲ့ ထုတ်ပြန်ချက်ကို ကူးယူပြီး မူရင်းအတိုင်း ဖော်ပြပေးလိုက်ပါတယ်။
 

၂၀၁၄ အောက်တိုဘာလ ၁၆ ရက်

စင်္ကာပူရောက် မြန်မာစီးပွား စတင်သူများနေ့ (Myanmar Startup Day in Singapore) ကို ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့က Silicon Strait Co.lab တွင် တက်ရောက်သူ ၆၀ ကျော်ဖြင့် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။
Myanmar Startup Day တွင် မြန်မာလူမျိုး စီးပွားစတင်သူ ၆ ဦးမှ ၎င်းတို့၏ App များ နှင့် စီးပွားရေး လုပ်ငန်းများဖြင့် စင်္ကာပူရောက် မြန်မာများကို ရှင်းလင်း ပြသ နိုင်ခဲ့သည်။

အလွတ်တန်း မိတ်ဆက်မျှဝေမှု အစီအစဉ်တွင် Startup များမှ ၎င်းတို့ ကုန်ပစ္စည်းနှင့် ဝန်ဆောင်များကို မိတ်ဆက်ခြင်းများ အပြင် တက်ရောက်သူများနှင့် အပြန်အလှန် မေးမြန်း နည်းပညာလိုအပ်ချက်ဆိုင်ရာ နဲ့ ဗဟုသုတများကို နှီးနှောဖလှယ်ခဲ့ကြသည်။

စင်္ကာပူတွင် နေထိုင်၊ လုပ်ကိုင်၊ ပညာသင်ကြားလျက် ရှိကြသော မြန်မာလူမျိုး ၁ သိန်းကျော် ရှိနေပြီး မြန်မာအခြေဆိုက် Startup များဟာ စင်္ကာပူရောက် မြန်မာတို့အတွက်လည်း သင့်လျော်သော ကုန်ပစ္စည်း များကို တီထွင်ဖန်တီးခြင်းဖြင့် လုပ်ငန်းတိုးတက်နိုင်ကြောင်း တွေ့ရသည်။

iMyanmar Group ရဲ့ CEO နှင့် Founder ဖြစ်သူ ကိုနေမင်းသူမှ “စင်္ကာပူကို ရည်ရွယ်ပြီး စီးပွားရေး လုပ်ရတာဟာ မြန်မာပြည်ရဲ့ ဒုတိယ မြို့တော်ကို ထမင်းချိုင့်ဆွဲ အိမ်အရောက်ပို့ပေး ရသလိုပါပဲ။ မြန်မာလူမျိုးတွေ အင်မတန် များပြားတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ စင်္ကာပူမှာ စီးပွားစတင်ပြီး အခြေခိုင်ပြီဆိုတဲ့ အခါ မြန်မာပြည်ကို ပြန်ရောက်လာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ စင်္ကာပူမှာ ရှိတဲ့ User များအတွက်ကို ဦးစားပေးပြီး ဖန်တီးကြိုးစားပေးလျက် ရှိနေဆဲ ဖြစ်ပါတယ်။” ဟု မှတ်ချက်ပေး ပြောကြားခဲ့သည်။

ပြည်ပရောက် မြန်မာများအတွက် ရည်ရွယ်သော အိမ်ခြံမြေမှသည် ကားအရောင်းအဝယ် App, မိုဘိုင်းဂိမ်း နှင့် အခြားခြားသော မတူညီ၊ ကွဲပြားခြားနား ကုန်ပစ္စည်း များကို  Myanmar Startup Day တွင် မိတ်ဆက်ပြသခဲ့ကြသည်။ မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်လာသော စီးပွားရေး အရှိန်အကြောင့် မြန်မာပြည်ရှိ နည်းပညာ လုပ်ငန်းနှင့် ဝန်ဆောင်မှုများကို ဖွံ့ဖြိုးစေရန် မြန်မာပြည်ရှိ ဆက်သွယ်ရေး ကဏ္ဍက တွန်းပို့မြင့်တင် ပေးသော အထောက်အကူ တစ်ခု ဖြစ်ခဲ့ ပါသည်။

ideabox Myanmar ဟာ Myanmar Startup Day ကို ဖြစ်မြောက်ရန် စုစည်းဖော်ဆောင်ခဲ့ပြီး မြန်မာ၏ အရည်အသွေးများ ပြသစေနိုင်တဲ့ အပြင် မြန်မာနှင့် စင်္ကာပူကြား ဆက်ဆံရေးကိုလည်း ခိုင်မာစေခဲ့ပါသည်။ စင်္ကာပူမှ မီဒီယာနှင့် နည်းပညာ လုပ်ငန်းမှလည်း တက်ရောက်လာပြီး မြန်မာပြည်၏ ဈေးကွက်ကို စိတ်ဝင်စား မှု ပြုလာကြသည်ကို မြင်တွေ့ရသည်။

“ideabox Myanmar ရဲ့ လုပ်ငန်းအတွေ့အကြုံအရ လက်ရှိ ရန်ကုန်မှာ နည်းပညာ ဂေဟစနစ် ကို စွန့်ဦး တီထွင် နေသူများဟာ နိုင်ငံတကာမှာ တွေ့ ကြုံ လုပ်ကိုင်လာသူများ ဖြစ်ပြီး များသောအားဖြင့် စင်္ကာပူက ဖြစ်ပါတယ်။” ဟု ideabox Myanmar ၏ ပူးတွဲတည်ထောင်သူ (co-founder) ဖြစ်သူ ကိုကောင်းစစ်က ရှင်းလင်း ပြောကြားခဲ့သည်။ ideabox Myanmar သည်  Ooredoo Myanmar က ထောက်ပံ့ အားပြုပေးထားသည့် စွန့်ဦးစီးပွားတီထွင်သူများ လူမှုအဖွဲ့တစ်ခု ဖြစ်ပြီး ရန်ကုန်နှင့် မြန်မာပြည်ရှိ အခြားမြို့များတွင် စွန့်ဦးစီးပွား တီထွင်သူများကို မြေတောင်မြောက်ပေးခြင်း၊ အရှိန်မြင့်တင်ပေးခြင်း နှင့် ပြိုင်ပွဲ၊ ပြပွဲမှာ ကျင်းပေးပေးလျက် ရှိသည်။
“ကမ္ဘာ့ နည်းပညာနဲ့ စီးပွားရေး လုပ်ငန်းများကို ထိတွေ့ထားတဲ့ ပြည်ပရောက် မြန်မာများဟာ မိမိကိုယ်ကိုယ် မေးခွန်းထုတ်နေကြပါပြီ။ ငါကော ဘယ်တော့လောက် ကွဲပြားခြားနားနေတဲ့ ပြည်တွင်းနဲ့ ပြည်ပ ကြားက နည်းပညာကဏ္ဍကို စိတ်ဝင်တစားနဲ့ ပါဝင် နှီးနှောလုပ်ကိုင်လာမယ်ဆိုတာ မြန်မာ Startup တွေကြား မိမိကိုယ်ကို ပြန်လည် မေးငှော့စရာ ဖြစ်လာပြီ ဖြစ်ပါတယ်။” ဟု ဆက်လက် ပြောကြားခဲ့သည်။

Ooredoo Myanmar ၏ လူမှုဆက်ဆံရေး နှင့် ပြန်ကြားရေး မန်နေဂျာ ဖြစ်သူ ဒေါ် သီရိကြာညိုမှ “ မြန်မာပြည်မှာ ဒေသခံ စွန့်ဦးတီထွင်သူများဟာ နည်းပညာ ဆိုင်ရာ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုများကို ထုတ်လုပ်နေပေမယ့် တစ်ခါတစ်ရံမှာ ဈေးကွက်ထဲ ရောက်ရှိအောင်၊ လုပ်ငန်းကျယ်ပြန့်သွားအောင် ပို့ဆောင်ဖို့ အထောက်အပံ့ကောင်းများ မရှိပါဘူး။
ကျွန်မတို့ရဲ့ တီထွင်ဆန်းသစ်မှုနဲ့ ပြုစုပျိုးထောင်မှု အစီအစဉ်များက စွန့်ဦးတီထွင်သူများကို အောင်မြင်တဲ့ အနေအထားတစ်ခုအထိ ရောက်အောင် တွန်းပို့ပေးလျက် ရှိပါတယ်။
ဒါ့အပြင် မြန်မာပြည်က လူဦးရေ သန်းပေါင်းမြောက်များစွာကြားထဲကနေ လေးစားအားကျ အတုယူ ရမယ့် စံပြ ပုဂ္ဂိုလ်အောင်မြင်သူများကို ထွက်ပေါ်လာစေရန်လည်း ကူညီထောက်ပံ့ပေးလျက် ရှိပါတယ်။” ဟု ဆက်လက် ပြောကြားခဲ့သည်။

 

IdeaBox အကြောင်း

အင်ဒိုနီးရှား နှင့် မြန်မာနိုင်ငံ အခြေစိုက် Ooredoo ကုမ္ပဏီမျး က ideabox ဟူသော စွန့်ဦးတီထွင်သူ လူငယ် ကိုယ်ပိုင် စီးပွါးရေး ပညာရှင်များ နှင့် ဖွဲ့စည်းထားသော လူမှုရေး နယ်ပါယ် တစ်ခု အထောက်အပံ့ပေးထားသည်။ လက်ရှိနည်းပညာ နယ်ပါယ်တွင် ရှိနေသော ကုမ္ပဏီများကို ပိုမိုတိုးတက်ကြီးပွါးလာအောင် စွမ်းအား မြှင့်တင်ခြင်း၊ အသစ်အသစ်သော စတင်ထူထောင်ခြင်းများကို မြေတောင် မြှောက်ပေးခြင်း နှင့် အနာဂါတ် မျိုးဆက်သစ် အင်တာနက် ကုမ္ပဏီများ ဖြစ်ပေါ်ရေးတို့ အတွက် ၄င်းတို့ အတူတကွ ပူးပေါင်းဆောင်ရွက် ကြမည် ဖြစ်သည်။     

 Ooredoo မြန်မာ ၊ Pollenizer နှင့် Silicon Straits ကုမ္ပဏီများ ပူးပေါင်းလျှက် ideabox ကို ထူထောင်ထားသည်။ တကြိမ် တခါမျှ မိုဘိုင်းဆက်သွယ်ရေး ဈေးကွက်တွင် အထိအတွေ့မရှိသော ၅၂ သန်းသော ပြည်သူများ အတွက် နည်းပညာ စီးပွါးရေး နယ်ပါယ် မှ အကြံထူး ဥာဏ်ထူးများ ကို ထုတ်ကုန်အဖြစ် ထူထောင်ရေး မှာ ယခု လက်ရှိ မျိုးဆက်များ အတွက် တသက်မှာ တခါ တွေ့ကြုံရသော အခွင့်အရေး အဖြစ် မြန်မာ့ သမိုင်းကြောင်းတွင် ကဗျဉ်းတင် ရစ်မည် ဖြစ်သည်။မြန်မာ ပြည်သူပြည်သားများ နှင့် အတူ ဒီဂျီတယ် တော်လှန်ရေး တွင် ပါဝင်ပြီး အနာဂါတ်သို့ အဟုန်ဖြင့် ခုန်ဝင်နိုင်ဖို့ ကြိုးစား ကြမှာ ဖြစ်သော ကြောင့် အထူး ဂုဏ်ယူဝမ်းမြောက်မိပါသည်။


   Ooredoo မြန်မာ၏ အကြောင်း

 အားလုံးအတွက် မြန်ဆန်သော အင်တာနက် နှင့် ကြည်လင် ပြတ်သားသော အသံ တို့ကို ယူဆောင် လာပေးသည်. Ooredoo မြန်မာသည် လူနေမှု ဘဝများ တိုးတက် ကောင်းမွန်စေမည်. ဝန်ဆောင်မှုများကို  ၂၀၁၄ သြဂုတ်လ တွင်  စတင် ပေးအပ်ပါသည်။
၂၀၁၃ ဇွန်လတွင် ဆက်သွယ်ရေး လိုင်စင်ရရှိပြီးနောက် တစ်နှစ်တာ ကာလအတွင်း Ooredoo သည် မြန်မာတို့၏နေ.စဉ်ဘဝများတွင် အရေးပါသော အစိတ်အပိုင်းတစ်ရပ် အဖြစ် ပါဝင်ခွင့်ရနိင်ရန် အခြေခံ အုတ်မြစ် ချလုပ်ငန်းများကို ဆောင်ရွက်နေခဲ့ပါသည်။
Ooredoo ၏ ဝန်ဆောင်မှုများ သည် မျိုးဆက်သစ် 3G ကွန်ရက် ကိုအသုံးပြုထား သဖြင့် မြန်မာတို့၏လူနေမှု ဘဝများ တိုးတက် ကောင်းမွန်စေမည့်အပြင် စိတ်လှုပ်ရှားဖွယ်ရာများပြည့်နှက်နေသော သုံးစွဲရလွယ်ကူသည့် ဆက်သွယ်ရေး စနစ်ဖြစ်ပါသည်။

ထို ဝန်ဆောင်မှုများ သည် မြန်မာတို.၏တစ်ဦးချင်း စွမ်းရည်များ တိုးတက် ဖွံ့ဖြိုးလာရန်၊ စီးပွားရေး လုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်နိုင်ရန်  များစွာ အထောက်အကူပေးပါမည်။

 





.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved