မြန်မာ ၂ ဦးကို ထိုင်းရဲက နှိပ်စက်မှု ရှိ၊ မရှိနဲ့ DNA ကို ဗြိတိန် ရဲ စစ်ဆေးမယ်

Monday, October 20, 2014

.



ဗြိတိန်ရဲတွေအနေနဲ့ လိပ်ကျွန်းမှာ သေဆုံးခဲ့သူ ဗြိတိန် နိုင်ငံသား ဒေးဗစ် မီလာနဲ့ ဟန်နာ ၀စ် သရစ်ခ်ျတို့နဲ့ ပတ်သက်ပြီး ထိုင်းရဲက လူသတ်သမားတွေလို့ ပြောဆိုထားတဲ့ မြန်မာ ၂ ဦးဟာ နှိပ်စက် ညှင်းပန်းပြီးခံ ၀န်ချက်ပေးခဲ့ တာ ဟုတ်၊ မဟုတ်နဲ့ သူတို့ ၂ ဦးရဲ့ DNA တွေကိုလည်း သီးခြား လွတ်လပ်စွာ ရယူစစ်ဆေးသွားဖို့ရှိတယ်လို့ ဗြိတိန် အခြေစိုက် ဘီဘီစီ သတင်းတပုဒ်က ရေးပါတယ်။ 






ဒီအကြောင်းကို ဧရာဝတီအွန်လိုင်း သတင်းတပုဒ်မှာလည်း British Police to Join Thai Investigation Into Koh Tao Murders ဆိုတဲ့ ခေါင်းစဉ်နဲ့ တွေ့နိုင်ပါတယ်။ http://www.irrawaddy.org/asia/british-police-join-thai-investigation-koh-tao-murders.html မှာ ဖတ်နိုင်ပါတယ်။


 လိပ်ကျွန်း လူသတ်မှုကိစ္စ ဗြိတိန် စကော့တလန်ယာဒ် ရဲအဖွဲ့က စုံစမ်းရေး ကိစ္စမှာ ထိုင်း ဘုရင့် ရဲတပ်ဖွဲ့နဲ့ ပူးပေါင်း ကူညီပေးဖို့ ကိစ္စကို ထိုင်းဝန်ကြီးက ခွင့်ပြုခဲ့တယ်လို့ ဗြိတိန် ၀န်ကြီးချုပ် ရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ပေမယ့် အခုတော့ ဒါဟာ လေ့လာသူတွေအဖြစ်နဲ့ ခွင့်ပြုခဲ့တာဖြစ်တယ် လို့ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာက သတင်းထောက်တွေကို ပြောလိုက်ပါတယ်။ 

အီတလီနိုင်ငံ မီလန်မြို့မှာ ကျင့်ပတဲ့ ၁၀ ကြိမ်မြောက် အာရှ - ဥရောပ ထိပ်သီးအစည်းအဝေး ASEM မှာ ဗြိတိန် ၀န် ကြီး ချုပ် ဒေးဗစ်ကင်မရွမ်းက ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်နဲ့ လိပ်ကျွန်း လူသတ်မှု စုံစမ်းစစ်ဆေးရေးမှာ ဗြိတိန်ရဲတွေက ကူညီပေးဖို့ တောင်းဆိုခဲ့တာကို ၀န်ကြီးချုပ်က ခွင့်ပြုခဲ့တယ်လို့ ဆိုထား ခဲ့တာပါ။ 

ဒါပေမယ့် အီတလီနိုင်ငံက ပြန်ရောက်လာပြီး ဗိုလ်ချုပ်ကြီး ပရာယုဒ်က ဗြိတိန်ရဲတွေရဲ့ ပါဝင်မှုဟာ လေ့လာသူ အဖြစ်သာလို့ ပြောဆိုပါတယ်။ 





အိမ့်သံစဉ် ~ 










1 comments :

  1. Kyi said... :

    ဧရာဝတီရေ.. ထိုင်းဝန်ကြီးရဲ့ ခုတမျိုးတော်ကြာတမျိုး စကားတွေနဲ့ ကျနော်တို့အားလုံးလည်း မချိတင်ကဲ စိတ်ဓါတ်ကျနေရပါပြီ.ဒီသတင်းရဲ့ခေါင်းစဉ်က သူ့ရဲ့အရင်စကားပါ.သတင်းထဲမှာ အဆုံးသတ်ထားတာက သူ့ရဲ့နောက်စကားပါ.UK ရဲက ဝင်စစ်ပေးမှာကို ဝမ်းသာရမလိုဖြစ်ပြီးမှ သတင်းအဆုံးမှာ သူတို့ကို ထေိုင်လေ့လာသူအဖြစ်ပဲ ခွင့်ပြုမယ်လို့ ဆိုလိုက်တော့ ဒီသတင်းခေါင်းစဉ်နဲ့ မကိုက်တော့ဘူးပေါ့.စစ်ဆေးခွင့်ပြုမယ်ပြောပြီးမှ စိတ်ပြောင်းပြီး ထိုင်လေ့လာသူအဖြစ်သာ ခွင့်ပြုတယ်ဆိုပြီး Negative ဆန်ဆန်လေးလုပ်ရင် ပိုကောင်းမှာပေါ့. Bangkok Post နဲ့ The Nation တို့မှတောင် တင်တဲ့ သတင်းချင်း မတူတာ အံ့သြရပါတယ်.ထိုင်းဝန်ကြီးချုပ်ဟာ သိပ်ကိုကမောက်ကမနိုင်တာလေ.သူ့ကိုဆန့်ကျင်ဆန်ဒပြသူ(စာလုံးပေါင်း မှားပါသည်.Font အခက်အခဲကြောင့်ပါ) တယောက်မှမတွေ့ခဲ့ပါဘူးတဲ့.မီဒီယာတွေက ဓါတ်ပုံတွေဆင်ရိုက်ပြီး လုပ်တာတဲ့.ကိုယ့်အိမ်ရှေ့မှာ ကိုယ့်ဖါသာ ဆိုင်းဘုတ်ကိုင် ဓါတ်ပုံရိုက်ပြီး သတင်းလုပ်ကြတာပါတဲ့.ဘယ်လောက် ရှက်ကြောပြတ်နေတဲ့ စကားလည်းနော်.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved