ပင်ကိုယ်စွမ်းရည်ပြိုင်ပွဲမှာ 1st runner up ရတဲ့ မျိုးကိုကိုစန်း

Tuesday, November 4, 2014

 Miss International Queen 2014 “နိုင်ငံတကာ လိင်တူချစ်သူများ အလှမယ် ပြိုင်ပွဲ” မှာ မြန်မာနိုင်ငံကိုယ်စားပြု ဖြစ်တဲ့ Miss International Queen Myanmar 2014  မျိုးကိုကိုစန်း (ခေါ်) ချစ်လမင်းငယ်ဟာ ပြိုင်ပွဲရဲ့ ပွဲစဉ်တခုဖြစ်တဲ့ Talent Competition(ပင်ကိုယ်စွမ်းရည်ပြိုင်ပွဲ) မှာ 1st runner up Best Talent ဆုကို ရခဲ့ပါတယ်။



မျိုးကိုကိုစန်း(ခေါ်) ချစ်လမင်းငယ် (ဓာတ်ပုံ- စိုင်းဇော်/ဧရာဝတီ)

 ဒီပြိုင်ပွဲဟာ နိုဝင်ဘာ ၁ ကနေ ၇ ရက်နေ့ အထိ ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ ကျင်းပနေတာပါ။

နိုင်ငံပေါင်း ၃၀ က အသက် ၁၆ နှစ်ကနေ ၃၆ နှစ်အတွင်း လိင်ခွဲစိတ်ပြီးသား ဒါမှမဟုတ် မခွဲစိတ်ရသေးပေမယ့် မိန်းမလိုဝတ်တဲ့ လိင်တူချစ်သူ အလှမယ်တွေ ဝင်ပြိုင်နိုင်တဲ့ပွဲလည်းဖြစ်ပါတယ်။

မျိုးကိုကိုစန်းဟာ ပင်ကိုယ်စွမ်းရည်ပြိုင်ပွဲ(Talent Competition )မှာ "တပင်တိုင်" အကနဲ့ ကပြယှဉ်ပြိုင်ခဲ့ပြီး 1st runner up ဆုကို ရခဲ့တာပါ။

“အခုဆိုရင် မယ်ပြိုင်ပွဲတွေဟာလည်း မြန်မာပြည်မှာ အရမ်းပဲခေတ်စားလာနေပါပြီ။ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်တွေကိုလည်း ကမ္ဘာကိုလည်း ချပြလို့ရတယ်။ အဲ့ဒီထဲကမှ မြန်မာ့အနုပညာ အကနဲ့ ယှဉ်ပြိုင်ခဲ့ပြီး အခုလို talent ဆုကို ရတဲ့အတွက် အရမ်းပဲ ၀မ်းသာ ဂုဏ်ယူပါတယ်” လို့ Miss Golden Land Myanmar Organization က National Director ကိုဝေယံအောင်က ပြောပါတယ်။

 အသက် ၂၀ အရွယ် မျိုးကိုကိုစန်း (ခေါ်) ချစ်လမင်းငယ်ဟာ Rainbow Ribbon Network Myanmar Orgnization က ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Miss Rainbow Ribbon 2013 Winner ဆုရှင်တဦးလည်း ဖြစ်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved