ကိုပါကြီးရဲ့ ရုပ်အလောင်း ဗုဒ္ဓဟူးနေ့မှာ ပြန်ဖော်မယ်

Tuesday, November 4, 2014

-



ယခင်လက ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ ကိုပါကြီးရဲ့ ရုပ်အလောင်းကို ပြန်ဖော်မယ်လို့  ရဲတပ်ဖွဲ့က အမိန့်ထုတ်ထားကြောင်း ကိုပါကြီးရဲ့ ဇနီးဖြစ်သူက တနင်္လာနေ့မှာ ပြောလိုက်ပါတယ်။

ရုပ်အလောင်းကို မွန်ပြည်နယ်ထဲက ရွှေဝါချောင်ဆိုတဲ့ ကျေးရွာမှာ မြှုပ်နှံထားခြင်းပါ။

ရဲတပ်ဖွဲ့ကတော့ ကိုပါကြီးဇနီး မသန္တာကို ဗုဒ္ဓဟူးနေ့ အဲဒီနေရာ သွားဖို့ အကြောင်းကြားထားတယ်လို့ သိရကြောင်း ဧရာဝတီအင်္ဂလိပ်ပိုင်းသတင်းတပုဒ်
http://www.irrawaddy.org/burma/burma-police-ordered-exhume-body-slain-journalist.html  မှာ ရေးထားပါတယ်။

ရုပ်အလောင်း ပြန်ဖော်ချိန်မှာ စစ်တပ်၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တို့ရဲ့ ကိုယ်စားလှယ်တွေ ရှိမယ်၊ ရဲတပ်ဖွဲ့၊ ဥပဒေ နဲ့ ဆေးဘက်ဆိုင်ရာ အရာရှိတွေ ရှိနေမယ် လို့ ဆိုပါတယ်။

မသန္တာကတော့ သူ့အမျိုးသားရဲ့ရုပ်အလောင်းကို ပြန်လည် ရယူလိုကြောင်း အစိုးရကို အကြောင်းကြားထားတယ်၊ ရန်ကုန်မှာ သင်္ဂြိုဟ်ချင်တယ်၊ အစိုးရက ခွင့်ပြုမယ် မပြုဘူး ဆိုတာတော့ မသိရသေးကြောင်း ပြောပါတယ်။


ကိုပါကြီးသေဆုံးမှုဟာ အိုဘားမား တက်ရောက်မယ့် အာဆီယံဒေသတွင်းအစည်းအဝေးအတွက် မြန်မာအစိုးရ အလုပ်များနေတဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

ဒီအချိန်ဟာ မြန်မာပြည်အတွက် အကဲဆတ်တဲ့အချိန်ပါ။ အစည်းအဝေးတွေကို နိုဝင်ဘာလနှောင်းပိုင်းမှာ ကျင်းပပါမယ်။

အမေရိကန်နိုင်ငံခြားရေးဌာနကလည်း ကိုပါကြီးသေဆုံးမှုနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာတဲ့စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ တိုက်တွန်းထားပါတယ်။
ကိုပါကြီးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးအဖွဲ့ဝင်ဟောင်းတဦးလည်း ဖြစ်ပါတယ်။

ဇာနည်ဝင်း

မူရင်းသတင်း

  • Burma Police Ordered to Exhume Body of Slain Journalist
http://www.irrawaddy.org/burma/burma-police-ordered-exhume-body-slain-journalist.html

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved