ဖုန်းနဲ့အင်တာနက်သုံးရင် Opera Mini က မြန်တယ်လို့ ဆိုတယ်

Tuesday, November 4, 2014

-



                         
တက်ဘလက်တို့၊ စမတ်ဖုန်းတို့မှာ အင်တာနက်သုံးတာ ပိုမြန်ဖို့အတွက်ဆိုရင် Opera Mini က ကောင်းတယ်လို့ တနင်္လာနေ့ထုတ် ကြေညာချက်တစောင်မှာ ရေးထားပါတယ်။


ဧရာဝတီဘလော့ကို ဝင်ရောက်ကြည့်ရှုသူတွေ  အသုံးအများဆုံးက လောလောဆယ်တော့ မြေခွေးမီးလျှံ Firefox ဖြစ်ပါတယ်။

အခု ကြေညာချက်မှာ ညွှန်းထားတဲ့ Opera ကိုတော့ အသုံး နည်းနေကြပါသေးတယ်။

Firefox  45%
Mobile Safari 19%

Chrome 11%
Internet Explorer  9%

Safari  5%
Mobile 3%

OS;FBSV  2%
Opera <1%

UCBrowser <1%
Maxthon <1%

  • ဧရာဝတီဘလော့ကို ဝင်ရောက်ကြည့်ရှုသူများရဲ့  ဘရောက်ဇာ အသုံးပြုမှု 
အင်တာနက်နှေးနှေးတွေ သုံးရသူတို့အဖို့တော့ မြန်မယ်လို့ ဆိုတာတွေကို စမ်းသပ် သုံးစွဲကြည့်ကြလေ့ရှိတာကြောင့် ... Opera အကြောင်း ညွှန်းထားတဲ့ ကြေညာချက်ကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

တယ်လီနောနဲ့ Opera တို့ ပူးတွဲ ထုတ်ပြန်ချက် ဖြစ်ပါတယ်။
  • ဇာနည်ဝင်း


တယ်လီနောနှင့် Opera မြန်မာနိုင်ငံတွင် လက်တွဲပူးပေါင်းမှုကို ကြေငြာ
တယ်လီနောအသုံးပြုသူများအတွက် ပိုမိုမြန်ဆန်ပြီး ပိုမိုဈေးနှုန်းသက်သာစေသော မိုဘိုင်းအင်တာနက် အတွေ့အကြုံ

ယနေ့တွင် တယ်လီနောနှင့် နော်ဝေနိုင်ငံမှ software ကုမ္ပဏီဖြစ်သော Opera တို့သည် မြန်မာနိုင်ငံရှိ ၄င်းတို့၏ customer များအတွက် ဈေးနှုန်းသက်သာစေသော မိုဘိုင်းအင်တာနက်အတွေ့အကြုံကို ခံစားနိုင်စေရန် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေငြာခဲ့ပါသည်။

ယနေ့မှစ၍ တယ်လီနောမြန်မာ အသုံးပြုသူများသည် Opera Mini browser ကို ၄င်းတို့၏ မိုဘိုင်းဖုန်းတွင် အသုံးပြုခြင်းဖြင့် ပိုမိုမြန်ဆန်ပြီး ပိုမိုဈေးနှုန်းသက်သာစေသော အင်တာနက်ကို ရရှိနိုင်မည်ဖြစ်ပါသည်။
ကလစ်တစ်ချက်နှိပ်ရုံဖြင့် ပြည်တွင်းနှင့် သက်ဆိုင်သော အင်တာနက်စာမျက်နှာများ၊ အခမဲ့ အသုံးပြုနိုင်သော Wikipedia နှင့် Facebook Zero (အခမဲ့ အသုံးပြုနိုင်သော Facebook) တို့ကို ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

Opera Mini သည် မိုဘိုင်းအင်တာနက်ကို လက်လှမ်းမီသော ဈေးနှုန်းဖြင့် အသုံးပြုနိုင်စေရန် အင်တာနက် စာမျက်နှာများကို ၉၀% ထိ အရွယ်အစားလျော့ချပေးကာ အင်တာနက်ကို ဈေးနှုန်းတန်းတူ ပေးရသော်လည်း ဒေတာပမာဏ ပိုမိုအသုံးပြုနိုင်အောင် ဆောင်ရွက်ပေးထားပါသည်။ တယ်လီနော အသုံးပြုသူအားလုံးသည် Opera Mini browser အား m.opera.com နှင့် တယ်လီနော မိုဘိုင်း portal ဖြစ်သော m.telenor.com.mm တို့တွင် အခမဲ့ ဒေါင်းလုပ်ရယူနိုင်ပါသည်။

"Opera က တယ်လီနောနဲ့ အားလုံးအတွက် အင်တာနက်အသုံးပြုတာ ပိုမြန်ပြီး ပိုကောင်းအောင် ကမ္ဘာတဝန်းမှာ  လက်တွဲဆောင်ရွက်နေတာပါ။ ပြီးတော့ အင်တာနက်ကို လွယ်လွယ်ကူကူအသုံးပြုနိုင်ဖို့လည်း ဆောင်ရွက်နေပါတယ်။" ဟု Opera Software ၏ အမှုဆောင်အရာရှိချုပ် Lars Boilesen မှ ပြောကြား ခဲ့ပါသည်။ "ကျွန်တော်တို့အတူပူးပေါင်းပြီး မြန်မာပြည်သူတွေ မိမိတို့တတ်နိုင်တဲ့ အရည်အသွေးမြင့် မိုဘိုင်း အင်တာနက် အသုံးပြုမှုအတွေ့အကြုံကို ရရှိစေရန်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။"

တယ်လီနောသည် မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၂၇ ရက်နေ့ ၂၀၁၄ မှစ၍ ၄င်း၏ကွန်ယက်ကို စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအချိန်တွင် အဓိကမြို့ကြီးသုံးမြို့ဖြစ်သော ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့ရှိ အရောင်းဆိုင်ပေါင်း ၁၃၀၀၀ ကျော်မှ ဈေးနှုန်းသက်သာသော မိုဘိုင်းဝန်ဆောင်မှုများကို ရရှိနေပြီဖြစ်ပါသည်။

"မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုနေတဲ့ customer တွေအတွက် အရည်အသွေး မြင့်ပြီး ဈေးနှုန်းသက်သာတဲ့ မိုဘိုင်းအင်တာနက်ကို ပေးအပ်နိုင်ဖို့ အဓိကကျပါတယ်။"
ဟု တယ်လီနော မြန်မာ၏ အမှုဆောင်အရာရှိချုပ် Petter Furberg က ပြောကြားခဲ့ပါသည်။ "Opera နဲ့ ပူးပေါင်းလိုက်ခြင်း၊ ပြီးတော့ customer တွေ မိုဘိုင်းအင်တာနက် ပိုသုံးနိုင်အောင် ဆောင်ရွက်ခြင်းတို့ဟာ လူအနည်းစုအတွက်သာ မဟုတ်ဘဲ အားလုံးအတွက် အင်တာနက်ရရှိအောင် ဆောင်ရွက်နေတဲ့ တယ်လီနောရဲ့ နောက်ထပ် ဥပမာတစ်ခု ဖြစ်ပါတယ်။" ဟု ထပ်မံပြောကြားခဲ့ပါသည်။

Opera Mini အသုံးပြု၍ အင်တာနက်စာမျက်နှာများ ပိုမိုကြည့်ရှုနိုင်ခြင်း

၂၀၀၆ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့သော Opera Mini သည် ယနေ့တွင် ကမ္ဘာတဝန်းရှိ အသုံးပြုသူ သန်း ၂၅၀ ကျော် ရှိပါသည်။
Opera Mini ၏ အဆင့်မြင့်နည်းပညာဖြင့် အင်တာနက်စာမျက်နှာများကို ချုံ့ပေးကာ အသုံးပြုသူများ၏ မိုဘိုင်းပစ္စည်းများထံ ပို့ဆောင်ပေးပါသည်။
ထို့ကြောင့် အင်တာနက်အသုံးပြုရာတွင် ပိုမိုချောမွေ့ မြန်ဆန်စေပါသည်။
တနည်းအားဖြင့် Opera Mini အသုံးပြုသူများသည် ၄င်းတို့၏ ဖုန်း (သို့) တက်ဘလက်များတွင် အင်တာနက် ကြည့်ရှုရာ၌ ဒေတာ အသုံးပြုမှုလျော့ကျသွားမည် ဖြစ်ပါသည်။
အသုံးပြုသူများ၏ ဒေတာ plan များကို အကောင်းဆုံး အသုံးပြုနိုင်မည် ဖြစ်ပါသည်။

တယ်လီနော အသုံးပြုသူများအတွက် ပြည်တွင်းနှင့် သက်ဆိုင်သော အင်တာနက်စာမျက်နှာများ

Opera Mini browser ၏ တယ်လီနော ဗားရှင်းကို ဒေါင်းလုပ်ရယူသူများသည် Speed Dial ဟုခေါ်သည့် Opera Mini ၏ shortcut screen မှ တဆင့် ပြည်တွင်းနှင့် သက်ဆိုင်သော အင်တာနက်စာမျက်နှာများကို ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ တယ်လီနော အသုံးပြုသူများသည် Speed Dial မှ တဆင့် ကလစ်တစ်ချက် နှိပ်ရုံဖြင့် အခမဲ့ အသုံးပြုနိုင်သော Wikipedia နှင့် Facebook Zero (အခမဲ့ အသုံးပြုနိုင်သော Facebook) တို့ကို ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် အသုံးပြုသူ ကြည့်လေ့ကြည့်ထရှိသော အင်တာနက် စာမျက်နှာများကို အခြေခံပြီး ၄င်းနှင့်သက်ဆိုင်သည့် content များကို အကြုံပြုပေးသည့် Opera Mini ၏ Smart Page ကိုလည်း အကောင်းဆုံး အသုံးပြုနိုင်မည် ဖြစ်ပါသည်။

Opera Mini ကို အင်တာနက်အသုံးပြုနိုင်သော မိုဘိုင်းဖုန်းအများစုတွင် အသုံးပြုနိုင်

Opera Mini ကို Android, Blackberry, Java ME, iOS, Symbian OS, Windows Mobile နှင် အခြား မိုဘိုင်းဖုန်း အမျိုးအစား အားလုံးနီးပါးတွင် အသုံးပြုနိုင်ပါသည်။ ၄င်းကို အခြေခံ feature ဖုန်းများမှ နောက်ဆုံးပေါ် smart ဖုန်းများအထိ ကမ္ဘာတဝန်းရှိ ဖုန်းမော်ဒယ် အမျိုးအစားပေါင်း ၃၀၀၀ ကျော်တွင် အသုံးပြုနိုင်ပါသည်။ Opera Mini သည် ကမ္ဘာတဝန်းရှိ မိုဘိုင်းအော်ပရေတာ ၁၃၀ ကို မိုဘိုင်းအင်တာနက် အသုံးပြုရာတွင် ကြုံတွေ့ရတတ်သော မြန်နှုန်းနှေးကွေးခြင်း (သို့) ကွန်ယက် သိပ်သည်းခြင်း စသည့် အခက်အခဲများကို ကူညီကျော်လွှားပေးနိုင်ခဲ့ပါသည်။

- ပြီး -

တယ်လီနောအကြောင်း

နော်ဝေးနိုင်ငံတွင် ရုံးချုပ်ရှိသော Telenor Group သည် မိုဘိုင်းဖုန်းအသုံးပြုသူ ၁၇၉ သန်း ရှိသော ကမ္ဘာ့ထိပ်တန်း မိုဘိုင်းဖုန်း အော်ပရေတာ ဖြစ်ပြီး အာရှနှင့် ဥရောပရှိ ဈေးကွက် ၁၃ ခုတွင် လုပ်ငန်းလုပ်ကိုင်လျက်ရှိပါသည်။ တယ်လီနောတွင် မိုဘိုင်းဆက်သွယ်ရေးသည် လူအနည်းငယ်အတွက်သာ မဟုတ်ဘဲ အများစုအတွက်ဖြစ်ပါသည်။ အာရှဒေသတွင် ၁.၁ ဘီလီယံ လူဦးရေထိ သက်ရောက်မှုရှိသော လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ၁၄၇ သန်းသော မိုဘိုင်းဖုန်းအသုံးပြုသူများကို အာရှဒေသ တွင် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံသည် တယ်လီနောအဖွဲ့၏ ဈေးကွက်အသစ် တစ်ခု ဖြစ်ပါသည်။ တယ်လီနောမြန်မာသည် ဆက်သွယ်ရေးလိုင်စင် အောင်သူအဖြစ် ၂၀၁၃ခုနှစ်၊ ဇွန်လ ၂၇ရက် တွင် ကြေငြာ ခြင်းခံခဲ့ရပြီး ၂၀၁၄ခုနှစ်၊ ဖေဖေါ်ဝါရီလ ၅ရက်တွင် မြန်မာအစိုးရနှင့် တရားဝင် လိုင်စင် သဘောတူညီမှုကို လက်မှတ်ရေးထိုးခဲ့ပါသည်။ မိုဘိုင်းကွန်ယက်အား စက်တင်ဘာလ ၂၇ရက် ၂၀၁၄ တွင် စတင်ခဲ့ပြီး ၅ နှစ်အတွင်း လူဦးရေ ၉၀% အား ကွန်ယက်ဖြန့်ကျက်နိုင်ရန် ရည်မှန်းထားပါသည်။
www.telenor.com.mm   / www.telenor.com

Opera Software ASA အကြောင်း

Opera Software သည် လူဦးရေ သန်း ၃၅၀ ကျော်ကို အင်တာနက်နှင့် ချိတ်ဆက်နိုင်ရန် ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုများကို ထုတ်လုပ်ပေးနေပါသည်။ ကမ္ဘာတဝန်းရှိ အော်ပရေတာ ၁၃၀ ကျော်သည် ၄င်းတို့၏ customer များကို အကောင်းဆုံးအင်တာနက် အသုံးပြုမှုကို ပေးအပ်နိုင်ရန် မိမိတို့နှင့် လက်တွဲဆောင်ရွက် လျက် ရှိပါသည်။ Opera ၏ မိုဘိုင်းကြော်ငြာ ဝန်ဆောင်မှုလုပ်ငန်းသည် publisher များကို ၄င်းတို့၏ content အား ဝင်ငွေအဖြစ်ပြောင်းလဲနိုင်စေပြီး ကုန်အမှတ်တံဆိပ်များကို ကမ္ဘာတဝန်းရှိ ကြည့်ရှုသူ သန်း ၈၀၀ ကျော်၏ မျက်မှောက်သို့ ရောက်ရှိစေပါသည်။ Opera အကြောင်းအသေးစိတ် သိရှိလိုပါက www.opera.com (သို့) Opera Facebook, Twitter နှင့် blogs.opera.com တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved