မြန်မာဝတ်စုံနဲ့ ဂျပန်မင်းသမီးများ

Tuesday, November 25, 2014


အခုနောက်ပိုင်း မြန်မာနိုင်ငံကို လာရောက်ကြတဲ့ နိုင်ငံခြားအနုပညာရှင်တော်တော်များများဟာ မြန်မာ့ရိုးရာ ၀တ်စုံလေးတွေကို မက်မက်စက်စက်ဝတ်ဆင်လို့ မြန်မာပြည်တွင်းမှာ သွားလာလှုပ်ရှား နေကြတာကို သတိ ထားမိလာပါတယ်။


ဓာတ်ပုံများ - Htun Htun Oo focus ဖေ့ဘုတ်မှ


သိပ်မကြာသေးခင်က လာသွားတဲ့ ကိုရီးယား K-pop အဖွဲ့တဖွဲ့ဖြစ်တဲ့ 2NE- 1 အဖွဲ့လာတုန်းကလည်း အဲ့ဒီ အဖွဲ့ဝင်အဆိုတော်တွေဟာ မြန်မာဝတ်စုံကို သေချာစွာ ၀တ်ဆင်ပြီး ရွှေတိဂုံဘုရားဖူးခဲ့ကြတာ ကိုရီးယားမှ ကိုရီးယားဖြစ်နေတဲ့ မြန်မာပရိတ်သတ်တွေရဲ့ အသည်းကို စွဲကိုင်လိုက်သလိုဖြစ်သွားခဲ့ပါသေးတယ်။

ကဲ အခုလည်း မြန်မာနိုင်ငံကို ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့ ရောက်ရှိနေတဲ့ ဂျပန် မင်းသမီး နှစ်ယောက်ကလည်း ထိုးနည်းလည်းကောင်းပါပဲ။ မြန်မာဝတ်စုံကို ကျကျနန ၀တ်ဆင်လို့ ရွှေတိဂုံဘုရားပေါ်တက်ခဲ့ကြတဲ့ သူမတို့ရဲ့ ဓာတ်ပုံလေးတွေကို ဖေ့ဘုတ်မှာ မြင်ရသူ ပရိတ်သတ်တွေကတော့ ချီးကျူး ထောပနာ ပြု ကြလို့ပေါ့။

သူတို့ဟာ မြန်မာဝတ်စုံတွေကို မြန်မာပြည်တွင်းသွားတဲ့ နေရာတော်တော်များများကို ၀တ်ဆင်သွားလေ့ရှိတာကို တွေ့ရပါတယ်။ ဒါဟာလည်း မြန်မာပရိတ်သတ်ကို စည်းရုံးနည်းတမျိုးပဲ မဟုတ်ပေဘူးလား။ မြန်မာဝတ်စုံ ကို နိုင်ငံခြားသူတယောက်အနေနဲ့ အခုလို မြတ်မြတ်နိုးနိုး ၀တ်ဆင်ပြလိုက်လေတော့ မသိတဲ့သူတောင် သတိထား မိလာမှာ အမှန်ပါပဲ။

ဒီ ဂျပန်မင်းသီး နှစ်ဦးရဲ့အမည်တွေကတော့ Ms Rina Takeda နဲ့ Ms Yuko Fueki တို့ပဲဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ Sony Entertainment နဲ့ Living Sound Entertainment က မြန်မာ ဒါရိုက်တာ ဦးဂျော်မရန်နဲ့ ဂျပန် ဒါရိုက်တာတွေ ပူးပေါင်းရိုက်ကူးမယ့် Yangon Runway အက်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ကြမှာပါ။ ဒီဇာတ်ကားမှာ သူတို့ နှစ်ဦးအပြင် ဂျပန်မင်းသားကြီး Sonny Chiba (ဆန်နီချီးဘား) နှင့် မြန်မာသရုပ်ဆောင်တွေပါ ပါဝင်မယ်လို့သိရပါတယ်။








0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved