မြန်မာအမျိုးသမီး ၁၁ ဦးနဲ့ တရုတ်လူမှောင်ခိုမှု

Tuesday, November 25, 2014

.


တရုတ်ပြည်  Inner Mongolia ဒေသ လူမှောင်ခိုသမားတွေဆီမှာ တွေ့ရတဲ့ အမျိုးသမီး ၁၄ ယောက်ထဲမှာ ၁၁ ယောက်က မြန်မာတွေဖြစ်တယ်လို့ တရုတ်အစိုးရသတင်းဌာနက တနင်္လာနေ့မှာ ထုတ်ပြန်တဲ့သတင်းက အွန်လိုင်းမှာ လူပြောများနေပါတယ်။
 
  • [Photo/Xinhua]

မြန်မာတွေထဲက ၅ ယောက်ဟာ အသက် ၁၈ နှစ် မပြည့်ကြသေးဘူး၊  သူတို့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့လက်ထဲ
လွဲပြောင်းပေးလိုက်ပြီ၊ လူမှောင်ခိုဂိုဏ်းအကြောင်း စုံစမ်းစစ်ဆေးမှုကို ၃ လကြာ ပြုလုပ်ပြီး အဲဒီလို လွဲပေးတာလို့ ဆိုပါတယ်။

ကျန်တဲ့သူတွေကို ပြန်ပို့မပို့ ဆိုတာကိုတော့ သတင်းထဲ ရေးမထားပါ။

ဒီအမျိုးသမီးတွေကို လူကုန်ကူးတယ်လို့ ယူဆရသူ ၃၁ ဦးကို ဖမ်းထားတယ်လို့လည်း အစိုးရမီဒီယာက ဆိုကြောင်း REUTERS http://www.irrawaddy.org/asia/china-seizes-31-trafficking-suspects-11-burmese-victims-released.html သတင်းတပုဒ်မှာ ရေးပါတယ်။

အမျိုးသမီးတွေကို အလည်အပတ်ခရီးသွားမယ်၊ အလုပ်ရှာပေးမယ်လို့ အယုံသွင်းပြီး ဇနီးမယားတွေအဖြစ် ရောင်းစားကြတယ်၊ တယောက်ကို အနည်းဆုံး ယွမ်ငါးသောင်းနဲ့  ရောင်းတယ်လို့ ဆိုတယ်။ အဲဒါဟာ ဒေါ်လာနဲ့ဆို ရှစ်ထောင်၊ မြန်မာငွေနဲ့ဆို သိန်းရှစ်ဆယ် ခန့် ရှိတဲ့ ငွေပမာဏပါ။

တရုတ်ပြည်မှာ အမျိုးသားဦးရေ ပိုများတဲ့အတွက် အိမ်ထောင်ပြုလိုသူ အမျိုးသားတွေအတွက် အခက်အခဲ ရှိနေတာကြောင့် လူကုန်ကူးမှုတွေ ဖြစ်နေရတဲ့သဘော သတင်းမှာ ရေးပါတယ်။

လူဦးရေများလွန်းတဲ့ တရုတ်နိုင်ငံမှာ အစိုးရက တအိမ်ထောင်ကို ကလေး တယောက်နှုန်းပဲယူကြဖို့ သတ်မှတ်ထားတာပါ။

တရုတ်နိုင်ငံမှာ သားယောက်ျားလေး ဦးစားပေးလေ့ရှိပြီး   မွေးလာမယ့် ကလေးက မိန်းကလေးဆိုတာကို ကြိုသိသူ အများအပြားက  ကိုယ်ဝန်ဖျက်ချအောင် လုပ်ဆောင်တယ် ဆိုတဲ့ အမှုတွေလည်း  အများအပြား ရှိနေပါတယ်။

အပေါ်ပုံကတော့ မြန်မာအမျိုးသမီးတွေကို ရောင်းဝယ် ကုန်ကူးတယ်လို့ ယူဆရသူတွေကို တရုတ်နိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Inner Mongolia မှာ   စက်တင်ဘာ ၃ဝ ရက်နေ့က နေရာပြောင်းရွှေ့နေတဲ့ပုံပါ။

စည်သူလင်း

ကိုးကား

www.irrawaddy.org/asia/china-seizes-31-trafficking-suspects-11-burmese-victims-released.html

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved