အသားအရောင်ခွဲခြားမှုကြောင့် တောင်ကိုရီးယားမှာ အလုပ်ရဖို့မလွယ်

Thursday, November 20, 2014





 ဓာတ်ပုံ- အယ်လ်ဂျာဇီးရား 

တောင်ကိုရီး ယား ကျောင်းတခုက အမေရိကန် နိုင်ငံသား လူမည်းကျောင်းဆရာရဲ့ အလုပ်လျှောက်လွှာကို ပယ်ချလိုက်တဲ့အကြောင်း မနေ့တုန်းက အယ်လ်ဂျာဇီးရား သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

အဲဒီ တောင်ကိုရီးယားကျောင်း တခုမှာ အမေရိကန် နိုင်ငံသား လူမည်း ကျောင်းဆရာတဦးဟာ အလုပ်
လျှောက်ထားခဲ့တာမှာ သူဟာ လူဖြူမဟုတ်လို့ အလုပ်မရခဲ့ပါဘူးတဲ့။ 

ကိုရီးယားဆိုင်ရာ လေ့လာသုတေသန ပြုနေသူ အမေရိကန်နိုင်ငံသား ရှောင်ဂျုန်း (Sean Jones) ဟာ ကျောင်းက သူ့အလုပ်လျှောက်လွှာ လက်ခံသူဆီက တယ်လီဖုန်း မက်ဆေ့ခ်ျရခဲ့တာက စိတ်ဝင်စားစရာပါ။ 

“ ဟေး… ရှောင်၊ စိတ်မကောင်းပါဘူး၊ သူတို့ တကယ်လိုချင်တာက လူဖြူ ဆရာတယောက်လို့ ငါ့ကို ပြော တယ်” လို့ ဆိုတယ်။ 

ဒီလိုနဲ့နောက်ရက်အနည်းငယ်အကြာမှာပဲ သူဟာ နောက်ထပ် ကျောင်းက ဆရာ အဖြစ်လျှောက်ထားတော့ လည်း အလားတူ မက်ဆေ့ခ်ျကို ရတယ်လို့ သတင်းက ဆိုပါတယ်။ 

ဆိုးလ်မြို့က ကျောင်းတာဝန်ရှိပုဂ္ဂိုလ် အမျိုးသမီးကတော့ ကိုရီးယားအကြောင်း လေ့လာနေသူ ဂျုန်းဆီကို အသားအရောင် နဲ့ပတ်သက်ပြီ မလေးမစား မက်ဆေ့ခ်ျပေးခဲ့မှုအတွက် တောင်းပန်စကား ဆိုခဲ့ရပါတော့ တယ်လို့ သတင်းက ဆိုပါတယ်။ 

ဒီကိစ္စက အချိန်တိုအတွင်းမှာ အတော်ပဲ လူသိများသွားတယ်လို့ အယ်လ်ဂျာဇီးရား သတင်းက ဆိုပါတယ်။ 


မူရင်းသတင်း 'They actually want a white teacher' ကို ဆီလျော်အောင်ဘာသာပြန်ထားသည်။

မူရင်းသတင်းလင့်ခ် - http://stream.aljazeera.com/story/201411191138-0024364



အိမ့်သံစဉ် ~


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved