Miss World Honduras 2014 အလှမယ် အသတ်ခံရ

Thursday, November 20, 2014


အသက် ၁၉ နှစ်အရွယ်ရှိတဲ့ Honduras  နိုင်ငံအလှမယ်တစ်ဦးဖြစ်တဲ့ Ms Alvarado နဲ့ အမတော်စပ်သူ Sofia Trinidad အသက်၂၃ နှစ် တို့ဟာ လွန်ခဲ့တဲ့ ကြာသပတေးနေ့က Santa Barara ရဲ့ မြောက်ဖက် မြို့ငယ်လေး တစ်ခုက Party တစ်ခုမှာ နောက်ဆုံးတွေ့ရှိခဲ့ပြီး  တပတ်လောက်အကြာမှာ  သူမတို့ နှစ်ဦးရဲ့ ရုပ်အလောင်းကိုရှာဖွေတွေ့ရှိခဲ့တယ်လို့ ဘီဘီစီ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။



ဓာတ်ပုံ - BBC world news

 သူမတို့နှစ်ဦးရဲ့ ရုပ်အလောင်းမှာ သေနတ်ဒဏ်ရာတွေကိုတွေ့ရှိခဲ့ပြီး မြစ်ထဲကို ပစ်ချခံခဲ့ရတယ်လို့ တာဝန်ရှိရဲအရာရှိတစ်ဦးဆိုပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ တရားခံနှစ်ဦးကို ဖမ်းဆီးထိန်းချုပ်ထားပြီး ဒီနှစ်ဦးထဲက တစ်ဦးက အမှုမှာကျူးလွန်ခဲ့တယ်လို့ ဝန်ခံထွက်ဆိုထားပါတယ်။ အသက်ခံရတဲ့အလှမယ် Ms Alvarado ဆိုသူဟာ ဒီဇင်ဘာလ ၁၄ ရက်နေ့ London မှာ ပြုလုပ်မယ့် Miss World 2014 မှာ Honduras နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် အလှမယ်တစ်ဦးလည်းဖြစ်ပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ Plutraco Ruiz နဲ့ သူ့ရဲ့အဖေါ် Aris Maldonado တို့နှစ်ဦးကို အခုအခါ ဖမ်းဆီးထိန်းချုပ်ထားပါတယ်။ Plutraco Ruiz ဆိုသူက အလှမယ်ရဲ့အမ Trinidad ဆိုသူရဲ့ချစ်သူလို့ သိရပါတယ်။ Honduras ရဲ့ National Police Director ဆိုသူက Mr Ruiz ဟာ ဒီ အမျိုးသမီငယ်နှစ်ဦးကို သေနတ်နဲ့ပစ်သတ်ပြီး သူ့ရဲအဖော်ဖြစ်သူ Maldonado ရဲ့အကူအညီနဲ့ မြစ်ချောင်းထဲကို ပစ်ချခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒီမှာ Mr Ruiz က ၀န်ခံထားပေမယ့် သူ့ရဲ့ အဖော်ဖြစ်သူဆီကနေ  အခုအချိန်အထိ ဘာဖြောင့်ချက်မှ မရသေးဘူးလို့ လည်းသိရပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ သူမရဲ့ရုပ်အလောင်းကို Cablotales လို့ခေါ်တဲ့ ရွာငယ်လေးအနီးက မြစ်ချောင်းနားမှာ တွေ့ခဲ့တယ်လို့ ကြေငြာခဲ့ပါတယ်။ သူမတို့နှစ်ဦးကို နောက်ဆုံးအသက်ရှင်လျက်တွေ့ရှိခဲ့တာဟာဆိုရင် November လ ၁၃ ရက်နေ့Birthday Party တစ်ခုကအပြန် တရားဝင် နံပါတ်ပြားမပါရှိတဲ့ ကားတစ်စီးပေါ်မှာ ဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

လာမယ့် ဒီဇင်ဘာလ Miss World 2014 မှာ သွားပြိုင်ဖို့အတွက် သူမဟာ ပြီးခဲ့တဲ့ ဧပြီလကမှ Miss World Honduras အလှမယ်ဆုကို ရခဲ့သူပါ။

Miss World ပြိုင်ပွဲရဲ့ Organizier တွေဘက်ကလည်း သေဆုံးသူ အမျိုးသမီးငယ်နှစ်ဦးအတွက် ၀မ်းနည်းမှတ်တမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ အလှမယ်နဲ့ပတ်သက်တဲ့ ဓာတ်ပုံတွေ အကြောင်းအရာတွေကို Honduras နိုင်ငံရဲ့ နာမည်ကြီးသတင်းစာတွေမှာ ဖော်ပြခဲ့ကြပြီး သူမကို အသိအမှတ်ပြုတဲ့အနေနဲ့ Miss World အလှမယ် ပြိုင်ပွဲအတွက် Hondars နိုင်ငံကိုယ်စားပြုအနေနဲ့ နောက်ထပ် မလွှတ်တော့ဘူးလို့လည်း ဖော်ပြခဲ့ကြ ပါတယ်။

Honduras နိုင်ငံဟာ ကမ္ဘာပေါ်မှာ လူသတ်မှုနှုန်းအမြင့်ဆုံးနိုင်ငံတခုဖြစ်တယ်လို့လည်း UN Report များအရ သိရပါတယ်။

Ref : BBC Worlds News


ကိုဝဏ္ဏ

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved