စစ်သွေးကြွစာရင်း ဘင်္ဂလားဒေ့ရှ်ကို အိန္ဒိယပေးအပ်

Saturday, November 22, 2014




-



ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ကို ပစ်မှတ်ထားတဲ့ စီမံချက်အပါဝင်   တိုက်ခိုက်မှုများနဲ့ ဆက်နွယ်နေတယ်လို့ယူဆရသူ ၁၁ ဦးပါ စာရင်းကို   ဘင်္ဂလားဒေ့ရှ်အစိုးရထံ ပေးအပ်လိုက်ကြောင်း အိန္ဒိယအာဏာပိုင်တို့က နိုဝင်ဘာ ၁၉ ရက်နေ့မှာ ပြောပါတယ်။


  
  • သြဂုတ်လက နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုးတလျှောက် ကင်းလှည့်နေတဲ့ အိန္ဒိယနယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင် အမျိုးသမီးများ   (Photo: Reuters)

အစ္စလာမ်မစ် စစ်သွေးကြွတွေကို နှိမ်နင်းရေးမှာ ၂ နိုင်ငံ   လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ရှိတဲ့အတွက် အဲဒီ ၁၁ ဦးစာရင်း  ပေးအပ်လိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတုန်းကလည်း ဘင်္ဂလားဒေ့ရှ် မတရားအသင်းဝင် ၂ ဦး  ဗုံးထောင်နေတုန်း သေဆုံးသွားရာကနေ သူတို့ဝန်ကြီးချုပ်ကို လုပ်ကြံမယ့် အစီအစဉ်ကို အိန္ဒိယလုံခြုံရေးအရာရှိတွေ ဖော်ထုတ်နိုင်ခဲ့ပါသေးတယ်။

အဲဒီ ၂ ဦးက Jamaat-ul-Mujahideen Bangladesh ဆိုတဲ့အဖွဲ့ကဖြစ်ဖွယ်ရှိပြီး တိုက်ခိုက်မှုတွေအတွက် အိန္ဒိယနယ်မြေမှာ ခိုအောင်း စီစဉ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီအဖွဲ့ဟာ ၂၀၀၅ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံတ၀န်း တရက်တည်း ပေါက်ကွဲမှု ၅ဝဝ နီးပါး ဖြစ်အောင် စီစဉ်ခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။ အာဏာပိုင်တို့က   နှိမ်နင်းရာမှာ အဲဒီအဖွဲ့  ကိုယ်ရောင် ဖျောက်သွားခဲ့ဲ့တယ်လို့ ယူဆရပါတယ်။

အိန္ဒိယမှာ အကြမ်းဖက်သမားတွေက ဒေသ နှစ်ခုကနေ လာတဲ့သဘော ဧရာဝတီစာမျက်နှာက သတင်းတပုဒ်
http://www.irrawaddy.org/asia/india-hands-dossier-bangladesh-terror-plots.html
 မှာ ရေးထားပါတယ်။

ပါကစ္စတန်ဘက်က စစ်သွေးကြွတွေကြောင့် အရှေ့ဘက်နယ်စပ် ပိုပြီး အာရုံစိုက်နေတုန်းမှာ ဂျီဟတ်အုပ်စုတွေက အနောက်ဘက်နယ်စပ်နား လှုပ်ရှားလာခြင်းပါပဲ။

အခုတော့ သံသယဖြစ်ဖွယ်လူစာရင်း အပြန်အလှန်ပေးပြီး ရှာဖွေဖော်ထုတ်စေတဲ့လုပ်ငန်း အပါအ၀င် ဘင်္ဂလားဒေ့ရှ်-အိန္ဒိယလုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ပိုများလာတယ်လို့ ဆိုပါတယ်။
ဇာနည်ဝင်း

  • ကိုးကား
India Hands Dossier to Bangladesh on Terror Plots



-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved