နိုင်ငံတကာပြိုင်ပွဲကို တက်လှမ်းမယ့် မြန်မာ့အလှမောင်

Sunday, November 9, 2014


မြန်မာပြည်မှာ မယ်ပြိုင်ပွဲတွေတစထက် တစ ကျယ်ပြန့်လာတာ  အလှမယ်တွေ ပေါလွန်းလို့ လူရွှင်တော်တွေကတောင် ပြက်လုံးတွေထဲ ထည့်ပျက်နေကြပါပြီ။ လမ်းမှာ ခလုတ်တိုက်မိလို့ ကြည့်လိုက်ရင် အလှမယ်တွေဖြစ်နေတယ် လို့ ဆိုသလိုပဲ အခု အားကျမခံ အလှမောင်ပြိုင်ပွဲတွေလည်း ဖြစ်လို့လာပြန်ပါပြီ။



Mister International Myanmar 2014 အောင်ချမ်းမြ (ဓာတ်ပုံ- Mister International Myanmar Official facebook)

နိုဝင်ဘာ ၈ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်ဂါးဒင်းဟိုတယ်မှာ Mister International Myanmar 2014 ပြိုင်ပွဲကို ကျင်းပခဲ့တာ ခါးနံပတ် ၁၁ အောင်ချမ်းမြ က အလှမောင် အဖြစ် မြန်မာနိုင်ငံကိုယ်စားပြု ရွေးချယ် ခံရပါတယ်။

သူကတော့ လာမယ့် ဖေဖော်ဝါရီလမှာ ကိုရီးယားနိုင်ငံမှာ ပြုလုပ်မယ့် Mister International ပြိုင်ပွဲကို သွားပြိုင်ရမှာပါ။ ပြိုင်ပွဲဝင်ဖို့ လျှောက်ထားခဲ့ကြတဲ့ အလှမောင် ၁၅၀ ထဲကမှ စကာတင်  ၁၆ ယောက်ကို ရွေးချယ်ပြီး သူတို့က Traditional ၀တ်စုံ၊ European ၀တ်စုံ၊ ရေကူးဝတ်စုံတို့နဲ့ ယှဉ်ပြိုင်ခဲ့ကြတာပါ။

အဲ့ဒီကနေမှ Mister International Myanmar 2014 အလှမောင်အဖြစ် အောင်ချမ်းမြ၊ 1st runner up ကို ဇင်မင်းထက်၊ 2nd runner up ထွန်းနိုင်ဦး၊ 3rd runner up ဟိန်းသန့်ဇင်၊ နဲ့ 4th runner up ကို မြတ်လမင်း တို့က ရခဲ့ပါတယ်။

Mister International ပြိုင်ပွဲဟာ ကမ္ဘာ့အလှမောင်ပြိုင်ပွဲတွေထဲက အကြီးဆုံးပြိုင်ပွဲတခုလည်းဖြစ်ပါတယ်။

ကဲ အလှမယ်တွေကို အွန်လိုင်း voting ပေးဖို့အတွက် ပရိတ်သတ်တွေကို အွန်လိုင်းမှာ အသီးသီး ဖိတ်ခေါ်နေကြသလို ဒီတခါ အလှမောင်တွေ အလှည့် ရောက်လာပြန်ပြီပေါ့။


1st runner up ဇင်မင်းထက်(ဓာတ်ပုံ- Mister International Myanmar Official facebook)


2nd runner up ထွန်းနိုင်ဦး(ဓာတ်ပုံ- Mister International Myanmar Official facebook)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved