ထိုင်းရဲအရာရှိကြီးအိမ်က သိမ်းမိတဲ့ ငွေနဲ့ ပစ္စည်းများ

Thursday, November 27, 2014


ထိုင်းနိုင်ငံက အထူးစုံစမ်းရေး ရဲတပ်ဖွဲ့ CIB အကြီးအကဲဟောင်း ဖွန်ပတ်ချရဖန် (Pongpat Chayaphan) ရဲ့ နေအိမ်မှာ ၄င်းပိုင် ဘတ်ငွေ ဘီလျံ များစွာနဲ့တကွ ရှေးဟောင်းပစ္စည်းတွေ၊ ရတနာတွေကို ထိုင်းရဲတွေက သတင်းစာ ရှင်းလင်းပွဲမှာ ပြသလိုက်ပါပြီ။ 


 ဓာတ်ပုံ- ဘန်ကောက်ပို့စ်

ဒီ ပစ္စည်းတွေဟာ ထိုင်းရဲအရာရှိတဦးအနေနဲ့ မတရားသဖြင့် ရရှိပိုင်ဆိုင်ထားတာလို့လည်း ဘန်ကောက် ပို့စ် သတင်းက ဆိုပါတယ်။ 




ရာထူးချခံထားရစဉ် အထူးစုံစမ်းရေး ရဲတပ်ဖွဲ့ CIB အကြီးအကဲဟောင်း Pongpat Chayaphan ကို အခြား ထိပ်တန်း ရဲအရာရှိကြီးတွေကို ထိုင်းရဲတွေက အခုဆို ဖမ်းဆီးထိန်းသိမ်းထားပြီး ထိုင်းဘုရင့်နန်းတော်ကို သိက္ခာကျဆင်းအောင် လုပ်ဆောင်မှုအပါအ၀င် ရာဇ၀တ်မှုတွေနဲ့ တရားစွဲဆိုထားပါတယ်။ 


 ရွှေငွေရတနာတွေနဲ့ မြေ၊ အိမ်စတဲ့ ပိုင်ဆိုင်မှု စာချုပ်များ 





 ပိုင်ဆိုင်မှု ကားတွေနဲ့ သတင်းစာရှင်းလင်းပွဲ လုပ်နေတဲ့ ထိုင်း အာဏာပိုင်များ







အိမ့်သံစဉ် ~ 


ဆက်စပ်သတင်း

ထိုင်း ရဲချုပ်တဦးအိမ်က ဘတ်ငွေ ဘီလျံနဲ့ချီ တွေ့ရှိ





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved