လူငယ်တွေရဲ့ ပရဟိတများ တွေ့နိုင်မယ့်ပွဲတော်

Thursday, November 27, 2014



လာမယ့် ဒီဇင်ဘာလ  ၇ ရက်နေ့ တနင်္ဂနွေနေ့မှာ ကျရောက်မယ့် နိုင်ငံတကာ စေတနာ့ဝန်ထမ်းများနေ့
( International Volunteer Day 2014) ကို မြန်မာနိုင်ငံမှာ ရှိတဲ့ လူငယ်ပရဟိအဖွဲ့တွေ စုပေါင်းပြီး ပျော်ပွဲရွှင်ပွဲတွေ မျက်လှည့်ပြပွဲ ရံပုံငွေ အမှတ်တရပစ္စည်း ရောင်းချပွဲ စတဲ့ အစီအစဉ်တွေနဲ့ ပြုလုပ်သွားမှာပါ။




နေရာကတော့ ပြည်သူ့ဥယျာဉ်၊ culture valley အနီး မှာပါတဲ့။ အချိန်ကတော့ နေ့ခင်း ၂ နာရီကနေ ည ၈ နာရီ အထိပါ။

ဒီပွဲတော်မှာ မြန်မာနိုင်ငံမှာရှိတဲ့ ပရဟိတအဖွဲပေါင်း ၃၀ ကျော်ရဲ့ ပြခန်းတွေထားရှိပြီး အဲ့ဒီပြခန်းတွေမှာ သူတို့အဖွဲ့တွေရဲ့ ပရဟိတအလုပ်တွေမှာ ဘယ်လို အချိန်ပေးပြီး ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း လုပ်ကိုင်နေကြရတာတွေကို မှတ်တမ်းအနေနဲ့ ပြသထားမှာမို့ လာရောက်သူအပေါင်း လေ့လာနိုင်မှာပါတဲ့။

အခုလိုပွဲတော်လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အချိန်ပေးပြီး အခမဲ့ အများအကျိုးဆောင်နေတဲ့ လုပ်ဖော် ကိုင်ဖက် ပရဟိတသမားအချင်းချင်း ဂုဏ်ပြုဖို့၊ ပရဟိတကို စိတ်ဝင်စားတဲ့ လူငယ်တွေ အနာဂတ် ပရဟိတ လုပ်ငန်းတွေမှာ ပိုပြီး ပါဝင်နိုင်ဖို့နဲ့ ပရဟိတသမားတွေ အချင်းချင်း ခင်မင်ရင်းနှီးပွင့်လင်းတဲ့ ဆက်ဆံရေး ထူထောင်နိုင်ဖို့ ဆိုတဲ့ အချက်တွေပါဝင်ပါတယ်။

ဒါ့ထက် ပရဟိတအလုပ်တွေမှာ အားကျိုးမာန်တက် လုပ်ဆောင်နေတဲ့ စာပေအနုပညာရှင် ဆရာမ ဒေါ်သန်းမြင့်အောင်ကလည်း “လူငယ်နဲ့ ပရဟိတလုပ်ဆောင်မှုများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောဖို့လည်း ရှိပါ သေးတယ်တဲ့။

မြန်မာပြည်က လူငယ်တွေ ဘယ်လောက်အထိ ပရဟိတ လမ်းကြောင်းမှာ စီးမျောနိုင်နေပြီလဲ၊ စီးမျောဖို့ ပြင်ဆင်နေပြီလဲဆိုတာ ဒီပွဲတော်ကနေ သက်သေပြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။


ကိုးကား - ရန်ကုန်အခြေစိုက် ပရဟိတလူငယ်များကွန်ရက်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved