စစ်တပ်ကိုယ်စားလှယ်များ လွှတ်တော်မှ ထွက်သွားရေး

Tuesday, November 18, 2014

-




လွှတ်တော်တွေထဲ စစ်အရာရှိတွေ ထိုင်နေတယ်။

တခါတလေ သူတို့ ထပြီး စကားပြောတယ်။

ရုံးသုံးအခေါ်က တပ်မတော်သား ကိုယ်စားလှယ်။

အရပ်အခေါ်က စစ်တပ်ကိုယ်စားလှယ်၊ တမတ်သား ကိုယ်စားလှယ်၊ မိုးကျရွှေကိုယ် စသဖြင့်။

သူတို့ အဲဒီလို လာထိုင်နိုင်ဖို့ ၂၀၀၈ အခြေခံဥပဒေမှာ စနစ်တကျ ရေးထားပြီးသား။

လွှတ်တော် ဆိုတာ ပြည်သူတွေ ရွေးကောက်လိုက်သူများပဲ လာထိုင်ရမယ့်နေရာပါ။
ခုတော့ အဲဒီ အခြေခံဥပဒေအရ သူတို့ လာထိုင်ခွင့် ရနေခြင်းပါ။
သူတို့ကို အဲဒီနေရာမှာ မရှိစေချင်ရင် အဲဒီဥပဒေကို ပြင်ရေးမှပဲ ရပါလိမ့်မယ်။

လွှတ်တော်ထဲမှာ ဆွေးနွေးစရာတွေ ရှိလာရင် ငြင်းကြ ခုံကြပါတယ်။
အကြီးအကျယ် ငြင်းခုံကြရပါတယ်။

ပြည်သူက ရွေးလိုက်တဲ့သူတွေကတော့ ပြည်သူတွေအတွက် ပြောရ ဆွေးနွေးရမှာပဲ။ စစ်တပ်က ရွေးလွှတ်လိုက်သူတွေကတော့ စစ်တပ်အသံထွက်ရမှာပဲ။

 ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက တခါတရံ .... ခင်ဗျားတို့တတွေ/ရှင်တို့တတွေ လွှတ်တော်ထဲမှာ မရှိသင့်ဘူး လို့  ပြောချင်ကြမှာပဲ။ တချိန်ချိန်မှာတော့ အဲဒီလို ပြောဖြစ်ကြလိမ့်မယ် ထင်ပါတယ်၊ လွှတ်တော်ဥက္ကဋ္ဌ မဟန့်တားအောင်တော့ စကားလုံးလှလှသုံးကြမယ် ထင်ပါတယ်။

 များများပြောကြမှဖြစ်မယ်။   လွှတ်တော်တွင်း လွှတ်တော်ပမှာ များများ ပြောကြမှ တိုင်းပြည်လုံခြုံရေး ကာကွယ်ရေး ဆိုတဲ့ အဓိက ကိစ္စတွေကိုပဲ 
သူတို့ ပြန်အာရုံစိုက်လိုရေးကို အနည်းနဲ့အများ အထောက်အကူပြုမှာဖြစ်ပါတယ်။
တိုင်းပြည်လုံခြုံရေး ကာကွယ်ရေးတို့ထက် ပိုအရေးကြီးတာ ဘာများရှိသေးလဲဗျာ။ အဲဒါတွေနဲ့တင်ကို တာဝန်ကြီးလွန်း အလုပ်ပိလွန်းနေပါပြီ။
ရုပ်မြင်သံကြားကထုတ်လွှင့်တဲ့ လွှတ်တော်အစည်းအဝေးတွေကို ကြည့်ပြီး တွေးမိတာတခုကို ရေးလိုက်တာပါ။

ပြည်သူ့ကိုယ်စားလှယ်များကတော့ သူတို့ကို အမြဲတွေ့နေရတာကြောင့် အဲဒီလို တွေးမိကြမယ် ထင်ပါတယ်။
 
  • စည်သူလင်း

.

1 comments :

  1. Ye Win said... :

    Burma will not get the democracy. The people of Burma will never get the democracy if the military is not the slave of the people. The government service men and all service providers are servants of the people. The biggest servant of the nation is king/ queen/ presidents/ prime ministers. The soldiers of Burma will one day become the slaves of the nations. Then we can call that Burma gain the democracy. The president / army can not declare war on the people. The rule of Law will send the offender to the jail whoever he/she is. That is what I call democracy.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved