အာနိုးရဲ့သားတော်မောင်နဲ့ တွဲနေတဲ့ မိုင်လေဆိုင်းရပ်စ်

Tuesday, November 18, 2014



မင်းသားကြီးအာနိုးရဲ့သားတော်မောင်နဲ့ အဆိုတော်မိုင်လေဆိုင်းရပ်စ် တွဲခုတ်နေတာ သုံးလေးရက်ရှိသွားပြီလို့ အမေရိကန်အွန်လိုင်းစာမျက်နှာတွေမှာ ရေးနေကြပါတယ်။

 

ဘယ်နေ့မှာ သူတို့ ဘယ်သွားကြတယ်၊ သူတို့ကို ဘယ်မှာမြင်လိုက်တယ် စသဖြင့် ရေးနေကြခြင်းပါ။

သူတို့နှစ်ယောက် ကြည်ကြည်နူးနူး ပျော်ပျော်ရွှင်ရွှင်ရှိနေကြတယ်၊ ကြည့်မဝ ဖြစ်နေကြတဲ့ပုံပဲ၊ ဘယ်ဆိုင်မှာ
  ညစာ စားကြတယ်၊ မိတ်ဆွေတချို့နဲ့ တွေ့ကြတယ် စသဖြင့် မျက်မြင်သက်သေတွေကို ကိုးကားပြီး ရေးနေကြတာပါ။

သူတို့ကတော့ ချစ်နေကြပြီ ဆိုတာကို လူသိရှင်ကြား ထုတ်ဖော်ပြောကြားတာမျိုး မရှိသေးပါ။

အတွင်းလူတယောက် ဆိုသူကတော့ မိုင်းလေဟာ အရင်ရည်းစားတွေထက် ဒီရည်းစားသစ်ကို ပိုသဘောကျပုံရတယ်လို့ ဆိုတယ်။ ခုတလော ဒီကလေးမ ပြုံးတာ ပါးစပ်က နားရွက်တက်ချိတ်တော့မယ်လို့လည်း ၀က်ဆိုက်တခုမှာ ရေးပါတယ်။

သူတို့ ၂ ယောက်စလုံး အသက် ၂၁ နှစ်၊ ရွယ်တူ။

ကောင်လေး နာမည်က ပက်ထရစ် ရှဝါဇနက်ဂါ။ သရုပ်ဆောင်၊ မော်ဒယ်။
သူ့ဖခင်လို ဗလကြီး မဟုတ်ပေမယ့် သူလည်း ခပ်တောင့်တောင့်ပါပဲ။

သူ့ထက် နာမည်ကြီးတာက ကောင်မလေးပါ။
ဒီကောင်မလေးအကြောင်းကိုတော့ ဒီဘလော့မှာ တခါတရံ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

သူ့အကြောင်း လူပြောများတဲ့ ဖြစ်ရပ်တခုကတော့ သံဘော်လုံးပေါ် ဝတ်လစ်စားလစ်နဲ့တင်ဆက်တဲ့ သူ့ရဲ့ တေးသရုပ်ဖော်ရုပ်သံတကားကို မကြာသေးခင်က အင်တာနက်မှာ ဖြန့်လိုက်ခြင်းပဲ ဖြစ်ပါတယ်။

  • စည်သူလင်း


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved