ထိုင်း ရဲချုပ်တဦးအိမ်က ဘတ်ငွေ ဘီလျံနဲ့ချီ တွေ့ရှိ

Monday, November 24, 2014


 ရာထူးချခံထားရတဲ့ ထိုင်းနိုင်ငံ ဗဟိုစုံစမ်းစစ်ဆေးရေး ဗျူရို CIB ထိုင်းရဲတပ်ဖွဲ့ ဒု ဗိုလ်ချုပ်ကြီး Pongpat Chayaphan ရဲ့ နေအိမ်မှာ ၄င်းပိုင် ဘတ်ငွေ ဘီလျံ များစွာကို ထိုင်းရဲတွေက မနေ့တုန်းက တွေ့ရှိခဲ့တယ် လို့ သိရပါတယ်။ 

 ဒု ဗိုလ်ချုပ်ကြီး Pongpat Chayaphan၊ ဓာတ်ပုံ- phuketgazette.net

ရဲ ဒု ဗိုလ်ချုပ်ကြီး ဖွန်ပတ် ချရာဖန် (Pongpat Chayaphan) ရဲ့ နေအိမ်ကို ထိုင်းရဲတွေက မနေ့တုန်းက ၀င်ရောက် ရှာဖွေခဲ့ ရာမှာ ဘီလျံ နှင့်ချီတဲ့ ထိုင်း ဘတ်ငွေ နဲ့ အမေရိကန် ဒေါ်လာတွေ၊ ရွှေချောင်းတွေ၊ ရှားပါး ဗုဒ္ဓ ရုပ်ပွားတော်တွေ၊ မြေဂရံ များစွာတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရဲသတင်းရင်းမြစ် တခုကို ကိုးကားပြီး ဖူးခက်ဂေဇက်သတင်းတပုဒ်က ဖော်ပြလာပါတယ်။ 

 ရဲ ဒု ဗိုလ်ချုပ်ကြီး ဖွန်ပတ်ချရာဖန် ဟာ CIB (Central Investigation Bureau)ရဲ့ အုပ်ချုပ်သူ အရာရှိလည်းဖြစ်ပြီး ရာဇ၀တ်မှုများစွာကို ကျူးလွန်တယ် ဆိုတဲ့ ပြစ်မှုနဲ့ တရားစွဲဆိုခြင်းခံထားရပြီး တာဝန် ကနေ ယာယီ ရုပ်သိမ်းခံထားရတာပါ။ 

ရဲ ဗိုလ်ချုပ်ကြီး ဖွန်ပတ်နဲ့ အတူ အပေါင်းအပါ ရဲအရာရှိ ၆ ဦးတို့ဟာ ယမန်နေ့ညပိုင်းက
ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီး အဲဒီနောက် သူတို့ကို စစ်ဆေးမေးမြန်းဖို့ ဘန်ကောက်အခြေစိုက် စစ်ဘက် အခြေစိုက်စခန်းကို  ခေါ်ဆောင်သွားခဲ့တယ်လို့လည်း သတင်းက ဆိုပါတယ်။ 

ထိုင်းဘုရင့်ရဲတပ်ဖွဲ့ ပြောခွင့်ရ ရဲ ဒု ဗိုလ်ချုပ်ကြီး ပရာဝတ် သ၀ုန်သီရီ (Prawut Thawornsiri)
Prawut Thawornsiri
က ရဲဗိုလ်ချုပ်ကြီး ဖွန်ပတ်နဲ့ အခြားရဲ အရာရှိ ၆ ဦးတို့ဟာ ရာဇ၀တ်မှု ကျူးလွန်ခဲ့မှုတွေအတွက် ၀န်ခံထားပြီးဖြစ်တယ်လို့ ပြောထားပါတယ်။ 

စွပ်စွဲထားတဲ့ ရာဇ၀တ်မှုတွေနဲ့ပတ်သက်ပြီး အရပ်သား ၃ ဦးလည်း ထွက်ပြေးတိမ်းရှောင်နေလို့ ထိုင်းရဲ တပ်ဖွဲ့က လိုက်လံ ဖမ်းဆီးနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။ အသေးစိတ်ကိုတော့ သတင်းစာ ရှင်းလင်းပွဲမှာ ဆက်ပြောသွားမယ်လို့လည်း သူက ဆိုပါတယ်။ 

အခုလို ထိုင်းနိုင်ငံမှာ ရဲအရာရှိကြီး တဦးရဲ့ အိမ်က တွေ့ရှိသိမ်းဆည်းလိုက်တဲ့ ငွေ၊ ရွှေ ပမာဏဟာ စံချိန်တင် အလွန်များတယ်လို့ သတင်းတွေက ရေးကြပါတယ်။ 


ကိုးကားသတင်းလင့်ခ်ကို အောက်တွင်ဖော်ပြထားပါတယ်။


http://www.phuketgazette.net/thailand-news/Billions-baht-found-police-generals-home/39564

အိမ့်သံစဉ် ~




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved