CPJ ရဲ့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆု ဦးအောင်ဇော် လက်ခံရယူစဉ်

Thursday, November 27, 2014


အမေရိကန်နိုင်ငံ နယူးယောက်မြို့ အခြေစိုက် သတင်းသမားများ အကာအကွယ်ပေးရေး ကော်မတီ (CPJ)က ချီးမြှင့်တဲ့ ၂၀၁၄ ခုနှစ် နိုင်ငံတကာသတင်းလွတ်လပ်ခွင့်ဆုပေးပွဲ အခမ်းအနားမှာ ဧရာတီသတင်းဌာန တည်ထောင်သူ အယ်ဒီတာချုပ် ဦးအောင်ဇော်က ကိုယ်တိုင်တက်ရောက် ဆုလက်ခံရယူခဲ့စဉ်က မှတ်တမ်းတွေဖြစ်ပါတယ်။ 

ဓာတ်ပုံ- ကျော်ဖြိုးသာ/ဧရာဝတီ

CPJ က ပေးအပ်တဲ့ ၂၀၁၄ ခုနှစ်အတွက် သတင်း လွတ်လပ်ခွင့်ဆု “ 2014 International Press Freedom Award” ကို ဧရာဝတီ အယ်ဒီတာချုပ် ဦးအောင်ဇော် အပါအ၀င် သတင်းသမား ၄ ဦးကို 
နိုဝင်ဘာလ ၂၅ ရက်နေ့က ချီးမြှင့်ပေးအပ်ခဲ့တာပါ။ 

၂၀၁၄ ခုနှစ် နိုင်ငံတကာသတင်းလွတ်လပ်ခွင့် ဆုရရှိသူများမှာ ဧရာဝတီ အယ်ဒီတာချုပ် ဦးအောင်ဇော်၊ အီရန် နိုင်ငံ မှ အလွတ် သတင်းထောက် ( ယခင် အီရန် အစ္စလမ်မစ် သတင်း အေဂျင်စီ IRNA အယ်ဒီတာဟောင်း) ဆီယမ်မတ်ခ် ဂါဒီရီ ( Siamak Ghaderi)၊ တောင်အာဖရိကနိုင်ငံက စီးတီး ပရက်စ် အယ်ဒီတာချုပ် မစ္စတာ ဖာရီယယ် ဟာဖာဂျီး(Ferial Haffajee) နဲ့ ရုရှား နိုင်ငံက Russian independent TV channel Dozhd အယ်ဒီတာချုပ် မီခေးလ် ဇိုင်ဂါ ( Mikhail Zygar ) တို့ဖြစ်ပါတယ်။ 













0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved