အာကာသထဲ ရုရှားလွှတ်လိုက်တဲ့ပစ္စည်းကို အမေရိကန်တို့ စောင့်ကြည့်နေ

Wednesday, November 19, 2014



အာကာသထဲကို ရုရှားက ပစ်လွှတ်လိုက်တဲ့ Object 2014-28E အမည်ရ ပစ္စည်း နဲ့ ပတ်သက်ပြီး အမေရိကန်တွေက စိုးရိမ်နေတယ်လို့ သိရပါတယ်။ 


  Object 2014-28E ရဲ့ လျှို့ဝှက်ချက်ကို သိနိုင်ပါ့ဦးမလား (Image: Alamy/Guardian)
အဲဒီလို ပစ်လွှတ်လိုက်ခြင်းဟာ အာကာသထဲက ဂြိုလ်တု တခုနဲ့ တခုကို တိုက်ခိုက်ဖျက်ဆီးဖို့ ဒါမှ မဟုတ် ဆိုက်ဘာ တိုက်ခိုက်မှု လုပ်ဖို့လား ဆိုပြီး မေးခွန်း ထုတ်နေကြတဲ့အကြောင်း Fox News သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ 

အာကာသထဲမှာ အခြား ရုရှားအာကာသ ဆိုင်ရာ အရာဝတ္တုတွေဆီ ဦးတည်ရွေ့နေတဲ့ အမျိုးအမည်မသိ သံသယဖြစ်ဖွယ်ပစ္စည်းဟာ  ဂြိုလ်တုပျက်စီးမှုကို ပြင်ဆင်ဖို့ လွှတ်လိုက်တာ ဖြစ်နိုင်သလို အာကာသထဲက အမှိုက်တွေ ရှင်းမယ့်ပစ္စည်းလည်း  ဖြစ်နိုင်တယ်လို့ တချို့သတင်းတွေမှာ ရေးနေကြပါတယ်။ 

  မေလတုန်းက ရုရှားဟာ ရော့ကက်တခုကို အာကာသထဲ လွှတ်တင်ခဲ့ပြီး  စစ်သုံး ဆက်သွယ်ရေး ဂြိုလ်တုနဲ့ ချိတ်ဆက်ခဲ့ပါတယ်။

ရုရှား အာကာသ တပ်မှူးက  အာကာသထဲမှာ စစ်ပွဲဆိုတာ ရှိလာမှာ မဟုတ်ပေမယ့် သူတို့ဟာ စစ်သားတွေဖြစ်လို့ အမြဲ အဆင်သင့်ဖြစ်အောင်တော့ နေမယ်လို့
၂၀၁၀  တုန်းက  ပြောခဲ့ဖူးတာကို ၀ါရှင်တန်ပို့စ်က ဖော်ပြခဲ့ဖူးပါတယ်။

 အမေရိကန် အာကာသ ပညာရှင် လူးဝစ်က  အာကာသထဲမှာ တွေ့နေရတဲ့ ရုရှားရဲ့ ထူးဆန်းဖွယ် အရာဝတ္တုနဲ့ပတ်သက်ပြီး အမြန်ဆုံး တုံ့ပြန်သွားမှာလို့ ပြောဆိုထားတယ်။



ကိုးကား

 http://www.foxnews.com/science/2014/11/18/us-worries-russia-put-satellite-killer-in-space/

အိမ့်သံစဉ် ~ 



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved