MTV ရဲ့ Rebel Music မှာ မြန်မာပြည်အကြောင်း ထည့်ထားတယ်

Thursday, November 20, 2014




MTV ရဲ့ အထင်ကရစီးရီးတခုမှာ မြန်မာပြည်အကြောင်း ထည့်သွင်း ရိုက်ကူးထားတယ်လို့ အေပီသတင်းဌာနသတင်းတပုဒ်မှာ ရေးထားပါတယ်။


  • (ဂီတဘက်ဆိုင်ရာဆုတွေ ရရှိထားတဲ့ ပေါ့ပ်ဂီတသမား Inez Jasper က အမျိုးသမီးအခွင့်အရေး၊ မိသားစုတွင်းအကြမ်းဖက်မှု ပပျောက်ရေးတို့နဲ့ ပတ်သက်ပြီး လှုပ်ရှားသူပါ။ သူနာပြု၊ ကလေး ၂ ယောက်မိခင် အိမ်ထောင်သည်လည်း ဖြစ်ပါတယ်)

မတ်လမှာ ကြည့်ခွင့်ရမယ့် အဲဒီ ရုပ်သံမှာ မြန်မာပြည်အကြောင်းအပြင် .... အီရန်၊ ဆီနီဂေါ၊ တူရကီ၊ ဗင်နီဇွဲလားတို့ဆီက ဖြစ်ရပ်တွေအကြောင်းပါ ထည့်သွင်းထားပါတယ် တဲ့။

မြန်မာပြည်အကြောင်း ဘာတွေ ပါမယ်၊ ဘယ်နေရာတွေ သွားရောက် ရိုက်ကူးထားတယ် ဆိုတာကတော့ မသိရသေးပါဘူး။

ပါဝင်တဲ့ လူငယ်အနုပညာရှင်တွေကတော့ အမေရိကန်ဌာနေတိုင်းရင်းသားတွေလည်းဖြစ်၊ လူမှုအသိုင်းအဝန်းအတွက် လှုပ်ရှားသူတွေလည်းဖြစ်ပါတယ်။

အမေရိကဌာနေတိုင်းရင်းသားတွေ ကိုယ့်ကိုယ်ကိုယ် သတ်သေနှုန်း များပြားလာနေတာ၊ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု၊ မိသားစုတွင်းအကြမ်းဖက်ခြင်း အစရှိတဲ့ အကြောင်းအရာတွေကို  ဖော်ကျူးဖို့၊ အကောင်းဘက်ကနေ ရှုမြင်ဖို့ အသင့်တော်ဆုံးကတော့ ဂီတပါပဲလို့ သူတို့က ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ အစပြုခဲ့တဲ့ ဒီစီးရီးက အီဂျစ်၊ အာဖဂန်နစ္စတန်တို့ဘက်က အခြေအနေတွေ ဖြစ်ရပ်တွေကို လူငယ်အနုပညာရှင်တွေက ဖော်ကျူးခဲ့ကြပါတယ်။

  MTV  ရဲ့ အထွေထွေမန်နေဂျာလည်းဖြစ်၊ ဒီဒီ စီးရီးရဲ့ ပဲ့ကိုင်ရှင်လည်းဖြစ်တဲ့  Nusrat Durrani က နိုင်ငံတကာကို ထုတ်လွှင့်မယ့် ဒီစီးရီးကို တော်တော်လေး အမွန်းတင်ထားပါတယ်။

ကမ္ဘာမှာဆိုးရွားတဲ့ဖြစ်ရပ်တွေ ပဋိပက္ခတွေချည်းပဲမဟုတ်ဘူး၊ လှပကောင်းမွန်တဲ့ အကြောင်းအရာ တွေလည်း ရှိပဗျာ၊

ဒီလို အကြောင်းအရာတွေကနေ ကျနော်တို့ မျှော်လင့်စရာတွေ၊ စိတ်ဓာတ်ခွန်အားတွေ ရပါလိမ့်မယ်လို့ သူက ဆိုတယ်။

 အမေရိကန်ဌာနေ တိုင်းရင်းသားတို့အကြောင်း ပါဝင်တဲ့ "Rebel Music: Native America" ကိုတော့ MTV2, mtvU တို့မှာ မကြာခင် ထုတ်လွှင့်တော့မယ်၊  iTunes, Hulu စသဖြင့်သော နေရာတွေမှာ အခမဲ့ ဒေါင်းလုတ်ရယူနိုင် သို့မဟုတ် နားဆင်နိုင်ပါလိမ့်မယ်။

Rebel Music ဆိုတာ တိုက်ရိုက် ဘာသာပြန်ရင်  သူပုန်ဂီတ။
ကမ္ဘာအရပ်ရပ်လူငယ်တွေက လတ်တလော နိုင်ငံရေး လူမှုရေး အခင်းအကျင်းတွေကို အပြောင်းအလဲလုပ်ဖို့ တောင်းဆိုကြတယ်ဆိုတဲ့ သဘော သက်ရောက်အောင် သူပုန် ဆိုတဲ့ စကားလုံးကို သုံးထားတာ ဖြစ်ဖွယ်ရှိပါတယ်။

ဇာနည်ဝင်း

 
  • (အမေရိကန်အင်ဒီးယန်း၊  လူမှုအသိုင်းအဝန်းအတွက် လှုပ်ရှားသူ လူငယ်ဂီတသမားများဖြစ်တဲ့ Mike Cliff, Frank Waln,  Inez Jasper, Nataanii Means)

  • (Rebel Music ကြော်ငြာတခု)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved