ဓာတ်ပုံ- စိုင်းဇော်/ ဧရာဝတီ |
ပိုလန်နိုင်ငံမှာကျင်းပခဲ့တဲ့ Miss Supranational 2014 ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ဟန်သီဟာ ဒီဇင်ဘာလ(၅)ရက်နေ့မှာ မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာခဲ့ပြီး ပြိုင်ပွဲမှာ တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံ တွေအပြင် သူရခဲ့တဲ့ Miss Supranational Asia Oceania 2014 & နဲ့ Miss Internet ဆုတွေအကြောင်း၊ သူဆက်လျှောက်မယ့် အနုပညာလုပ်ငန်းတွေအကြောင်းအရာတွေကို ပရိသတ်တွေအတွက် ဧရာဝတီက ဟန်သီနဲ့ သီးသန့်တွေ့ဆုံမေးမြန်းခဲ့ပါတယ်၊
မေး။ အခုလိုဆုတွေရခဲ့တဲ့အတွက် ဟန်သီရဲ့ခံစားမှုကိုအရင်ဟြေပြပေးပါလား။
ဖြေ။ ဟန်သီ့အတွက်က အရမ်းပျော်ရွှင်ရတယ်ပေါ့နော်၊ ဟန်သီဆုရတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ်တောင် မယုံဘူး။ ဒီလိုဆုနှစ်ဆုတောင်ရမယ်လို့ မှန်းလည်းမမှန်းထားဘူးလေ၊ ဟန်သီက မြန်မာနိုင်ငံအတွက် ဂုဏ်ယူတဲ့စိတ်တခုထဲနဲ့ ယှဉ်ပြိုင်ခဲ့တယ်၊ ဆုရသွားတဲ့အချိန်မှာ မြန်မာနိုင်ငံအတွက် ဂုဏ်ဆောင်နိုင်ပြီဆိုတဲ့ ၀မ်းသာတဲ့စိတ်၊ဂုဏ်ယူတဲ့စိတ်တွေကြောင့်အများကြီး ပျော်ရွှင်ရပါတယ်ရှင့်။
မေး။ ဟန်သီရတဲ့ Miss Supranational Asia Oceania 2014 ဆုအကြောင်းကိုလည်း ဟြေပြပေးပါ။
ဖြေ။ ဟန်သီရတဲ့ဆုကျတော့ အာရှတိုက်ကြီးတခုလုံးကို represent လုပ်တာပေါ့နော်၊ အဓိကဆုကြီးကျတော့ တကမ္ဘာလုံးကို ကိုယ်စားပြုတာပေါ့နော်။
မေး။ ဟန်သီကအသက်အငယ်ဆုံး ပြိုင်ပွဲဝင်လို့ သိရတယ်၊အဲ့ဒီအပေါ်မှာရော တခြားအလှမယ်တွေက ဘယ်လိုဆက်ဆံလဲ။
ဖြေ။ ဟုတ်ပါတယ်၊ ဟန်သီက ဒီပြိုင်ပွဲမှာ အသက်အငယ်ဆုံးပြိုင်ပွဲဝင်ပါ၊ ဟန်သီ့ကို ညီမလေးတယောက်လိုပဲအမြဲကြည့်ကြပါတယ်၊ တွေ့တာနဲ့ Baby ဆိုပြီးခေါ်ကြတယ်၊ ညီမလေးတယောက်လိုပဲ အမြဲဆက်ဆံကြတယ်၊ နေထိုင်ဆက်ဆံရတာလည်း တကယ့် ညီအမတွေလိုပါပဲ။
မေး။ Organization နဲ့ရောစာချုပ်ချုပ်ထားတယ်ဆိုတော့ ဘယ်လိုချုပ်ထားတာလဲ။
ဖြေ။ ဟုတ်ကဲ့၊ စာချုပ်က နောက်နှစ်သြဂုတ်လမှ ပြည့်မှာပါ၊ တနှစ်စာချုပ်ပါပဲ။
မေး။ Organization နဲ့ပူးပေါင်းပြီး ဘာတွေလုပ်မယ်လို့ စဉ်းစားထားလဲ။
ဖြေ။ ဟုတ်ကဲ့၊ ဟန်သီပရဟိတလုပ်ငန်းတွေလည်း လုပ်ဖို့ရှိပါတယ်၊ လုပ်လည်းလုပ်ဖြစ်မှာပါ၊ အကယ်လို့များပရဟိတလုပ်ငန်းတွေနဲ့ ပရဟိတအလုပ်တွေရှိရင်လည်း ဟန်သီ့ကို ဟြေလို့ရပါတယ်၊ ဟန်သီတတ်နိုင်သလောက်လုပ်မှာပါ၊ အခုလောလောဆယ်တော့ Organization နဲ့ညှိနှိုင်းပြီး အနုပညာအလုပ်တွေလုပ်ဖြစ်နေပါတယ်။
မေး။ သာမန်လူငယ်ဘ၀နဲ့ Miss ဆိုတဲ့အလှမယ်တယောက်ဖြစ်လာတဲ့ ဘ၀ကဘယ်လိုကွာခြားသွားလဲ။
ဖြေ။ ပထမဆုံးအနေနဲ့တော့ လူတွေရဲ့အမြင်တွေက အများကြီးကွာခြားသွားပါတယ်၊ အလှမယ်တယောက်ဖြစ်လာတော့ မြန်မာနိုင်ငံဂုဏ်ဆောင်တဲ့ အလှမယ်တယောက်ဖြစ်လာတယ်ပေါ့နော်၊ ဟန်သီ့အတွက်ကတော့ ဘာမှထူးထူးခြားခြားတော့ မဖြစ်သွားပါဘူး၊ ဟန်သီကြိုးစားလိုက်တဲ့အရာတွေက အကျိုးရှိလာတယ်လို့ပဲ ဟြေလို့ရပါတယ်ရှင့်။
မေး။ ဟန်သီဘာမှမဖြစ်ခင်တုန်းက အနုပညာလောကထဲဝင်ဖို့ကို ဟန်သီ့မေမေက ကျမသမီးလေးကို ကြည့်ရှု့စောင့်ရှောက်ပေးပါလို့ စာနယ်ဇင်းဆရာ၊ဆရာမတွေကို လိုက်ပြီးအပ်နှံပေးရတယ်နော်၊ အခုချိန်မှာ ဟန်သီ့မေမေလည်း ပျော်နေမယ်ဆိုတော့ ဟန်သီ့မေမေကိုယ်စားရော ဟန်သီဘာဟြေချင်လဲ။
ဖြေ။ ဟုတ်ပါတယ်၊ ဟန်သီ့မေမေကအမြဲ ဟန်သီ့အပေါ်မှာ Supporting ပေးပါတယ်၊ အဲ့ဒီအတွက်လည်း ဟန်သီအများကြီးဝမ်းသာတယ်၊ ဟန်သီ့ကို ဒီလိုမျိုးတွေလိုက်လုပ်ပေးတဲ့အတွက်လည်း မေမေ့ကို ဟန်သီအများကြီးကျေးဇူးတင်ပါတယ်၊ ဟန်သီ့မေမေက အားလုံးအပေါ်မှာလည်း အမြဲကောင်းပါတယ်၊ ဟန်သီ့ကိုလည်းအမြဲဟြေပါတယ်၊ ကိုယ့်ပျော်ရွှင်မှုအတွက်ထက် လူတိုင်းရဲ့ပျော်ရွှင်မှုက ပိုအရေးကြီးတယ်လို့ဟြေတဲ့အတွက် ဟန်သီကလည်း လူတိုင်းအတွက်ကို အမြဲစဉ်းစားပေးပါတယ်ရှင့်။
မေး။ Miss တယောက်ဖြစ်လာတော့ ဟန်သီရဲ့နေထိုင်မှုပုံစံတွေကရော ဘယ်လိုနေထိုင်လဲ။
ဖြေ။ အဓိကကတော့ အသွားအလာ အနေအထိုင်ကို အမြဲဆင်ခြင်ရတယ်ပေါ့နော်၊ လူတွေရဲ့အရိပ်အကဲကိုအမြဲကြည့်ပြီးနေထိုင်ပါတယ်၊ ဟန်သီလူတိုင်းကို အမြဲပြုံးပြတတ်ပါတယ်၊ လူတိုင်းနဲ့ကို အဆင်ပြေအောင်ဟြေဆိုနေထိုင်မယ်လို့ ဆုံးဖြတ်ထားပါတယ်ရှင့်။
မေး။ ဟန်သီရဲ့ Congratulation Party ကမိဘတွေက စီစဉ်ပေးတာလား၊ Organization ကစီစဉ်ပေးတာလား။
ဖြေ။ ဟန်သီ့မိဘတွေက စီစဉ်ပေးတာပါ၊ ဟန်သီတောင်မသိပါဘူးရှင့်။
မေး။ ပြိုင်ပွဲဝင်နေတဲ့အချိန်မှာ ဘယ်လို Result မျိုး ရဖို့မျှော်မှန်းခဲ့လဲ။
ဖြေ။ ဟန်သီကတော့ဆုရသည်ဖြစ်စေ၊ဆုမရသည်ဖြစ်စေ မြန်မာနိုင်ငံအတွက်အကောင်းဆုံးဖြစ်ဖို့ စိတ်တခုထဲနဲ့ပဲ ယှဉ်ပြိုင်ခဲ့တာပါ၊ ဘယ်လိုဆုကြီးတော့ရမှဆိုတဲ့ စိတ်ကြီးတော့ ဟန်သီထည့်မထားခဲ့ပါဘူးရှင့်။
မေး။ Miss တယောက်ဆိုတာက ကိုယ့်ရဲ့ Personal Profile ကိုအမြဲကောင်းအောင်နေရတာဆိုတော့ ဘယ်လိုကောင်းအောင်နေထိုင်ပြီး လက်ခံကျင့်သုံးမယ်လို့ စဉ်းစားထားလဲ။
ဖြေ။ ဟန်သီဟိုမှာထဲက ကိုယ်တဦးတယောက်ထဲအတွက်မဟုတ်ဘဲ လူတွေအားလုံးအတွက် စဉ်းစားပေးပါတယ်၊ ဟန်သီ ကိုယ်ပျော်ရွှင်တာမဟုတ်ဘဲ လူတိုင်းကိုပဲပျော်ရွှင်စေချင်တယ်၊ မေမေကလည်း ဟန်သီ့ကို ဘာလုပ်သင့်တယ်ဆိုတာကို အမြဲဟြေပါတယ်၊ မေမေဟြေတာကိုလည်း ဟန်သီနားထောင်ပြီး နေထိုင်ပါတယ်။
မေး။ အနုပညာအလုပ်တွေကရော ဘာတွေဆက်လုပ်ဖို့ရှိလဲ။
ဖြေ။ ကြော်ငြာတွေရိုက်ဖို့ လက်ခံထားတာတွေရှိပါတယ်၊ ဂျာနယ်၊မဂ္ဂဇင်းတွေလည်း ရိုက်ဖို့ရှိပါတယ်၊ ဟန်သီသရုပ်ဆောင်အလုပ်ကိုလည်း လုပ်ဖြစ်မှာပါ၊ ကိုယ်နဲ့လိုက်မယ့်ဇာတ်ရုပ်နဲ့ ကိုယ်လုပ်လို့ရမယ့်အချိန် ကိုယ်နဲ့လိုက်မယ့်နေရာဆိုရင် ဟန်သီလုပ်ဖြစ်မှာပါ၊ ဟန်သီနဲ့လိုက်ဖက်ပြီး အဆင်ပြေမယ့်ပုံစံတွေ ကမ်းလှမ်းလာရင်တော့လက်ခံဖြစ်မှာပါရှင့်။
မေး။ ပညာရေးအတွက် ကျောင်းဆက်တက်ဖို့ကရော ဘယ်လိုစီစဉ်ထားလဲ။
ဖြေ။ ဟန်သီ့ပညာရေးအတွက် စင်္ကာပူမှာ တနှစ်၊ အင်္ဂလန်မှာသုံးနှစ်တက်ဖြစ်မှာပါရှင့်၊ အနုပညာနဲ့ပတ်သက်တဲ့ Media and Art ဘာသာရပ်ကိုတက်မှာပါရှင့်။
မေး။ ဟန်သီ့ရဲ့စိတ်ထားကိုရော ဘယ်လိုထားထားပါသလဲ။
ဖြေ။ ဟန်သီစိတ်ထားကတော့ အမြဲတမ်း Positive Thinking ပဲတွေးပါတယ်ရှင့်၊ ဟန်သီ့ကို သူများတွေမကောင်းမြင်ရင်တောင် အော်..သူဒီလိုထင်နေတာပါလားဆိုတဲ့ နားလည်တဲ့စိတ်ပဲထားပါတယ်၊ ဟန်သီဘာစိတ်မှမထားပါဘူးရှင့်။
မေး။ ဟန်သီဘ၀ကိုရော ဘယ်လိုပုံစံမျိုးဖြတ်သန်းချင်ပါသလဲ။
ဖြေ။ ဟန်သီကတော့ ဘ၀ကိုအမြဲတမ်းပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ကိုယ်စိတ်ချမ်းသာသလို ဖြတ်သန်းနေထိုင်မှာပါ၊ ဟန်သီကိုယ်စိတ်ချမ်းသာအောင်မိသားစုနဲ့ဘ၀ကို ပျော်ပျော်ပဲဖြတ်သန်းချင်ပါတယ်၊ ဟန်သီစိတ်ပျော်ရွှင်ဖို့ပဲ ဦးစားပေးပြီး ဘ၀ကိုဖြတ်သန်းနေထိုင်မှာပါ။
မေး။ အားပေးခဲ့တဲ့ပရိသတ်တွေကိုရော ဘာဟြေချင်ပါသေးလဲ ။
ဖြေ။ ဟန်သီ့ကိုအားပေးခဲ့တဲ့ပရိသတ်တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်၊ ဆက်လက်ပြီးတော့လည်း ဟန်သီ့ကိုအားပေးကြပါလို့ ဟန်သီတောင်းဆိုချင်ပါတယ်ရှင်။
0 comments :
Post a Comment