Miss World 2014 မှာ တောင်အာဖရိက အလှမယ် သရဖူဆွတ်ခူး

Monday, December 15, 2014


မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၂ဝ ကျော်က အလှမယ်တွေ ၀င်ရောက်ယှဉ်ပြိုင်တဲ့ Miss World 2014 အလှမယ် ပြိုင်ပွဲကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က နောက်ဆုံးအဆင့် ကျင်းပခဲ့တာ မှာ အခုနှစ်အတွက် Miss World 2014 သရဖူဆုကိုတော့ တောင်အာဖရိက နိုင်ငံက အလှမယ် ဆွတ်ခူး ရရှိသွားပါတယ်။  



ဓာတ်ပုံများ- Miss World Website

1st Runner Up အလှမယ်ဆုကိုတော့ ဟန်ဂေရီနိုင်ငံက အလှမယ်က ရရှိပြီး 2nd Runner Up ဆုကိုတော့ အမေရိကန် ပြည်ထောင်စုက အလှမယ်တို့က ရရှိပါတယ်။ 

Top 5 စာရင်းမှာ တောင်အာဖရိက၊ ဟန်ဂေရီ၊ အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ အင်္ဂလန်တို့က အလှမယ်တွေကို ရွေးချယ်ခဲ့ကြပါတယ်။ 

Top 10 မှာတော့ အိန္ဒိယ၊ တောင်အာဖရိက၊ အင်္ဂလန်၊ ဂူယားနာ၊ ဘရာဇီး၊ ဟန်ဂေရီ၊ ကင်ညာ၊ အမေရိကန်ပြည်ထောင်စု၊ မက္ကဆီကို၊ သြစတြေးလျ တို့က အလှမယ်တွေ ရွေးချယ်ခံခဲ့ရပြီး မစ္စ Talent ဆုကိုတော့ မလေးရှားနိုင်ငံက အလှမယ်က ရရှိသွားတာပါ။

 People Choice ဆုကိုတော့ ထိုင်းအလှမယ်က ရရှိပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ဝိုင်လေးကတော့ ပြိုင်ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပေမယ့် ဆုတွေနဲ့ လွဲခဲ့ရပါတယ်။ 



၁၉၅၁ ခုနှစ်က စတင်ပြီး ကမ္ဘာတ၀ှမ်းက အလှမယ်တွေကို Miss World အဖြစ် နှစ်စဉ် ရွေးချယ်ခဲ့တာမှာ အခုဆိုရင် ၆၄ ကြိမ်မြောက် ပြိုင်ပွဲလည်း ဖြစ်ပြီး တချိန်က Miss World သရဖူဆုရှင်အလှမယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။ 


အိမ့်သံစဉ် ~



















Miss World 2014 - London ရဲ့ နောက်ဆုံး ပြိုင်ပွဲ ရုပ်သံမြင်ကွင်းစုံကို မကြည့်လိုက်ရသူတွေ အတွက် ဧရာဝတီဘလော့ဂ်က ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။


 






 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved