အရှေ့တောင်အာရှပြိုင်ပွဲမှာ ဆုတွေရနေတဲ့ မြန်မာသေနတ်ပစ်အဖွဲ့

Friday, December 12, 2014




 ဒီဇင်ဘာ ၈ ရက်ကနေ ၁၇ ရက်နေ့အထိ စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှသေနတ်ပစ်ပြိုင်ပွဲမှာ မြန်မာသေနတ်ပစ်အားကစားအဖွဲ့မှ အားကစားသမားများ ဆုတွေ အသီးသီးရရှိနေကြပါတယ်။

၅၀ မီတာ ၀မ်းလျားမှောက်ပြိုင်ပွဲမှာ လင်းအောင်၊ ဝေယံမင်းသူ၊ ကောင်းထိုက် တို့က အသင်းလိုက် ရွှေတံဆိပ်၊ ကောင်းထိုက်မှ တဦးချင်း ကြေးတံဆိပ်နှင့် ၁၀ မီတာ
လေပစ္စတိုပြိုင်ပွဲမှာ ရဲထွန်းနောင်၊ အားချန်၊ မျိုးသန့်ကျော်တို့က အသင်းလိုက် ကြေးတံဆိပ်၊ ရဲထွန်းနောင်မှ တဦးချင်း ငွေတံဆိပ် အသီးသီးရရှိနေကြတာပါ။

ပြိုင်ပွဲအမျိုးအစား ၅ မျိုးမှာ မြန်မာ့သေနတ်ပစ်အားကစားအဖွဲ့မှ အားကစားသမား ၁၃ ဦးက ၀င်ရောက် ယှဉ်ပြိုင်နေကြတာပါ။

ဆုတွေကို မြန်မာနိုင်ငံ သေနတ်ပစ်အားကစားအဖွဲ့ချုပ် ဥက္ကဌကိုယ်တိုင် တက်ရောက်ချီးမြှင့်ပေးခဲ့ကာ ပြိုင်ပွဲတွေကိုလည်း ဆက်လက်ယှဉ်ပြိုင်နေကြောင်း သိရပါတယ်။

အရှေ့တောင်အာရှသေနတ်ပစ်ပြိုင်ပွဲဟာ ၃၈ ကြိမ်မြောက် ကျင်းပခြင်းပါ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved